ဦးပိန်တံတားနားမှာ လည်ပတ်စရာနေရာ တစ်ခုတိုးလာတော့မယ့် စက္ကူပန်းနန်းတော်

မန္တလေး၊ ဒီဇင်ဘာ- ၃၀- ၂၀၂၀
ရှိုင်းအောင်(VOM)
အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ ဖန်တီးထားတဲ့ စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာမို့ လမ်းညွန်ပါရစေ။
အဲဒီနေရာမှာ စက္ကူပန်း မျိုးစိတ် ၇၀ ကျော်၊ အရောင် ၃၀ ကျော် နဲ့ ပန်းပင်ပေါင်း ၁ သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားတာကို တွေ့ရပါတယ်။
“စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း အဲ့ဒီခံစားချက်ကို ရရှိအောင် အဲ့ဒီရည်ရွယ်ချက်နဲ့ ဒီပန်းခြံကို လုပ်တာပါ” လို့ စက္ကူပန်းနန်းတော် ပန်းခြံ မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောပါတယ်။
ဒီစက္ကူပန်းနန်းတော်ကို ၂၀၂၀ သင်္ကြန်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမယ့် မတ်လအကုန်ပိုင်းလောက်မှာ ကိုဗစ်ရောဂါစတင်ဝင်ရောက်လာတဲ့အတွက် အသွားအလာတွေကန့်သတ်ထားတာကြောင့် မဖွင့်လှစ်ရသေးတာ ဖြစ်ပေမယ့် ကိုဗစ်ကာလအပြီးမှာ အသွားအလာနဲ့ အနားယူတဲ့ နေရာတွေကို လည်ပတ်ခွင့်ပြုပြီဆိုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်သွားမယ်လို့ ဦးစိုးဝင်းအောင်က ပြောပါတယ်။
မိတ်ဆွေတို့ သွားမယ်ဆိုရင် စက္ကူပန်းနန်းတော်ကနေ ဦးပိန်တံတားအလှ၊ စစ်ကိုင်းတောင် အလှ နဲ့ တောင်သမန်ရဲ့ အလှတွေ ၊ ပတ်ဝန်းကျင်က စေတီပုထိုးတွေနဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW