ပုဂံမှာကျင်းပမယ့် မဲခေါင်ဒေသခရီးသွားဖိုရမ် တတိယအကြိမ် ရွှေ့ဆိုင်း

ဘန်ကောက်၊ ဇန်နဝါရီ ၆-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံ ပုဂံမှာကျင်းပမယ့် မဲခေါင်ဒေသ ခရီးသွားဖိုရမ်ကို ရွှေ့ဆိုင်းဖို့ Greater Mekong Subregion (GMS) လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ရဲ့ ၄၆ ကြိမ်မြောက်အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူလိုက်ကြပါတယ်။

ဒီဖိုရမ် ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး မဲခေါင်ဒေသခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး (MTCO)က မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ သုံးကြိမ်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ကနဦးမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်၊ ဧပြီ ၂၈ ၊ ၂၉ ရက်မှာတစ်ကြိမ်၊ ၂၀၂၀ ခုနှစ် သြဂုတ် ၂၅၊ ၂၆ ရက်မှာတစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ၊ ၂၆ ရက်တို့မှာတစ်ကြိမ် စီစဉ်ပြီးမှ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အခုနှစ်မှာကျင်းပမယ့် ဖိုရမ်ဟာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ရေး ဆန်းသစ်တဲ့ခရီးသွားပုံစံတွေနဲ့ ရေရှည်တည်တံ့ဖို့နဲ့ ဒေသတွင်း ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ကြီးမားတဲ့ အခွင့်အလမ်းဖြစ်တယ်လို့ (MTCO)ရဲ့အမှုဆောင်ညွှန်ကြားရေမှူး Jens Thraenhart ကပြောပါတယ်။

ဖိုရမ်ရွေ့ဆိုင်းခဲ့ရတဲ့ အကြောင်းရင်းကတော့ ခရီးသွားလာမှုကန့်သတ်ချက်တွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ နဲ့ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်တက်ရောက်ရမှာဖြစ်တဲ့အတွက် လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် လာမယ့် စက်တင်ဘာလမှာ ကျင်းပနိုင်ခြေရှိပြီး အဖွဲ့ရဲ့ ၄၇ ကြိမ်မြောက်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြားမှာ မဲခေါင်ခရီးသွားဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အခွင့်အရေးအတွက် လွန်စွာဂုဏ်ယူမိပြီး ဒါဟာ မြန်မာနိုင်ငံအတွက်သာမက မဲခေါင်ဒေသ၊ အာဆီယံဒေသအတွက်ပါ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖို့နဲ့ မဟာဗျူဟာတွေချမှတ်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာနဲ့ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောပါတယ်။

Ref: traveldailynews
Photo: Getty Images
#voiceofmyanmar #VOM #ဘန်ကောက် #မြန်မာ #ပုဂံ #ခရီးသွားဖိုရမ် #ရွှေ့ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW