ပရဟိတဆရာမကို အဓမ္မကျင့်တယ်ဆိုပြီး စွပ်စွဲစစ်ဆေးခံရတဲ့ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာကို သင်္ဃန်းဝတ်နဲ့ အမှုရင်ဆိုင်ဖို့ မြို့နယ်သံဃမဟာနာယက ဆုံးဖြတ်

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀ ကိုထွန်း(VOM)   နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရပ်ကွက်က အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာဟာ သူ့ကျောင်းမှာ ဂျပန်ဘာသာသင်ကြားပေးနေတဲ့ ဆရာမကို သားမယားအဖြစ်ပြုကျင့်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း VOM က သတင်းတင်ဆက်ခဲ့ပါတယ်။   ဒီကိစ္စအတွက် မြို့နယ်သံဃမဟာနာယကအဖွဲ့က စစ်ဆေးနေစဉ်မှာ ကနဦးသတင်းအရ လူဝတ်လဲစစ်ဆေးခံရမယ်လို့  ဆုံးဖြတ်ချက်ကို VOM က သိရှိရလို့ လူဝတ်လဲဖမ်းဆီးခံရလို့  သတင်းတင်ခဲ့တာဖြစ်ပါတယ်။ ခုနောက်ဆုံး ဆရာတော်နဲ့အနီးစပ်ဆုံးသူတွေက ဆရာတော်သင်္ဃန်းဝတ်မလဲရသေးကြောင်း VOM တင်တဲ့သတင်းဟာ လွဲနေကြောင်း ဆက်သွယ်လာခဲ့ပါတယ်။   ကာယကံရှင်တွေဘက်က ဒီကိစ္စဟာ လီဆယ်တိုင်ကြားခံရတာသာြဖစ်ကြောင်း ပြောဆိုပြီး သူတို့ အသံအသုံးပြုခွင့်မပေးတဲ့အတွက် စွပ်စွဲခံရသူဖက်က အသံကို ကျင့်ဝတ်အရ ဖေါ်ပြနိုင်ခြင်းမရှိတာသာဖြစ်ပါတယ်။   VOMရဲ့ ကနဦးဖေါ်ပြတဲ့သတင်းမှာ စွပ်စွဲခံရတဲ့ဆရာတော်ကို သင်္ဃန်းချွတ်ပြီး ဖမ်းဆီးစစ်ဆေးနေပြီလို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို သတင်းရယူတာမှာ…

Read More

အောင်ဘာလေ သိန်းတစ်သောင်းခွဲဆု ပထမဆုံးပေါက်တဲ့ ပရဟိတဆရာတော် သူ့ကျောင်းကဆရာမကို သားမယားပြုကျင့်မှုနဲ့ လူဝတ်လဲဖမ်းဆီးခံရ

အောင်ဘာလေ သိန်းတစ်သောင်းခွဲဆု ပထမဆုံးပေါက်တဲ့ ပရဟိတဆရာတော် သူ့ကျောင်းကဆရာမကို သားမယားပြုကျင့်မှုနဲ့ လူဝတ်လဲဖမ်းဆီးခံရ

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀ ကိုထွန်း(VOM)   နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရပ်ကွက်က အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာဟာ သူ့ကျောင်းမှာ ဂျပန်ဘာသာသင်ကြားပေးနေတဲ့ ဆရာမကို သားမယားအဖြစ်ပြုကျင့်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။   ဆရာတော် ဦးစန္ဒိမာဟာ ဂျပန်ဘာသာသင်ဆရာမကို ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၃ရက်က တကြိမ်၊ အောက်တိုဘာ ၉ရက်နေ့က တကြိမ် တောင်နီလေးကျောင်းတိုက်၊ အေးမတ္တာစံပရဟိတကျောင်းအတွင်းမှာ သားမယားပြုကျင့်ခဲ့ပြီး တမိသားစုလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် တိုင်ကြားနိုင်ခြင်းမရှိဘဲ ဒီကနေ့ ဒီဇင်ဘာ ၃၁ ညနေ ၂နာရီကျော်မှ ထုံးဖိုရဲစခန်းကို လာရောက်တိုင်ကြားတာဖြစ်ပါတယ်။   ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် အထက်တန်းရှေ့နေ ဦးယုယချစ်က အမှုလာဖွင့်တဲ့ ကိစ္စကို ထုံးဖိုရဲစခန်းရှေ့မှာ ခုလိုပြောပြပါတယ်။ “တရားလိုက သူအခမဲ့ ဂျပန်စာသင်ပေးတဲ့ တောင်နီလေးကျောင်းက ကျောင်းထိုင်ကနေပြီးတော့ သူ့ကို သားမယားအဖြစ်ပြုကျင့်တယ်။ ပထမတကြိမ်မှာတော့…

Read More

သမီးအရင်းကို ဖခင်ဖြစ်သူက အလိုမတူဘဲ အဓမ္မ အကြိမ်ကြိမ်ပြုကျင့်

ဒီဇင်ဘာ ၃၁-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကြာခံကျေးရွာအုပ်စု၊ကွမ်းခြံကုန်းကြီးကျေးရွာမှာ အတူနေ ဖခင်အရင်းက သမီးအရင်းဖြစ်သူကို အလိုမတူဘဲ ကြက်သွန်လှီးဓားနဲ့ ခြိမ်းခြောက်ကာ အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့အတွက် အစ်မဖြစ်သူက အမှုဖွင့်ထားတယ်လို့ ရေကြည်မြို့မရဲစခန်းကနေ သိရပါတယ်။ ”ဟုတ်ပါတယ် အဖေအရင်းဖြစ်ပါတယ်။ ကောင်မလေးကတော့ အသက်တော့ပြည့်ပါပြီ။ ကောင်မလေးကယောက်ျားနဲ့ကွဲနေတာဖြစ်ပါတယ်။ အမေကတော့ရှိတယ်၊ ဒါပေမယ့် အမေက ရန်ကုန်မှာအလုပ်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီတော့ အိမ်မှာက သူ့အဖေရယ် ကောင်မလေးရယ် ကောင်မလေးကနေ မွေးထားတဲ့ ၂နှစ်ကျော် ကလေးလေးရယ် ၃ယောက်အတူနေကြတာဖြစ်ပါတယ်။ နေရင်းနဲ့ ဖခင်ဖြစ်သူကနေပြုကျင့်တာဖြစ်ပါတယ်။ ကောင်မလေးက သူများတွေကိုပြောရင် သတ်ပစ်မယ်ဆိုလို့ မပြောတာလို့ပြောပါတယ်။ ဒီကနေ့တော့ အမှုလာဖွင့်သွားပါတယ်”လို့ရေကြည်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဌေးခိုင်ကပြောပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်မြင့်ဟာ ကြက်သွန်လှီးဓားပြပြီး ခြိမ်းခြောက်ပြောဆိုကာ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁၅ ကြိမ်ရှိတယ်လို့ ညီမဖြစ်သူက ပြောပြပြီး အစ်မဖြစ်သူက ဥပဒေကြောင်းအရ အရေးယူပေးဖို့ မနေ့ ဒီဇင်ဘာ…

Read More

မြန်မာနိုင်ငံက ပထမဆုံး ကိုဗစ်ကုသဆေးမှာ ဘေးထွက်ဆိုးကျိုးနဲ့ တားမြစ်ချက်တွေရှိနိုင်

ဒီဇင်ဘာ ၃၁-၂၀၂၀ သိင်္ဂီထွန်း(VOM) AA Medical Product ကနေ ကိုဗစ်ကုသဆေးဆိုပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ FAVIPAC (Favipiravir 200mg) သောက်ဆေးဟာ ဘေးထွက်ဆိုးကျိုး(Side effect)ရှိတာကြောင့် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ သောက်သုံးရမယ့်ဆေးတစ်မျိုးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကအတည်ပြုပြောပါတယ်။ အဲ့ဒီကိုဗစ်ကုသဆေးဟာ ရောဂါလက္ခာအနည်းငယ်ပြတဲ့သူနဲ့ ရောဂါလက္ခဏာအသင့်တင့်ပြသူတွေမှာသာ အသုံးပြုနိုင်တယ်လို့လည်း ပြောပါတယ်။ “ဒီဆေးက အလွတ်တန်းသုံးလို့မရဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့သုံးရတာ၊ side effect လည်းတော်တော်ရှိတယ်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ကျောင်ကပ်၊အသည်းမကောင်းသူ၊ ဂေါက်ရောဂါရှိသူတွေ၊အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးတွေ သတိထားပြီးသုံးစွဲဖို့ တားမြစ်ထားတယ်။ ကိုယ်ဝန်ဆောင်ဆို မသုံးရဘူးတားမြစ်ထားတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ နောက်ပြီး ဒီဆေးအာနိသင်မျိုးဟာ အခုမှ အသစ်ထွက်ပေါ်တာမဟုတ်ဘဲ အရင်က ဂျပန်နိုင်ငံကနေ အာနိသင်တူတဲ့ ဆေးတွေ လာရောက်လှူဒါန်းမှုရှိခဲ့ပြီး ကိုဗစ်ကုသရေးမှာလည်း အသုံးပြုမှုရှိခဲ့ပြီးသားဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ရှင်းပြပါတယ်။ FAVIPAC (Favipiravir 200mg) သောက်ဆေးဟာ…

Read More

နိုင်ငံတကာလေကြောင်းလိုင်းတွေ သတ်မှတ်ရက်အတိုင်း ပြေးဆွဲနိုင်ခြင်းမရှိ

ဒီဇင်ဘာ ၃၁-၂၀၂၀ သိင်္ဂီထွန်း(VOM) ကိုဗစ်ဆိုင်ရာ အမိန့်ညွှန့်ကြားချက်တွေကို အချိန်တစ်လ ထပ်တိုးလိုက်တာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ကြေညာထားတဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကပြောပါတယ်။ “အမိန့်ညွှန်ကြားချက်တွေ တစ်လထပ်တိုးတယ်။ ဒါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေပြေးဆွဲမယ့်အစီအစဉ်လည်း ရပ်ထားပါတယ်။ မနက်ဖြန်မှာ စတင်နိုင်ခြင်းမရှိသေးပါဘူး”လို့ ဦးမျိုးမင်းဦးကပြောပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့အပြင် ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုးအသစ်ကို အချို့အာရှနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေကို စတင်ကူးစက်နေကြောင်း တွေ့ရှိရတာဖြစ်ပါတယ်။ အဲ့ဒီလိုတွေ့ရတာကြောင့် မြန်မာနိုင်ငံအတွင်းကို နိုင်ငံတကာလေကြောင်း ခရီးသည်တွေကတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်ကနေ တားဆီးကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာလေကြောင်းတွေ မြန်မာနိုင်ငံဆင်းသက်မှု ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပြည်ပကို မဖြစ်မနေ ကျန်းမာရေးသွားရောက်ကုသမှုခံယူမယ့်သူနဲ့…

Read More

တရုတ်နိုင်ငံထုတ် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး အတည်ပြုပြီ

ပေကျင်း၊ ဒီဇင်ဘာ ၃၁-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ အစိုးရကကျောထောက်နောက်ခံပြုထားတဲ့ ပြည်တွင်းဆေးကုမ္ပဏီဖြစ်တဲ့ Sinopharm ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူအသုံးပြုနိုင်ဖို့အတွက် ပထမဆုံးကာကွယ်ဆေးအဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ပြန်မှုမရှိသေးပေမယ့် အဲ့ဒီကာကွယ်ဆေးဟာ ကြားဖြတ်အစီရင်ခံစာရဲ့ အချက်အလက်တွေအရ ၇၉ ဒသမ ၃၄ ရာခိုင်နှုန်း ထိရောက်မှုရှှိတယ်လို့ Beijing Biological Products Institute က ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူတွေအတွက် ယူအေအီးနိုင်ငံက ပထမဆုံးဖြန့်ဝေတဲ့နိုင်ငံဖြစ်လာပြီး ပါကစ္စတန်ကလည်း ကာကွယ်ဆေး ၁ ဒသမ ၂ သန်းဝယ်ယူဖို့ သဘောတူညီလိုက်ပြီးနောက် အဲဒီဆေးအပေါ် အတည်ပြုချက်ကို တရုတ်နိုင်ငံ National Medical Products Administration ကြေညာလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ…

Read More

ယီမင်အစိုးရအဖွဲ့ကို လေဆိပ်မှာ ဗုံးခွဲလုပ်ကြံ၊ ၂၂ ဦးသေဆုံး ၅၀ ကျော်ဒဏ်ရာရ

အေဒင်၊ ဒီဇင်ဘာ ၃၁-၂၀၂၀ မျိုးဆက် (VOM) ယီမင်နိုင်ငံတောင်ပိုင်း၊ အေဒင်မြို့လေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးသွားပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့လိုက်ပါလာတဲ့ အိမ်နီးချင်းဆော်ဒီအာရေဗျနိုင်ငံမှ လေယာဉ်ဆိုက်ရောက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အကူအညီပေးရေးလုပ်သားတွေနဲ့ တာဝန်ရှိသူတွေပါဝင်ပါတယ်။ဒါပေမယ့် သူနဲ့ အစိုးရအဖွဲ့ဝင်တွေ ဘေးကင်းတယ်လို့ ယီမင်ဝန်ကြီးချုပ်ကပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ယီမင်သူပုန်တွေရဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ယီမင်ပြန်ကြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ယီမင်ရှိ ဟူသီသူပုန်တွေကို နှိမ်နှင်းဖို့နဲ့ သမ္မတ မန်ဆောဟာဒီရဲ့ အုပ်ချုပ်မှုကို ပြန်လည်ထူထောင်ဖို့အတွက် စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပဋိပက္ခ အရှိန်မြင့်လာခဲ့တာကြောင့် နိုင်ငံအတွင်း စစ်ဘေးသင့်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် လူ တစ်သိန်း တစ်သောင်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ ငတ်မွတ်ခေါင်းပါးမှုနဲ့အတူ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပေါ်နေကာ ကိုဗစ်-၁၉…

Read More

ပြည်ထောင်စုနယ်မြေက အနိပ်ခန်းဝင်ဖမ်းတာ လယ်/ဆည် အရာရှိတဦးပါမိ

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀ ကိုထွန်း(VOM)   ဒီဇင်ဘာ ၃၀ ည ၂နာရီဝန်းကျင်က ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၅၅-D)၊ သရဖီလမ်းနဲ့(၂၆)လမ်းထောင့်၊ အောင်သာယာရပ်ကွက်က မစန္ဒာ ရဲ့ နေအိမ်မှာရှိတဲ့ တရားမ၀င် အနှိပ်ခန်းကို သတင်းအရ ဝင်ဖမ်းတာမှာ နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒုဦးစီးတယောက်နဲ့ အနိပ်သမ ၅ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။   ပတ္တာနယ်မြေရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်လင်းထက်နဲ့အဖွဲ့က နယ်မြေခံ အုပ်ချုပ်ရေးမှူး ဦးဌေးမင်း၊ ရာအိမ်မှူးဦးအောင်မြင့်စိုး တို့နဲ့အတူ မစန္ဒာရဲ့အိမ်ကို ဝင်ဖမ်းတာမှာ မစန္ဒာနဲ့ အနိပ်သမ ၄ဦး၊ အနိပ်ခံနေတဲ့ဧည့်သည် ၂ဦးကို အနိပ်ခန်းနဲ့ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းပေးပို့တိုင်ကြားချက်မှာ တွေ့ရှိရပါတယ်။ ဖမ်းဆီးရာမှာ ပါတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ပြောပြတာက   “သတင်းရလို့ဝင်ဖမ်းတာပါ၊ သတင်းရတဲ့အတိုင်း တရားမဝင်ဖွင့်ထားတယ်။ ဒါကြောင့်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အမှုဖွင့်ထားပါတယ်” လို့…

Read More

ကိုဗစ်ပိုးတွေ့သူများလို့ ယာယီအချုပ်နဲ့ထားချိန် အချုပ်သား ၂ ဦး ထွက်ပြေး

ဒီဇင်ဘာ ၃၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပ‌ဲခူးတိုင်းအနောက်ခြမ်း၊ ဖြူးမြို့နယ်၊ ဖြူးမြို့မရဲစခန်းမှာ အခုလ၂၀ ရက်နေ့နဲ့၂၆ ရက်နေ့က Covid-19 ပိုးတွေ့သူ အချုပ်သားနဲ့ ရဲဝန်ထမ်း ၃၀ ကျော်ရှိခဲ့တာကြောင့် ပိုးမရှိတဲ့အချုပ်သားတွေကို ရဲတပ်ဖွဲ့ဓမ္မာရုံမှာ ယာယီအချုပ်ခန်းပြုလုပ်ထားချိန် တရားခံနှစ်ဦးအချုပ်ခန်းကိုဖောက်ထွင်းပြီး ဒီကနေ့ မနက်ပိုင်းက ထွက်ပြေးသွားတယ်လို့ ဖြူးမြို့မရဲစခန်းကနေ သိရပါတယ်။ ” ဒီကနေ့မနက် ၃ နာရီလောက်က အချုပ်ခန်းကိုစစ်ဆေးစဉ် အချုပ်သား နှစ်ဦး ထွက်ပြေးတာသိရတယ်။ အခုထိတော့ ထ‌ွက်ပြေးသွားသူတွေကို ပြန်မမိသေးပါဘူး”လို့ ဖြူးမြို့နယ်ရ‌ဲတပ်ဖွဲ့မှူး ရဲမှူး အောင်လွင်ငြိမ်းကပြောပါတယ်။ ယာယီအချုပ်ခန်းထဲမှာ တရားရင်ဆိုင်ဆဲအချုပ်သားတွေကို သီးခြားခွဲထုတ်ထားချိန် ညတာဝန်ကျ ရဲတပ်သားနှစ်ဦးက အရှေ့၊အနောက် လုံခြုံရေးဆောင်ရွက်နေတဲ့ကြားကနေ ထွက်ပြေးသွားခဲ့တာဖြစ်တယ် လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားနှစ်ဦးဟာ ဖြူးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၀ ၊၃၈၂(ခိုးမှု)တို့နဲ့ ဖမ်းဆီးထားပြီး တရားရင်ဆိုင်နေကြတဲ့ ဖိုးဖြူ ခေါ် စိုးလွင်(၂၈နှစ်)နဲ့ နေထက်လင်း(၁၉…

Read More

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းတွေ သိန်း ၃၀၀ ကျော်ဖိုး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၃၁-၂၀၂၀ ကိုတိုးကြီး(VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်- ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း ၊ အမျိုးသား ပြန်လည်သန်းစွမ်းရေး ဆေးရုံဝန်းထဲက ဗဟိုကာကွယ်ဆေးသိုလ်လှောင်ရေး အအေးခန်း(ရန်ကုန်)အတွင်းရှိ ရေခဲသေတ္တာတွေထဲက HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပုလင်းတွေ သိန်း ၃၀၀ကျော် ခိုးယူခံရပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပျောက်ဆုံးနေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကာကွယ်ဆေး အအေးခန်း ဦးစီးအရာရှိက ဘုရင့်နောင်နယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အမှုဖွင့်တိုင်တန်းတဲ့ တရားလို ဦးစီးအရာရှိဟာ သြဂုတ်လ ၁၉ ရက်နေ့စပြီး အဲ့ဒီဆေးတွေကို စနစ်တကျ ထည့်သွင်းသိမ်းဆည်းထားတာဖြစ်တယ်လို့ ရဲစခန်းကို တိုင်တန်းရာမှာ ဖော်ပြထားပါတယ်။ ” အဲ့ဒီလို စနစ်တကျ ထည့်သွင်းသိမ်းဆည်းထားတဲ့ ကာကွယ်ဆေးပုလင်းတွေထဲကနေ ၂၃.၁၁. ၂၀၂၀…

Read More
VOM News

FREE
VIEW