မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်ဖို့ ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီ ခွင့်ပြုချက်ရ

ဘန်ကောက်၊ ဇန်နဝါရီ ၂-၂၀၂၁
မျိုးဆက် (VOM)

ထိုင်းအခြေစိုက် PTT Exploration and Production (PTTEP) ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်မယ့် စီမံကိန်းတစ်ခု ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ကို မြန်မာဘက်က ခွင့်ပြုလိုက်တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။

အဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သဘောတူညီချက်ကို မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ PTTEP ရဲ့စီအီးအို Phongsthorn Thavisin ကပြောပါတယ်။

ဒီစီမံကိန်းအရ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက် မုတ္တမပင်လယ်ကွေ့က သဘာဝဓါတ်ငွေ့ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါဟာ အရေးပါတဲ့ မဟာဗျူဟာအစီအစဉ်အရ ကုမ္ပဏီအတွက် အရေးပါတဲ့ တိုးတက်မှုတစ်ရပ်ဖြစ်တယ်လို့ Phongsthorn Thavisin ကပြောပါတယ်။

အဲ့ဒီရင်းနှီးမြုပ်နှံမှုကြောင့် သဘာဝဓါတ်ငွေ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သတ်မှတ်ဒေသတွေမှာ လျှပ်စစ်ဓါတ်အားလိုင်းတွေ သွယ်တန်းဖို့တွေပါဝင်ပြီး စီမံကိန်းဟာ ဒေါ်လာ ၂ ဘီလီယံဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

ဒါပေမယ့် စီမံကိန်းနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းမှာ ချမှတ်သွားမှာဖြစ်ပြီး စီမံကိန်းက ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားတွေကို နှစ် ၂၀ ဝန်းကျင်စာချုပ်နဲ့ မြန်မာနိုင်ငံကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref: The Nation
Photo: The Nation
#voiceofmyanmar #VOM #ဘန်ကောက် #ထိုင်း #မြန်မာ #လျှပ်စစ်ဓါတ်အား

Related posts

Leave a Comment

VOM News

FREE
VIEW