နန်စီပွန် ကျောက်စိမ်းမှော်မှာ မြေစာပုံပြိုကျလို့ လူ ၁ ဦးသေဆုံး

ဇန်နဝါရီ ၂-၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်၊ ကျောက်မှော်ဒေသအထက်ဆိပ်အနီး ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေစာပုံဟာ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လူတစ်ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတဲ့ဲဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ရွှေပြည်သာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

.”နေ့ခင်း ၁၂ နာရီလောက်မှာ ဖြစ်တာပါ ၊ ရဲ လုံခြုံရေး တပ်ရင်း ၁၆ ရဲမှူး အောင်မျိုးသူတို့နဲ့ ခလရ (၂၂၉)က ဗိုလ်ကြီး မင်းထက်ဇော်တို့ အဖွဲ့က ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးတယ်၊ အသက်ရှင်လျက်နဲ့ တစ်ယောက် ကယ်ဆယ်နိုင်ခဲ့ပြီး မြေစာပိနေတဲ့ ၂ ယောက်ကိုတော့ ရှာဖွေနေဆဲဖြစ်တယ်”လို့ ရွှေပြည်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်က ပြောပါတယ်။

အဲ့ဒီ မြေစာပုံ ပြိုကျတဲ့နေရာမှာ ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်နေသူ ၃ ဦး ပြိုကျတဲ့မြေစာတွေနဲ့ အတူပါသွားခဲ့ရာ နန်စီပွန်ဒေသ ၊ လသာကွက်သစ် ရပ်ကွက်မှာနေတဲ့ ဦးမည်း အသက် ၅၀ နှစ် ဆိုသူကိုယ် အသက်ရှင်လျက် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။

ကျန် လူ ၂ ယောက်ကိုတော့ မနေ့ ဇန်နဝါရီ ၁ရက်နေ့ ညပိုင်းအချိန်ထိ စက်ယန္တရားတွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ရာ မြေစာတွေပိနေတဲ့ ဦးဇော်အေး(ခ)ရှမ်းကြီး ဆိုသူကို သေဆုံးလျက် ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် နန်စီပွန် နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၁ အရ စစ်ဆေးနေတယ်လို့ သိရပါတယ်။

နန်စီပွန်ဒေသက ကျောက်စိမ်းလုပ်ကွက်တွေဟာ ပြီခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းကစလို့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတာကြောင့် အဲ့ဒီဒေသကို အနယ်နယ်အရပ်ရပ်က ရေမဆေးကျောက် လာရောက်ရှာဖွေသူ ၂ ထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။

Photo – ကိုကျော်စိုး(နမ့်တော)
#voiceofmyanmar #VOM #ခန္တီး #မြေစာပုံပြိုကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW