ပရဟိတဆရာမကို အဓမ္မကျင့်တယ်ဆိုပြီး စွပ်စွဲစစ်ဆေးခံရတဲ့ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာကို သင်္ဃန်းဝတ်နဲ့ အမှုရင်ဆိုင်ဖို့ မြို့နယ်သံဃမဟာနာယက ဆုံးဖြတ်

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀

ကိုထွန်း(VOM)

 

နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရပ်ကွက်က အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာဟာ သူ့ကျောင်းမှာ ဂျပန်ဘာသာသင်ကြားပေးနေတဲ့ ဆရာမကို သားမယားအဖြစ်ပြုကျင့်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း VOM က သတင်းတင်ဆက်ခဲ့ပါတယ်။

 

ဒီကိစ္စအတွက် မြို့နယ်သံဃမဟာနာယကအဖွဲ့က စစ်ဆေးနေစဉ်မှာ ကနဦးသတင်းအရ လူဝတ်လဲစစ်ဆေးခံရမယ်လို့  ဆုံးဖြတ်ချက်ကို VOM က သိရှိရလို့ လူဝတ်လဲဖမ်းဆီးခံရလို့  သတင်းတင်ခဲ့တာဖြစ်ပါတယ်။

ခုနောက်ဆုံး ဆရာတော်နဲ့အနီးစပ်ဆုံးသူတွေက ဆရာတော်သင်္ဃန်းဝတ်မလဲရသေးကြောင်း VOM တင်တဲ့သတင်းဟာ လွဲနေကြောင်း ဆက်သွယ်လာခဲ့ပါတယ်။

 

ကာယကံရှင်တွေဘက်က ဒီကိစ္စဟာ လီဆယ်တိုင်ကြားခံရတာသာြဖစ်ကြောင်း ပြောဆိုပြီး သူတို့ အသံအသုံးပြုခွင့်မပေးတဲ့အတွက် စွပ်စွဲခံရသူဖက်က အသံကို ကျင့်ဝတ်အရ ဖေါ်ပြနိုင်ခြင်းမရှိတာသာဖြစ်ပါတယ်။

 

VOMရဲ့ ကနဦးဖေါ်ပြတဲ့သတင်းမှာ စွပ်စွဲခံရတဲ့ဆရာတော်ကို သင်္ဃန်းချွတ်ပြီး ဖမ်းဆီးစစ်ဆေးနေပြီလို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို သတင်းရယူတာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးကကျောင်းတိုက်အတွင်း ဝင်ရောက်သတင်းယူခွင့်မပြုသလို စွပ်စွဲခံရသူနဲ့လည်း တိုက်ရိုက်ဆက်သွယ်လို့မရတာကြောင့် ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ပေးပို့တဲ့ အချက်လက်ကိုသာ မှီငြမ်းအသုံးပြုခဲ့ရတာဖြစ်ပြီး နောက်ဆုံးရရှိတဲ့သတင်းအရတော့ စွပ်စွဲခံရတဲ့ဆရာတော်ကို သင်္ဃန်းဝတ်နဲ့ အမှုဆက်လက်ရင်ဆိုင်စေဖို့ မြိုနယ်သံဃမဟာနာယကက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #တောင်နီလေးကျောင်းတိုက်ဆရာတော်ရဲ့သားမယားပြုကျင့်မှု #နေပြည်တော် #ပရဟိတကျောင်း

 

 

 

Related posts

✕
VOM News

FREE
VIEW