တရုတ်နိုင်ငံထုတ် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး အတည်ပြုပြီ

ပေကျင်း၊ ဒီဇင်ဘာ ၃၁-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ အစိုးရကကျောထောက်နောက်ခံပြုထားတဲ့ ပြည်တွင်းဆေးကုမ္ပဏီဖြစ်တဲ့ Sinopharm ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူအသုံးပြုနိုင်ဖို့အတွက် ပထမဆုံးကာကွယ်ဆေးအဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ပြန်မှုမရှိသေးပေမယ့် အဲ့ဒီကာကွယ်ဆေးဟာ ကြားဖြတ်အစီရင်ခံစာရဲ့ အချက်အလက်တွေအရ ၇၉ ဒသမ ၃၄ ရာခိုင်နှုန်း ထိရောက်မှုရှှိတယ်လို့ Beijing Biological Products Institute က ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူတွေအတွက် ယူအေအီးနိုင်ငံက ပထမဆုံးဖြန့်ဝေတဲ့နိုင်ငံဖြစ်လာပြီး ပါကစ္စတန်ကလည်း ကာကွယ်ဆေး ၁ ဒသမ ၂ သန်းဝယ်ယူဖို့ သဘောတူညီလိုက်ပြီးနောက် အဲဒီဆေးအပေါ် အတည်ပြုချက်ကို တရုတ်နိုင်ငံ National Medical Products Administration ကြေညာလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေလိုမျိုး ကာကွယ်ဆေးအတည်ပြုရာမှာ ခြေလှမ်းနေပေမယ့် စမ်းသပ်မှုအကြီးစားလုပ်နေတဲ့ ကာကွယ်ဆေး ၃ မျိုးကို လအတန်ကြာကတည်းက နိုင်ငံသားအချို့မှာ စမ်းသပ်ထိုးနှံခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ Sinovac, CNBG units, CanSino Biologics နဲ့ the Chinese Academy of Sciences တို့ကထုတ်လုပ်ထားပြီး အကြီးစားစမ်းသပ်မှုပြုနေတဲ့ ကာကွယ်ဆေးငါးမျိုးထက်မနည်းရှိနေသလို အနောက်အုပ်စု ကာကွယ်ဆေးကုမ္ပဏီနဲ့အပြိုင် ပြည်တွင်းဖြစ် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အားထုတ်နေပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW