ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်ဆုံးကပ်ရောဂါမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲသတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကပ်ရောဂါမဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှုနဲ့ တောရိုင်းတိရိစ္ဆာန်တွေအရေး ကိုင်တွယ်ဖြေရှင်းမှုမပြုနိုင်ဘူးဆိုရင် လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့ အားထုတ်မှုတွေဟာ ပျက်စီးလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့က သတိပေးပြောဆိုလိုက်ပါတယ်။

နောက်ထပ်ကူးစက်တတ်တဲ့ ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်တာမျိုးမလုပ်ဘဲ ဖြစ်လာမှ ငွေကုန်ခံကုသဖို့လုပ်တာနဲ့ အန္တရာယ်များတဲ့ ရေတိုလုပ်ဆောင်လုပ်ဆောင်မှုတွေကိုလည်း သူကပြစ်တင်ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါမှတစ်ဆင့် သင်ခန်းစာတွေရယူရမယ့် အချိန်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ကမ္ဘာကြီးဟာ အထိတ်တလန့်နဲ့ လျှစ်လျူရှုထားခံရတဲ့ သံသရာကြောမှာ အချိန်အတော်ကြာ ဖြတ်သန်း လည်ပတ်နေခဲ့ရတယ်လို့ တက်ဒရို့ကပြောပါတယ်။

ကူးစက်ရောဂါတစ်ခုခုဖြစ်ပွားရင် မိမိတို့ဟာ ငွေကြေးပုံအောအသုံးပြုကာ ပြီးသွားရင် အဲဒီကိစ္စကိုမေ့သွားကြပြီး နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာမှာကို ကာကွယ်မှုမပြုလုပ်ကြတာဟာ အန္တရယ်များတဲ့ တွေးခေါ်မှုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ထောက်ပြပြောဆိုပါတယ်။

Ref: CNA
Photo: AFP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW