ရန်ကုန်တိုင်းမှာ ၁၄ ရက်အတွင်း ကိုဗစ်ပိုးမတွေ့ရင် Stay at Home ဖြေလျော့မယ့်

ဒီဇင်ဘာ ၂၇-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်/ ကျေးရွာတွေမှာ ၁၄ ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု မရှိဘူးဆိုရင် Stay at Home ကို ဖြေလျော့ပေးသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒု-ညွှန်ချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

” ကျွန်တော်တို့ကတော့ Stay Home ရန်ကုန်တိုင်းက ၄၅ မြို့နယ်ရှိတာ ၄၄ မြို့နယ်က Stay at Home မြို့နယ်တွေရှိတယ်။ ကျွန်တော်တို့ စဉ်းစားနေတာရှိပါတယ်။ ၁၄ ရက်အတွင်း ပိုးမတွေ့ရှိတဲ့ ရပ်ကွက်တွေ ကျေးရွာတွေ Stay at Home အဖြစ်ကနေ ဖြေလျော့ပေးမယ်။ ဖြေလျော့ပေးလိုက်ရင် အလုပ်တွေလည်း ပြန်လည်လုပ်ကိုင်နိုင်မယ်လေ။ ရန်ကုန်တောင်ပိုင်းခရိုင်မှာ ကျေးလက်ဒေသတွေများတယ်။ ကျေးရွာအုပ်စုမှာ တစ်ရွာဖြစ်လိုက်လို့ တစ်အုပ်စုလုံး လော့ခ်ဒေါင်းလုပ်ရတယ်ဆိုတာ ဒီခြေအနေကလည်း မဖြစ်သင့်ဘူးလေ။ ဒါတွေကြောင့် ၁၄ ရက်အတွင်းမှာ ပိုးမတွေ့ရှိတဲ့ မြို့နယ်တွေကို ဖြေလျော့ဖို့သင့်ပါတယ်လို့ ရပ်ကွက်ကျေးရွာပေါင်း ၃၂၅ ခု ဗဟိုကို တင်ပြထားပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

ရန်ကုန်တိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် ၊ တွံတေးမြို့နယ် နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လိုအပ်နေတဲ့အတွက် Stay at Home ဆက်လက်ထားရှိမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၈၁၃၅၉ ဦးထိရှိနေပြီး လက်ရှိ ရန်ကုန်မြို့မှာ ပိုးတွေ့ရှိသူ နည်းပါးလာတဲ့အတွက် ဆေးရုံပါဝင်ခြင်းမရှိဘဲ ကွာရန်တင်းစင်တာတွေကို ဖြေလျော့သွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #SyayHome #ဖြေလျော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW