နျူကလီးယားစာချုပ်ကို ချိုးဖောက်ပြီး အီရန်ရဲ့ ယူရေနီယံသန့်စင်မှု ၂၀ ရာခိုင်နှုန်း တိုးမြှင့်တော့မယ်

တီဟီရန်၊ ဇန်နဝါရီ ၂-၂၀၂၁
မျိုးဆက်(VOM)

အီရန်ဟာ သူ့ရဲ့ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်ရေးကိစ္စ စတင်ဖို့ရည်ရွယ်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒါဟာ နျူးကလီးယား သဘောတူညီချက်အပေါ် အီရန်ရဲ့ သိသိသာသာ ချိုးဖောက်မှုတစ်ရပ်ဖြစ်ပါတယ်။

ဒီပမာဏဟာ နျူကလီးယားဗုံးထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယံ ၉၀ ရာခိုင်နှုန်းသန့်စင်မှုအထိ မပြည့်မီပေမယ့်လည်း ၂၀၁၅ ခုနှစ်နျူကလီးယားသဘောတူစာချုပ်မှာ အီရန်ရဲ့နျူကလီးယားသန့်စင်မှုကို ၄ ရာခိုင်နှုန်းအောက်သာ ထားရှိဖို့ သတ်မှတ်ထားတာထက် ပမာဏများစွာ ကျော်လွန်နေပါတယ်။

အမေရိကန်ဟာ နျူကလီးယားသဘောတူစာချုပ်ကနေ နှုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့ပြီးနောက်ပိုင်းမှာ စာချုပ်ပါပြဌာန်းချက်တွေကို အီရန်က စတင်ချိုးဖောက်ခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က နျူကလီးယားသဘောတူညီချက်ကို မူလအတိုင်း ပြန်လည်ရှင်သန်ဖို့ မျှော်လင့်နေကြပါတယ်။

အီရန်ဟာ တောင်တစ်ခုရဲ့အတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ နျူကလီးယားသန့်စင်စက်ရုံမှာ ယူရေနီယမ်သန့်စင်မှု ၂၀ ရာခိုင်နှုန်းတိုးမြင့်မယ့် အစီအစဉ်ကို အသိပေးအကြောင်းကြားလာခဲ့တယ်လို့ အိုင်အေအီးက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီလိုနျူကလီးယားသန့်စင်မှုကို ဘယ်အချိန်မှာ အီရန်က စတင်မလဲဆိုတာကတော့ အကြောင်းကြားစာမှာမပါဘူးလို့ အိုင်အေအီးအေက ပြောပါတယ်။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW