ည၁၂ ကျော်မှ အလုပ်ကပြန်လာတဲ့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ပေးဖို့ တောင်းဆို

ဇန်နဝါရီ ၃-၂၀၂၁ သိင်္ဂီ(VOM) ရန်ကုန်တိုင်းအတွင်း ည ၁၂နာရီကျော်တဲ့အချိန်မှ အလုပ်ကနေပြန်လာရတဲ့ အလုပ်သမားတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈( ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန်ကြေညာသော အမိန့်ကိုဖီဆန်ခြင်း)ကနေ ကင်းလွတ်ခွင့်ပေးဖို့အတွက် ရွှေပြည်သာမြို့နယ်က သက်ဆိုင်ရာတာဝန်ရှိတွေဆီကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုလက်ရှိ ရွှေပြည်သာမြို့နယ်အတွင်း ညမထွက်ရအမိန့်နဲ့ ဖမ်းဆီးခံရသူတွေထဲမှာ အောက်ခြေအလုပ်သမားတွေ ပါဝင်နေတဲ့အပြင် ပရဟိတလုပ်ဆောင်နေသူတချို့လည်း ပါဝင်နေတာကြောင့် အခုလို တောင်းဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်သိရသလောက်က ဖမ်းဆီးခံရပြီး ထောင်ချခံရသူတွေထဲမှာ ဆိုင်အလုပ်သမားရှိတယ်။ သူက အကြော်ဆရာ၊ ည အဖမ်းခံရတယ်။မနက်တရားရုံးတင်ပြီး ထောင်ချလိုက်တယ်။ ကွာရန်တင်းစင်တာမှာ သီချင်းဖျော်ဖြေပေးတဲ့သူတစ်ယောက်ပေါ့၊ သူကလည်း ဖျော်ဖြေပြီး ပြန်အလာ အဖမ်းခံလိုက်ရတယ်။ မြို့ကို တကယ်လုပ်နေသူတွေ ထိခိုက်တယ်၊ အလုပ်သမားတွေ ထိခိုက်တယ် အဲ့ဒီအတွက် ကျနော်တို့ကစိုးရိမ်တာ”လို့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုတဲ့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့က ကိုနိူင်ဌေးလွင်ကပြောပါတယ်။ ရွှေပြည်သာမြို့နယ်ထဲက စက်ရုံတွေမှာ အလုပ်သမားတွေကို ည…

Read More

လက်ပြန်ကြိုးချည်ပြီး သတ်ဖြတ်ခံထားရတဲ့ အလောင်း တစ်လောင်းတွေ့

ဇန်နဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး (VOM) ရှမ်းပြည် (အရှေ့ပိုင်း)၊ ကျိုင်းတုံ – တာချီလိတ်သွားတဲ့ ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်ကျေးရွာနဲ့ ဆွပ်ပန်းကျေးရွာအကြား မိုင်တိုင်အမှတ်- 725Km အနီး ချောက်ထဲမှာ လည်ပင်းကြိုးချည်ပြီး လက်နောက်ပြန်ကြိုးတုတ် သေဆုံးနေတဲ့ ရုပ်အလောင်း တစ်လောင်း ကို မိုင်းဖြတ်မြို့မရဲစခန်းက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ” ဆိုက်ခေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီကျော်မှာ အလောင်း တစ်လောင်းတွေ့ထားတယ်လို့ စခန်းကို ဖုန်းဆက်အကြောင်းကြားတယ် ၊ စခန်းမှူးနဲ့ နယ်ထိန်းအဖွဲ့က သွားရောက် စစ်ဆေးတယ်”လို့ မိုင်းဖြတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ပြည်ထောင်စုလမ်းမကြီးဘေးအနီး အနက်ပေ ၂၀ ရှိတဲ့ ချောက်ထဲမှာ အမည်မသိ(စုံစမ်းဆဲ) အသက် ၃၅ နှစ်အရွယ်(ခန့်မှန်း) အမျိုးသား…

Read More

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်း ခိုးယူသူတွေကို ဖမ်းမိ

ဇန်နဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်- ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း အစိုးရပိုင် အမျိုးသားပြန်လည်သန်းစွမ်းရေး ဆေးရုံအတွင်းက ဗဟိုကာကွယ်ဆေးသိုလ်လှောင်ရေး အအေးခန်း(ရန်ကုန်)အတွင်းရှိ ရေခဲသေတ္တာတွေထဲက HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်း တွေကို ခိုးယူသူနဲ့ ဖြန့်ဖြူးရောင်းချနေသူတွေကို မနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ခိုးရာပါ ဆေးပုလင်းတွေနဲ့အတူ ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ” ဆေးပုလင်းကိစ္စ တိုင်ချက်ရတာနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး ခြေရာခံ စုံစမ်းတယ် ၊ နောက်တော့ ပန်းဘဲတန်းမြို့နယ်၊ အမှတ်-၃ ရပ်ကွက် ၊ ၂၇ လမ်း(အပေါ်)က ဆေးဆိုင်မှာ အဲ့ဒီ ခိုးရာပါ ဆေးတွေ ဖြန့်ဖြူးရောင်းချနေတာကို စတင် ခြေရာခံမိတယ်”လို့…

Read More

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်ဖို့ ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီ ခွင့်ပြုချက်ရ

ဘန်ကောက်၊ ဇန်နဝါရီ ၂-၂၀၂၁ မျိုးဆက် (VOM) ထိုင်းအခြေစိုက် PTT Exploration and Production (PTTEP) ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်မယ့် စီမံကိန်းတစ်ခု ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ကို မြန်မာဘက်က ခွင့်ပြုလိုက်တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။ အဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သဘောတူညီချက်ကို မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ PTTEP ရဲ့စီအီးအို Phongsthorn Thavisin ကပြောပါတယ်။ ဒီစီမံကိန်းအရ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက် မုတ္တမပင်လယ်ကွေ့က သဘာဝဓါတ်ငွေ့ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါဟာ အရေးပါတဲ့ မဟာဗျူဟာအစီအစဉ်အရ ကုမ္ပဏီအတွက် အရေးပါတဲ့ တိုးတက်မှုတစ်ရပ်ဖြစ်တယ်လို့ Phongsthorn Thavisin ကပြောပါတယ်။ အဲ့ဒီရင်းနှီးမြုပ်နှံမှုကြောင့် သဘာဝဓါတ်ငွေ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သတ်မှတ်ဒေသတွေမှာ လျှပ်စစ်ဓါတ်အားလိုင်းတွေ သွယ်တန်းဖို့တွေပါဝင်ပြီး စီမံကိန်းဟာ ဒေါ်လာ ၂ ဘီလီယံဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။…

Read More

ခြင်ဆေးထွန်းပြီး အိပ်ရာကနေ သက်ကြီးအမျိုးသားတစ်ဦး မီးလောင်သေဆုံး

ဇန်နဝါရီ ၂-၂၀၂၀ အေးချမ်းသူ(VOM) ကျောက်မဲမြို့နယ်၊ ၇-ရပ်ကွက် ၊ (၂)မိုင်ကုန်းမှာ မနေ့ ဇန်နဝါရီညပိုင်းက ခြင်ဆေးခွေကို အိပ်ရာပေါ်မှာ ထွန်းထားရာကနေ မီးလောင်မှုဖြစ်ပွားပြီး အသက်(၇၀)အရွယ် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျောက်မဲမြို့နယ်မီးသတ်ဦးစီးမှူးဌာနကနေ သိရပါတယ်။ သေဆုံးသူကို ဆေးရုံးပို့ဆောင်ခဲ့တဲ့ ကျောက်မဲမြို့နယ် 5star လူမှုကူညီရေးအဖွဲ့မှ ကိုထွန်းဦးဆိုသူက “သေဆုံးသူက စစ်မှုထမ်းဟောင်းဗျ၊ ခြေတောက်တစ်ဖက်မသန်ဘူး ၊ ရဲတွေကောက်ချက်ချပြီး DB ကိုကျောက်မဲဆေးရုံကြီးကိုပို့လိုက်တယ်”လို့ VOM ကို ပြောပါတယ်။ မီးလောင်သေဆုံးခဲ့သူဟာ ၂မိုင်ကုန်းမှာနေတဲ့ စစ်မှုထမ်းဟောင်း အသက်၇၀ အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ပြီး ညအိပ်ရာဝင်ချိန် ခြင်ကိုက်တာကြောင့် ခြင်ဆေးခွေထွန်းအိပ်ရာကနေ မီးလောင် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျော်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးက VOMကိုပြောပါတယ်။ ” အိပ်ရာပေါ်မှာဗျာ ပုဂံပြားအောက်ခံခွက်ပေါ်မှာ ခြင်ဆေးခွေထွန်းပြီးတော့ အဲ့ဒီခြင်ဆေးခွေက မတော်တဆဖြစ်ပြီး ကုတင်လှုပ်ရင်းနဲ့ ပြုတ်ကျတာပဲဖြစ်ဖြစ် တခုခုကြောင့်ပေါ့၊ မွေ့ယာပေါ်ကျပြီး…

Read More

ALP တပ်ဖွဲ့ဝင် (၄) ဦးကို အေအေ ပြန်လွှတ်ပေး

ဇန်နဝါရီ ၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် (၄) ဦးကို အေအေ ဖက်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက ALP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)ဟာ အခုလိုမျိုး အေအေဖက်က သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှတ်ပေးခြင်းအပေါ် အေအေအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။ ” လွှတ်လာတယ်လို့ ကြားရတဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်လို့ ပထမဆုံး ပြောချင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ တစ်စုံတစ်ရာမဖြစ်ဘဲ လွှတ်မြောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အခုလိုမျိုး ဖမ်းလိုက်ဆီးလိုက်လုပ်တာကတော့ အမျိုးသားလက္ခဏာအရ မကောင်းဘူးလို့ ပြောချင်တယ်”လို့ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။ ALP တပ်ဖွဲ့ဝင် ရဲဘော်တွေဖြစ်တဲ့ ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံး၊ ပြည်ပစည်းရုံးရေးကော်မတီဝင် ခိုင်ဝင်းလှိုင်နဲ့ ခိုင်မင်းမြတ်စံတို့ကို အေအေက…

Read More

ခင်ဦးမြို့နယ်ရဲစခန်းမှာ မနေ့က တစ်ရက်တည်း သက်ငယ်မုဒိမ်းမှု ၂ မှု လာရောက်အမှုဖွင့်

ဇန်နဝါရီ ၂-၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ တစ်ရက်တည်း သက်ငယ်မုဒိမ်းမှု ၂ မှုကို လာရောက်အမှုဖွင့်ခဲ့တယ်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ” သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ၁ ယောက်က အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသူနဲ့ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူ ၁ ယောက်တို့ ဖြစ်တယ်”လို့ ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။ ခင်ဦးမြို့နယ်၊ သင်ပေါင်းကျေရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ည ၇ နာရီကျော်က အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို တီဗီသွားရောက်ကြည့်ရာ အဒေါ်ရဲ့ အိမ်ကို အလည်ရောက်ရှိနေတဲ့…

Read More

နျူကလီးယားစာချုပ်ကို ချိုးဖောက်ပြီး အီရန်ရဲ့ ယူရေနီယံသန့်စင်မှု ၂၀ ရာခိုင်နှုန်း တိုးမြှင့်တော့မယ်

တီဟီရန်၊ ဇန်နဝါရီ ၂-၂၀၂၁ မျိုးဆက်(VOM) အီရန်ဟာ သူ့ရဲ့ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်ရေးကိစ္စ စတင်ဖို့ရည်ရွယ်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒါဟာ နျူးကလီးယား သဘောတူညီချက်အပေါ် အီရန်ရဲ့ သိသိသာသာ ချိုးဖောက်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒီပမာဏဟာ နျူကလီးယားဗုံးထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယံ ၉၀ ရာခိုင်နှုန်းသန့်စင်မှုအထိ မပြည့်မီပေမယ့်လည်း ၂၀၁၅ ခုနှစ်နျူကလီးယားသဘောတူစာချုပ်မှာ အီရန်ရဲ့နျူကလီးယားသန့်စင်မှုကို ၄ ရာခိုင်နှုန်းအောက်သာ ထားရှိဖို့ သတ်မှတ်ထားတာထက် ပမာဏများစွာ ကျော်လွန်နေပါတယ်။ အမေရိကန်ဟာ နျူကလီးယားသဘောတူစာချုပ်ကနေ နှုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့ပြီးနောက်ပိုင်းမှာ စာချုပ်ပါပြဌာန်းချက်တွေကို အီရန်က စတင်ချိုးဖောက်ခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က နျူကလီးယားသဘောတူညီချက်ကို မူလအတိုင်း ပြန်လည်ရှင်သန်ဖို့ မျှော်လင့်နေကြပါတယ်။ အီရန်ဟာ တောင်တစ်ခုရဲ့အတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ နျူကလီးယားသန့်စင်စက်ရုံမှာ ယူရေနီယမ်သန့်စင်မှု ၂၀…

Read More

မူဆယ်မြို့မှာ တရုတ်နိုင်ငံသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဇန်နဝါရီ ၂-၂၀၂၁ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းရွာ၊ နမ့်ပေါ်ရေချောင်းဘေးမှာ မနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက တရုတ်နိုင်ငံသား တစ်ဦး သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ လက္ခဏာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့နယ် ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။ ” ကျောက်ကုန်သည်တစ်ယောက်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ထုံချန်းမှာနေတယ်လို့ ဒီကနေ့သိရပြီ။ နှစ်နိုင်ငံ ချိတ်ဆက်ပြီး ပြန်လွှဲပေးဖို့ လုပ်နေတယ်။ အသက်၂၅နှစ်လောက်ရှိပြီး နားထင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ”လို့ ဦးသောင်းထွန်းက ပြောပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူဟာ တရုတ်နိုင်ငံ၊ ထုံချန်းမြို့ကနေ မူဆယ်မြို့ကို အရောင်းအဝယ်လာလုပ်တဲ့ အသက်၂၅ နှစ်အရွယ် ယိလုံ ဆိုသူဖြစ်ပြီး ခြေထောက်နဲ့ လက်တွေကို နိုင်လွန်ကြိုးနဲ့ တုပ်နှောင်ပြီး မျက်နှာကို မျက်နှာသုတ်ပဝါအုပ်လျှက် နားထင်မှာသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ‌တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ”…

Read More

နန်စီပွန် ကျောက်စိမ်းမှော်မှာ မြေစာပုံပြိုကျလို့ လူ ၁ ဦးသေဆုံး

ဇန်နဝါရီ ၂-၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်၊ ကျောက်မှော်ဒေသအထက်ဆိပ်အနီး ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေစာပုံဟာ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လူတစ်ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတဲ့ဲဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ရွှေပြည်သာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ .”နေ့ခင်း ၁၂ နာရီလောက်မှာ ဖြစ်တာပါ ၊ ရဲ လုံခြုံရေး တပ်ရင်း ၁၆ ရဲမှူး အောင်မျိုးသူတို့နဲ့ ခလရ (၂၂၉)က ဗိုလ်ကြီး မင်းထက်ဇော်တို့ အဖွဲ့က ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးတယ်၊ အသက်ရှင်လျက်နဲ့ တစ်ယောက် ကယ်ဆယ်နိုင်ခဲ့ပြီး မြေစာပိနေတဲ့ ၂ ယောက်ကိုတော့ ရှာဖွေနေဆဲဖြစ်တယ်”လို့ ရွှေပြည်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်က ပြောပါတယ်။ အဲ့ဒီ မြေစာပုံ ပြိုကျတဲ့နေရာမှာ ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်နေသူ ၃ ဦး…

Read More
VOM News

FREE
VIEW