Music Zone မြေနေရာကို ၂၀၂၁ခုနှစ်မှာ အစိုးရပိုင်မြေအဖြစ် ပြန်သိမ်းမယ်

ဒီဇင်ဘာ ၂၄-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Music Zone မြေနေရာကို အစိုးရပိုင်မြေနေရာအဖြစ်နဲ့လာမယ့် ၂၀၂၁ခုနှစ်မှာ ပြန်လည်သိမ်းယူမယ်လို့သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ပြည်သူလွှတ်တော်မှာ Music Zone ကိစ္စဟာ တရားဥပဒေနဲ့အတူ ညီညွှတ်မူမရှိသလို လုပ်ထုံးလုပ်နည်းနဲ့လည်း ညီညွှတ်မူမရှိတာကို သိရပါတယ်။ ထိုမြေကို စပြီးငှားချိန်က ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို အသုံးပြုဖို့ငှားရမ်ထားပေမယ့် လက်ရှိမှာက အဲ့ဒီအသင်းကမရှိတော့ဘဲ ပါတီဖြစ်သွားခဲ့တယ်။ ဒါကြောင့် အရင်ကငှားချိန်က ပြည်သူ့လုပ်ငန်း ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ငှားရမ်းခဲ့ပေမယ့် စီးပွားရေးသမားတွေကို တဆင့်ပြီးတဆင့် ငှားရမ်းတာရောင်းချခဲ့တာတွေကြောင့် စည်းကမ်းနဲ့မညီညွှတ်တဲ့အတွက် ဒီမြေကို အစိုးရပိုင်အဖြစ်နဲ့ပြန်လည်ရယူဖို့အစီအစဉ်ရှိ၊မရှိကို မေးမြန်းခဲ့ပါတယ်၊ ကျွန်တော်ကိုပြန်ဖြေတာက မြေအသုံးပြုခွင့်ကို ရပ်ဆဲပြီး အစိုးရမြေအဖြစ်ပြန်လည်သတ်မှတ်ကာ မြေစီမံခန့်ခွဲမူလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြန်လည်ဖြေပါတယ် “လို့ ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ Music…

Read More

ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန်း ၂၀၀ လှူဒါန်း

ဒီဇင်ဘာ ၂၄ . ၂၀၂၀ ယဉ်ပပထွန်း ( VOM) ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် အလယ်ဘလောက်မှာရှိတဲ့ သျှရီ သျှရီ စန္ဒီဘုရားကျောင်းကို ဒီကနေ့ ညနေ ၃ နာရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်ပြီး ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်အတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းမူပြုလုပ်ခဲ့ပါတယ် ။ ” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော်အရာရှိတွေက ဟိန္ဒိူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို အလှူငွေတွေနဲ့အတူ ကိုဗစ်ကာကွယ်တဲ့ပစ္စည်တွေလာရောက်လှူဒါန်းတာပါ ။ ငွေကတော့ ဒီနှစ်မှာ သိန်း ၂၀၀ လှူတာပါ။ မနှစ်က စက်တင်ဘာ ၁၇ ရက်ကလည်း အလှူငွေ ၇၇ သိန်းနဲ့အစားအသောက်တွေလှူပါတယ်။ လှူဒါန်းထားတဲ့အလှူငွေတွေကိုလည်း ကျနော်တို့က ဟိန္ဒိူဘာသာရေးအဖွဲ့အစည်းတွေ ဘုရားကျောင်းတွေကိုပြန်ပြီးတော့ လှူဒါန်းပေးပါတယ်။ အခုလည်း ဆက်လက်ပြီး လှူဒါန်းသွားမှာပါ ။ ၂၀၂၀ မှာ အားလုံးအခက်အခဲဖြစ်နေတဲ့အချိန် လာလှူရတာဝမ်းသာပါတယ်တဲ့၊ ဘာသာတွေအားလုံးကိုလှူတာပါလို့တော့ ပြောခဲ့ပါတယ်”လို့မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ-၃…

Read More

တောင်ကြီးမြို့က စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်ထား

တောင်ကြီး၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ နေနန်းနွယ်(VOM) ကိုဗစ်ရောဂါကြောင့် ၈ လခန့်ပိတ်ထားရတဲ့ တောင်ကြီးမြို့ကစူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို တစ်နေ့ နှစ်ချိန် တစ်သုတ်ကို အယောက် ၃၀ တစ်လှည့်စီ ဝင်ရောက်ဖူးမျှော်နိုင်ဖို့ စီစဉ်ထားတယ်လို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးညိုလုံးက ပြောပါတယ်။ ဘုရားပြန်လည်ဖူးမျှော်ခွင့်ပြုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာနဲ့ ဘုရား‌ဝင်းတွင်းမှာရှိတဲ့ ‌စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးညိုလုံးကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားပါတယ်။ #VOM #voiceofmyanmar #TaungGyi #စူဠာမုနိလောကချမ်းသာ ဓါတ်ပုံ တောင်ကြီးသားများဆုံဆည်းရာ

Read More

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင် နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ ဦးထွန်း(VOM) တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။ “ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။ တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက်…

Read More

ဘုန်းကြီးမောင်းလာတဲ့ကားထဲက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦး ဖမ်းမိ

ဒီဇင်ဘာ ၂၄-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်မြို့မှာ ဘုန်းကြီးတစ်ပါးမောင်းနှင်လာတဲ့ ကားထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားမဲ့အထောက်အထားသူ ၁၃ ဦးထဲမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီ ၁၃ ဦးကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ဘုန်းကြီးကတော့ ထွက်ပြေးသွားတဲ့အတွက် လက်ရှိအချိန်မှာ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ “ဆွေးနွေးဘုရားလမ်းထောင့်မှာတွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတင်းပို့တယ်၊ ကျနော်တို့သွားကြည့်တော့ ယာဉ်မောင်းလာတာက ဘုန်းကြီး၊ ဘုန်းကြီးကတော့ ထွက်ပြေးသွားတယ်။ နောက်မှာအားလုံးက ၁၃ ဦး၊ အမျိုးသမီးက ၁၂ ဦး အမျိုးသားက ၁ ဦး၊ မေးတော့လည်း ဗမာလို ဘာညာပြန်မပြောဘူး။ လောလောဆယ်အကြမ်းဖျင်း ဒီလောက်ပဲသိရသေးတယ်”လို့ ပြည်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းကပြောပါတယ်။ လက်ရှိမှာတော့…

Read More

အီသီယိုပီးယားမှာ လက်နက်ကိုင်တွေက လူ ၁၀၀ ကျော်ကို သတ်ဖြတ်

အာဒစ်အာဘာဘာ၊ ဒီဇင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) အီသီယိုးပီးယားနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးသွားတယ်လို့ အီသီယိုပီးယား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ ကျော်ကိုဆေးရုံတင်ပို့ထားပြီး သူတို့ထဲကအချို့ဟာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ ဒေသခံဆေးခန်းမှ သူနာပြုတစ်ဦးကပြောပါတယ်။ သေဆုံးသူအချို့ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး အချို့ကတော့ ဓါးထိုးခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ဘန်နစ်ရှင်ဂူ-ဂူမုဇ်ဒေသမှာ ဒီဇင်ဘာ ၂၃ ရက်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ အဲ့ဒီဒေသကို ဝန်ကြီးချုပ် အာဘီယာအာမက် သွားရောက်ပြီးနောက်တစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတဲ့ ဘီကိုဂျီကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ အီသီယိုပီးယား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လက်နက်ကိုင်တွေဟာ လူ ၁၀၀ ကျော်ကို မီးရှို့တာတွေ၊ သေနတ်နဲ့ပစ်ပြီး သတ်ခဲ့တာလို့ ကော်မရှင်ကဆိုပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ပြည်နယ်အစိုးရ…

Read More

မြေကမ္ဘာသာယာမှ လူတွေကျန်းမာမယ်

ဆွေလင်းထွန်း(VOM)   ၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါဟာ ကမ္ဘာအနှံ့ကိုကူးစက်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကပ်ရောဂါဖြစ်လာပြီလို့ မတ်လထဲမှာ ကြေညာခဲ့ရပါတယ်။     ကိုဗစ်ရောဂါမဖြစ်ခင်ကတည်းက ကမ္ဘာကြီးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် နာမကျန်းဖြစ်နေရတဲ့ထဲ တခါသုံး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေနဲ့ ပိုးကာဝတ်စုံ စတဲ့ စွန့်ပစ်ပစ္စည်းတွေက ဘူးလေးရာဖရုံဆင့်ဆိုသလိုဖြစ်လို့ ကမ္ဘာမြေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပါတယ်။   အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့ဖြစ်တဲ့ Ocean Conservancy အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ကသုတေသနတွေအရ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ တနှစ်ကိုပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း တသန်းခန့် ပင်လယ်တွေထဲကို တရားမဝင် စွန့်ပစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ပင်လယ်ထဲကို နှစ်စဉ်ရောက်ရှိနေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့၆၀ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။   ကိုဗစ် ၁၉…

Read More

မြစ်ကြီးနားမြို့ USDP ရုံးရှေ့မှာ UEC ကို ဆန္ဒပြ

ဒီဇင်ဘာ ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီက ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ကန့်ကွက်ဆန္ဒပြရာမှာပါတဲ့ ဦးဇော်ဝမ်းက ” ကျနော်တို့ကတော့ ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲကော်မရှင် မသမာမှုတွေလုပ်တဲ့အခါကျတော့ မဲစာရင်းတွေမရလို့ မဲစာရင်းတွေတိတိကျကျရဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ အထောက်အထား အစုံရှိပါတယ်”လို့ ပြောပါတယ်။ ဒီကနေ့ ဆန္ဒပြသူတွေဟာ USDPပါတီကို ဝန်းရံသူတွေဖြစ်ပြီး လူဦးရေး စုစုပေါင်း ၂၀ ကျော်ပါဝင်ခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဟောင်းဂျုန်းရဲ့ပြောပြချက်အရ သိရပါတယ်။ ” ရွေးကောက်ပွဲမတိုင်ခင်က ပါတီတွေက တွေ့ဆုံဖို့တောင်းဆိုတာကို လစ်လှူရှုခဲ့တာ ၊ ရက်ပေါင်း ၉၀ ၊ ၆၀ လျှော့ချပြီး မဲပေးခွင့်ပြုတာတွေ မေးခွန်းထုတ်စရာတွေဖြစ်တာပေါ့၊ ကိုဗစ်ဖြစ်လာတော့ မလိုလားအပ်တာတွေ…

Read More

တပ်မတော်ခေါင်းဆောင်တွေ တရားစွဲခံရတာကို ထောက်ခံရှင်းလင်းမှုလုပ်မယ့် ကိုယ်စားလှယ်လောင်း ၂ဦးဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၄-၂၀၂၀ သိင်္ဂီထွန်း(VOM) နိုင်ငံတကာတရားရုံး ICJ ၊ ICC မှာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုခံရမှုအပေါ် ထောက်ခံတဲ့ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က) နဲ့ ဒီကနေ့မနက်မှာပဲ ပြည်မြို့၊ အမှတ် ၂ ရဲစခန်းကနေ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုသန့်ဇင်ထက်၊ ဦးကျော်ဆန်း တို့ဖြစ်ပါတယ်။ သူတို့ ၂ ဦးလုံးကို ဒီကနေ့ မနက် ၇ နာရီမှာပဲ ပြည်မြို့က ကိုသန့်ဇင်ထက်ရဲ့ရုံးခန်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ချက်ခြင်း တရားရုံးတင်ခဲ့သလို အာမခံမပေးဘဲ ပြည်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ “ဖိတ်စာနဲ့ပတ်သက်ပြီး တရားစွဲတာပါ။ မနက်က ၇ နာရီလောက်က ရုံးခန်းမှာဖမ်းတယ်။ ပြည်မြို့မရဲစခန်းကနေ ချက်ခြင်းတရားရုံးတင်တယ်။ ရုံးတင်ပြီး တရားသူကြီးကနေ…

Read More

ဗြိတိန်မှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်မျိုးစိတ်သစ် တွေ့ရှိပြန်

လန်ဒန်၊ ဒီဇင်ဘာ၂၄-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်နိုင်ငံမှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် နောက်ထပ်တစ်မျိုး ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ခ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကူးစက်ခံရသူနှစ်ဦးဟာ လန်ဒန်နဲ့ အင်္ဂလန်အနောက်မြောက်ပိုင်းကဖြစ်ပြီး ဗိုင်းရပ်စ်မျိုးစိတ်သစ် နောက်ထပ်တစ်မျိုးဖြစ်ပွားနေတဲ့ တောင်အာဖရိကို ခရီးသွားခဲ့သူတွေနဲ့ ထိစပ်ခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိမှာ တောင်အာဖရိကသို့ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပါတယ်။ ဒါ့အပြင် တောင်အာဖရိကကို လွန်ခဲ့တဲ့နှစ်ပတ်က သွားရောက်ခဲ့သူတွေနဲ့ ခရီးသွားလာခဲ့သူတွေနဲ့ ထိတွေ့ခဲ့သူကိုလည်း ချက်ချင်းကွာရန်တင်းဝန်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ တောင်အာဖရိကမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး ယခင်က ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဟာ အခုအခါ ဖျားနာနေကြတယ်လို့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဇွာလီမက်ခ်ဟိုက်က သတိပေးပြောဆိုပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ လျှင်မြန်စွာကူးစက်ပျံ့နှံ့နေပြီး နိုင်ငံရဲ့ဒေသတွေမှာ ကူးစက်မှုအများအပြားရှိနေတယ်လို့ တောင်အာဖရိက သိပ္ပံပညာရှင်တွေကပြောပါတယ်။ အဲ့ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် ယခင်ဗိုင်းရပ်စ်မျိုးစိတ်ထက် ပိုမိုလျှင်မြန်စွာကူးစက်နိုင်တယ်လို့ အချက်အလက်တွေက အခိုင်အမာဖော်ပြထားပါတယ်။ Ref…

Read More
VOM News

FREE
VIEW