Pen Myanmar ရဲ့ လွတ်လပ်စွာ‌ရေးသားထုတ်‌ဖော်ပြောဆိုခွင့်ဆုကို Myanmar Nowရရှိ

ဒီဇင်ဘာ၂၇-၂၀၂၀
ကောင်းလက်ျာ(VOM)

Pen Myanmar က ချီးမြှင့်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆုကို ပြည်တွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now အဖွဲ့က ရရှိခဲ့တယ်လို့ ဒီကနေ့ နေ့လယ် အွန်လိုင်းကနေပြုလုပ်တဲ့ ဆုပေးပွဲမှာ Pen Myanmarအဖွဲ့ကကြေညာခဲ့တာဖြစ်ပါတယ်။

” ပထမအကြိမ်က ဒု-ရဲမှူးဟောင်း ကိုမိုးရန်နိုင် ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ်မှာ ကချင်က ဆိုင်းလုပန်နဲ့ပေါလ်လုစ်တို့ဆွတ်ခူးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးလုံး တစ်ညီတစ်ညွတ်တည်းနဲ့ရွေးချယ်ခဲ့တယ်လို့ဆိုပေမယ့် အဖွဲ့ဝင်အားလုံးရွေးချယ်တာလို့ပဲဆိုရမှာပါ”လို့ Pen Myanmarအဖွဲ့မှ ဒါရိုက်တာ ဦးစောဝေက ပြော
ပါတယ်။

လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်အတွက် လုပ်ဆောင်နေတဲ့ Pen Myanmar အဖွဲ့ဟာ သက်တမ်းကာလ ၈ နှစ်နီးပါးရှိလာချိန် အခုလို ဆုတံဆိပ်ချီးမြှင့်ခဲ့တာ ၃ ကြိမ်မြောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

” မီဒီယာ‌တွေရဲ့အခန်းကဏ္ဍလည်း အားတက်စေပါတယ်။ သက်တမ်း ၅နှစ်ကျော်လာချိန် အမျှတဆုံး အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တာပါ”လို့ Myanmar Now မှ အယ်ဒီတာ ကိုအောင်ရှင်ကပြောပါတယ်။

ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ပွဲမှာ Pen Myanmarအဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာရှင်းလင်းခြင်းနဲ့ လစ်လပ်နေတဲ့ ဘုတ်စ်ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကိုလည်း မဲစနစ်နဲ့ရွေးချယ်ပေးခဲ့ပြီး မီဒီယာတွေရဲ့မေးမြန်းချက်တွေကိုဖြေကြားခြင်းနဲ့ မြန်မာနောင်း သတင်းဌာနကို ဆုပေးရွေးချယ်ရတယ့်အကြောင်းတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #PenMyanmar #လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆု #MyanmarNowရ

Related posts

Leave a Comment

VOM News

FREE
VIEW