ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၀
ကိုတိုးကြီး(VOM)

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲက လက်ထောက်ဆရာဝန် တစ်ဦးရဲ့ နေအိမ် အိပ်ခန်းထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၁ နာရီက မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ မြို့ခံလူငယ် ၃ ယောက်ကိုပါ တွေ့ရှိရတယ်လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

ရေးမြို့မရဲစခန်းမှူး ဒု-ရဲမှူး ဝင်းမြင့် က ” ပြည်သူ့ဆေးရုံးကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ၊ ဆရာဝန် အပါအဝင် လူငယ် ၄ ယောက်နဲ့ မူးယစ် စိတ်ကြွဆေးပြား ၃၃ ပြား ရှာဖွေသိမ်းဆည်းမိတာဖြစ်တယ်”လို့ ပြောပါတယ်။

လက်ထောက်ဆရာဝန်ရဲ့ နေအိမ်အခန်းအတွင်း ဂျပ်စက္ကူပုံးထဲကနေ WY စာတမ်းပါ ပန်းရောင် ရူးသွပ်စိတ်ကြွဆေးပြား ၂၇ ပြား ၊ R စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၆ ပြား စုစုပေါင်း ၃၃ ပြားတို့ကို ဖမ်းဆီးရေးအဖွဲ့က တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လက်ထောက်ဆရာဝန် ၁ ဦးအပါအဝင် အမျိုးသား ၄ဦးကို ရေးမြို့မရဲစခန်းက မူးယစ် (ပ)၆၇/၂၀၂၀၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ-၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Photo – ရေးမြို့မရဲစခန်း
#voiceofmyanmar #VOM #ရေး #လက်ထောက်ဆရာဝန် #မူးယစ်ဆေးတွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW