UEC အသစ်ပြန်ဖွဲ့ပေးဖို့ တစ်ကိုယ်တော်ဆန္ဒပြ

ဒီဇင်ဘာ ၂၇-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊(၂၈)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးရေးအတွက် ဒီကနေ့မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

“အခုလို ဆန္ဒဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ မဲမသမာမှုတွေ တရားမဲ့ပြုကျင့်မှုတွေကို နောင်အနာဂတ်မှာ ထပ်မံမဖြစ်စေဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ မတရားမှုတွေ မဲမသမာမှုတွေကို တရားမဲ့ပြုကျင့်မှုမှန်သမျှ ဆန့်ကျင်ကြဆိုတဲ့စကားအတိုင်း ပွင့်လင်းမြင်သာမှုအားနည်း တာဝန်ယူမှု တာဝန်ခံမှုအားနည်းတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှု၊မဲသမာမှုတွေကို အခုချိန်ထိ မဖြေရှင်းနိူင်တဲ့အတွက် လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးစေလိုတယ်”လို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးဇင်မင်းထွန်းက ပြောပါတယ်။

တစ်ကိုယ်ဆန္ဒဖော်ထုတ်သူ ဦးဇင်မင်းထွန်းနဲ့ လာရောက်ဝန်းရံသူတွေက “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ မဲလိမ်မဲခိုး UEC အလိုမရှိ”စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရာမှာ မြောက်ဒဂုံမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ထောက်ခံသူအင်အားတစ်ရာခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။

အခုလိုဆန္ဒပြဖို့အတွက် ဦဇင်မင်းထွန်းဆိုသူဟာ ဒီဇင်ဘာ ၂၅ရက်နေ့က ငြိမ်းစုစီလာရောက်လျှောက်ထားတဲ့အတွက် ခွင့်ပြုခဲ့တာဖြစ်တယ်လို့ မြောက်ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျေနပ်မှုမရှိလို့ အမျိုးသားရေးလှုပ်ရှားသူတွေ ၊ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ မြို့နယ်အနှံ့အပြားမှာ ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးခံရသူတွေနဲ့ တရားရင်ဆိုင်နေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UECပြန်ဖွဲ့ဖို့ #တကိုယ်တော်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW