ရွှေညောင်မြို့မဈေးမှာ ကိုဗစ်ပိုးတွေ့လို့ ယာယီပိတ်သိမ်း

ဇန်နဝါရီ ၆-၂၀၂၁ နေနန်းနွယ်(VOM) ရွှေညောင်မြို့၊မြို့မဈေးအတွင်းမှာ ကိုဗစ်ပိုးကူးစက်ခံရသူ တစ်ဦးတွေ့တဲ့အတွက် ဒီကနေ့ ဇန်နဝါရီလ၆ရက်နေ့က စပြီး ယာယီပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ “သူကအနံပျောက်လို့ဆိုပြီး Qဝင်ပြီးတော့စစ်လိုက်တာ၊ အဲ့ဒီမှာ ပိုးတွေ့လို့ တခြားလူတွေ ကူးစက်မှုမရှိအောင်ပိတ်လိုက်တာပါ။ သူက ၅ ရက်နေ့ကဝင်တာ ဒီနေ့စစ်တော့တွေ့တာပါ။ သူက ၁ ရက်နေ့လောက်တည်းက ဈေးကိုမလာတော့ဘူး။ သူသိပ်နေမကောင်းဘူးဆိုပြီးတော့ဈေးမလာတော့ဘူး။ ၅ ရက်နေ့လောက်မှာ အနံ့ပျောက်သွားတယ်။ အဲ့ဒီနေ့မှာ Qဝင်တယ်။ သူက ခရီးတွေသွားလာထားခြင်းလည်း မရှိဘူး။၁ရက်နေ့ကတည်းက သူကhome quarantineလိုမျိုးရှိနေတာ။လောလောဆယ်တော့ pတစ်ယောက်ပဲတွေ့သေးတယ်”လို့ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက ပြောပါတယ်။ ကိုဗစ်ပိုးတွေ့ရှိသူဟာ ဈေးအတွင်းက ဆိုင်ခန်းတစ်ခန်းမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၅ရက်နေ့မှာ အနံ့ပျောက်တဲ့အတွက် ကွာရန်တင်းဝင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ပိုးတေ‌ွ့တယ်လို့ အဖြေထွက်ပြီးတဲ့အချိန် အဲ့ဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ သိရပါတယ်။ ရွှေညောင်မြို့ မြို့မဈေးကို ဒီကနေ့…

Read More

ပုဂံမှာကျင်းပမယ့် မဲခေါင်ဒေသခရီးသွားဖိုရမ် တတိယအကြိမ် ရွှေ့ဆိုင်း

ဘန်ကောက်၊ ဇန်နဝါရီ ၆-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံ ပုဂံမှာကျင်းပမယ့် မဲခေါင်ဒေသ ခရီးသွားဖိုရမ်ကို ရွှေ့ဆိုင်းဖို့ Greater Mekong Subregion (GMS) လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ရဲ့ ၄၆ ကြိမ်မြောက်အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူလိုက်ကြပါတယ်။ ဒီဖိုရမ် ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး မဲခေါင်ဒေသခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး (MTCO)က မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ သုံးကြိမ်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ကနဦးမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်၊ ဧပြီ ၂၈ ၊ ၂၉ ရက်မှာတစ်ကြိမ်၊ ၂၀၂၀ ခုနှစ် သြဂုတ် ၂၅၊ ၂၆ ရက်မှာတစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ၊ ၂၆ ရက်တို့မှာတစ်ကြိမ် စီစဉ်ပြီးမှ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ အခုနှစ်မှာကျင်းပမယ့် ဖိုရမ်ဟာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ရေး ဆန်းသစ်တဲ့ခရီးသွားပုံစံတွေနဲ့ ရေရှည်တည်တံ့ဖို့နဲ့ ဒေသတွင်း…

Read More

အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့မှုကြောင့် အိမ်မွေးကြက်၊ဘဲတွေကို သုတ်သင်နေရ

ဒေလီ၊ ဇန်နဝါရီ-၆-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံတစ်ဝန်းက တောရိုင်းငန်းတွေ၊ ကျီးကန်းတွေ၊ ဘဲတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိပြီးနောက် သောင်းပေါင်းများစွာသော အိမ်မွေးကြက်၊ ဘဲတွေကို သုတ်သင်မှုတွေ စတင်ပြုလုပ်နေပါတယ်။ နိုင်ငံအတွင်းက ပြည်နယ်အများအပြားမှာ ငှက်တွေအစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ပွားပြီးနောက် တစ်ပတ်အကြာမှာ H5N8 ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်ခုကို တာဝန်ရှိသူတွေက ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရဟာ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပြီး ကူးစက်မှုကိုထိန်းချုပ်ဖို့ အရေးပေါ်အစီအမံတွေပြုလုပ်ဖို့ ပြည်နယ်အစိုးရတွေကို တိုက်တွန်းထားပါတယ်။ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲတွေဟာ လူသားတွေအတွက် အသက်အန္တရာယ်နည်းပါးပေမယ့် သေဆုံးနေတဲ့ သို့မဟုတ် နာမကျန်းဖြစ်နေတဲ့ ကြက်၊ ဘဲတွေနဲ့ မထိတွေ့ဖို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကျဆင်းလာပေမယ့် လာမယ့်လအနည်းငယ်အတွင်းမှာ ပြည်သူသန်းပေါင်းများစွာကို ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ပြည်နယ်တွေအနေနဲ့ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုအပေါ် အလျင်အမြန်တုံ့ပြန်မှုပြုနေပြီး အိမ်မွေးကြက်ဘဲတွေကို သုတ်သင်တာနဲ့ အခြားအစီအမံတွေကို…

Read More

မူဆယ်မြို့က ပြည်သူ့စစ်တွေနေထိုင်တဲ့နေရာအချို့ ပစ်ခတ်တိုက်ခိုက်ခံရ

ဇန်နဝါရီ ၆ -၂၀၂၁ ကိုတိုးကြီး(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်မှာ အခြေစိုက်နေထိုင်တဲ့ မြို့မပြည်သူ့စစ် အိမ်ယာနဲ့ ဝန်းခြံတွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဒီမနက်အစောပိုင်းက ဗုံးသီး ၃ လုံးပစ်ခတ်ပြီး သေနတ်နဲ့ ၁၀ ချက် လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” လက်နက်ကြီးဆိုတာကတော့ 40 MM ဗုံးသီးတွေနဲ့ဖြစ်တယ် ၊ နောက်ပြီး သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ”လို့ မူဆယ်မြို့မရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူအသေအပျောက် မရှိပေမယ့် နေအိမ်မှန်တံခါးတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ သွားရောက်စစ်ဆေးခဲ့တဲ့တာဝန်ရှိသူတွေပြောပြချက်အရ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၆ရက်ေ့ မနက်ပိုင်းမှာပဲ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မူဆယ် – နမ့်ခမ်းသွား ပြည်ထောင်စုကားလမ်းမကြီးအနီးက သံလွင် စက်သုံးဆီအရောင်းဆိုင်နဲ့ မုံးပေါ် စက်သုံးဆီ…

Read More

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေကို ဝူဟန်မြို့သို့ ဝင်ရောက်ခွင့် တရုတ်ပယ်ချ

ဂျီနီဗာ၊ ဇန်နဝါရီ ၆-၂၀၂၁ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့ကို ဝူဟန်မြို့သို့ ဝင်ရောက်ခွင့်အတွက် တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။ အဲ့ဒီအဖွဲ့ထဲက ကျွမ်းကျင်သူနှစ်ဦးဟာ တရုတ်နိုင်ငံခရီးစဉ်ကို စတင်ခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးဟာ ပြန်လှည့်လာပြီဖြစ်သလို ကျန်တစ်ဦးကတော့ တတိယနိုင်ငံတစ်ခုမှာ ခရီးစဉ်ကူးပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ ဒီပြဿနာဟာ ဗီဇာဆိုင်ရာ ရှင်းလင်းမှုမရှိတာကြောင့်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အကြိမ်ပေါင်းများစွာ ညှိုနှိုင်းမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက သဘောတူခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းက ပထမဆုံး တွေ့ရှိခဲ့ပြီး ဈေးတစ်ခုနဲ့ ဆက်နွယ်ကာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ခရီးစဉ်စတင်နေပြီဖြစ်တဲ့ အဖွဲ့ရဲ့ကျွမ်းကျင်သူနှစ်ဦးအတွက် ခွင့်ပြုချက်အပြီးသတ်နိုင်ခြင်းမရှိတဲ့အပြင် အခြားအဖွဲ့ဝင်တွေလည်း ဝူဟန်မြို့ကို သွားရောက်နိုင်ခြင်းမရှိတဲ့အပေါ် အလွန်အမင်းစိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က…

Read More

ပုသိမ်မြစ်ထဲမှာ သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး လူတစ်ဦးပျောက်ဆုံး

ဇန်နဝါရီ ၆ -၂၀၂၁။ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငဝန်မြစ်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက ခရီးသည်တင်သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး လူတစ်ဦးပျောက်ဆုံးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။ “ပဲ့ထောင်က ကျောက်မီးဖိုတွေတင်လာတာ ဟိုဘက်က ပုသိမ် – သင်္ဃန်းကုန်းပြေးဆွဲတဲ့ သင်္ဘောနဲ့ ဝင်တိုက်မိတာပေါ့၊ လောလောဆယ်တော့ ၁ ယောက်ပျောက်ဆုံးနေလို့ ရှာဖွေတာတွေ ပြုလုပ်နေပါတယ်”လို့ ဦးရာဇာအေးကပြောပါတယ်။ ပုသိမ်မြို့၊ ကျောက်ငူဆိပ်ဘက်က အလုပ်သမား ၈ ဦးလိုက်ပါလာတဲ့ ပဲ့ထောင်နဲ့ တိုင်းမှူးသင်္ဘောဆိပ်က မောင်းလာတဲ့ အောင်စည်မြတ် ခရီးသည်တင်သင်္ဘောတို့ ငဝန်မြစ်ရဲ့ ၃ ပုံ ၁ ပုံမှာ ဝင်တိုက်မိသွားပြီးပဲ့ထောင်နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိချိန် ပဲ့ထောင်ကနစ်မြုပ်သွားပြီး ပဲ့ထောင်မှာလိုက်ပါလာတဲ့ လူတွေက ကမ်းပေါ်ကူးလာနိုင်ပေမယ့် အမျိုသားတစ် ဦးကတော့ ရေနစ်ပျောက်ဆုံးသွားလို့ ဆက်လက်ရှာဖွေတာတွေပြုလုပ်နေပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုသိမ်မြို့၊ သင်္ဘောကျဉ်းနယ်မြေရဲစခန်းမှာ ပဲ့ထောင်နဲ့ သင်္ဘောမောင်းသူ…

Read More

စည်ပင်တန်းလျားနေသူက အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်

ဇန်နဝါရီ ၆ -၂၀၂၁ ကိုတိုးကြီး (VOM) မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ စည်ပင်သာယာ သန့်ရှင်းရေးလုပ်သား ဝန်ထမ်း တန်းလျားမှာနေထိုင်တဲ့ (မီးသဂြိုၤဟ်စက်လုပ်သား) တစ်ယောက်ဟာ အသက် ၆ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာကြောင့် မုဒုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ “အဲ့ဒီအမှုမှာ သုဿာန်မီးသဂြိုၤဟ်စက်လုပ်သား ကိုမွန်လေး အသက် ၂၇ နှစ်က တန်းလျားလိုင်ခန်း အတူနေ လုပ်ငန်းအတူတူ လုပ်ဖော်ကိုင်ဖက်ရဲ့သမီး အသက် ၆ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်”လို့ မုဒုံမြို့မရဲစခန်းက အမှုစစ်ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ စည်ပင်ဝန်ထမ်းတန်းလျားမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက အဓမ္မပြုကျင့်သူရဲ့ မိန်းမဖြစ်သူက တန်းလျားအိမ်သာဘက်မှာ မှောင်နေတဲ့အတွက် အိမ်သာမီးကို ဖွင့်လိုက်တဲ့အခါ အသက် ၆ နှစ်အရွယ်မိန်းကလေးကို သူ့ယောက်ျားက အတင်းအဓမ္မပြုကျင့်နေတာကို မီးရောင်အောက်မှာ…

Read More

တင်ပါးကြီးချင်လို့ ဆီလီကွန်ထိုးခဲ့တဲ့ အမျိုးသမီး တင်ပါးမကြီးဘဲ ဆေးရုံရောက်လို့ အမှုဖွင့်

ဇန်နဝါရီ ၆ – ၂၀၂၁ ကိုတိုးကြီး (VOM) ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ၊ တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက် ၊ ဘယသိန္ဓိလမ်း ၊ အိမ်အမှတ် (၅၈) မြေညီထပ်မှာဖွင့်ထားတဲ့ အလှပြင်ဆိုင်က အမျိုးသမီး ၃ ယောက်ကို ခွင့်ပြုချက်မရှိဘဲ တင်ပါးကြီးဆေး ဆီလီကွန်ထိုးပေးတာကြောင့် တာမွေမြို့မရဲစခန်းက ဇန်နဝါရီ ၃ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။ ” အဲ့ဒီ အလှပြင်ဆိုင်ရဲ့ကြော်ငြာကို အွန်လိုင်းပေါ်မှာတွေ့ခဲ့တဲ့ အင်းစိန်မြို့နယ် ၊ ပေါက်တောဝရပ်ကွက် ၊ မုဒိတာအိမ်ယာမှာနေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သူ့တင်ပါး ကြီးချင်တယ် ဆေးထိုးလို့ရနိုင်မလား ၊ ဘယ်လောက်ကုန်ကျမလဲ စတာတွေ ဆက်သွယ် မေးမြန်းပြီး ထိုးဖြစ်သွားရာကနေ ဒီအမှု စတင်ပေါ်ပေါက်တာ”လို့ တာမွေမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ အဲ့ဒီနောက် တိုင်ကြားသူဟာ အွန်လိုင်းပေါ်ကလိပ်စာအတိုင်း…

Read More

စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိလာတဲ့ ကျောက်မဲမြို့

ဇန်နဝါရီ ၆-၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀၀ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။ “တိုက်ပွဲဖြစ်တာကတော့ ၃ ကြိမ်မြောက်တော့ရှိပြီ၊ RCSS နဲ့TNLA နှစ်ဖွဲ့အကြားဖြစ်တာပေါ့၊ လောလောဆယ် ကျောက်မဲမှာ စစ်ဘေးရှောင်က အယောက် ၁၀၀၀ နီးပါးတော့ရှိနေပြီ၊ စခန်းကတော့ ၄ နေရာဖွင့်ထားပါတယ်၊ အခုကတော့ အလှူရှင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအလှုရှင်တွေရဲ့အကူအညီနဲ့ လိုအပ်တာတွေတော့ လုံလုံလောက်လောက် ရှိလာပါပြီ၊ အစတုန်းကတော့ ရာသီဥတုကလည်း အရမ်းအေးတော့အဝတ်အစားတွေဘာတွေ အလှူခံရပါတယ်၊ အနွေးထည်နဲ့ စောင်တွေလိုလို့ အလှူခံလိုက်တာ အဲ့ဒါတွေ အများကြီး လှူလာကြပြီး စားနပ်ရိက္ခာဘက်မှာတော့ နည်းနည်းလျော့သွားပါတယ်၊ လောလောဆယ်ရိက္ခာလုံလောက်ပေမယ့် ရက်ကြာလာရင် ခက်ခဲလာနိုင်ပါတယ်။ စာရင်းက လျော့လိုက် တိုးလိုက်မို့ အတိအကျတော့ မပြောနိုင်ပေမယ့် မနေ့ညကထိတော့ ၉၅၂ ယောက်ပေါ့၊ တက်လာလိုက်ကျသွားလိုက်ဆိုတော့ အယောက် ၁၀၀၀ ဝန်းကျင်လို့ပြောလို့ရပါတယ်၊ စစ်ဘေးရှောင်တွေရှိပေမယ့်…

Read More

ထိုင်းနိုင်ငံကနေ နိုင်ငံသားအထောက်အထားမဲ့ ၄ ဦး မြန်မာဘက်ကို ခိုးဝင်

ဇန်နဝါရီ ၆ – ၂၀၂၁ ကိုတိုးကြီး (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် – ၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဇန်နဝါရီ ၅ ရက်နေ့ ညဦးပိုင်းအချိန်က ထိုင်းနယ်စပ် သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက် ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄ ဦးကို တွေ့ရတဲ့အတွက် ရဲစခန်း ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ” ထိုင်း – မြန်မာ ၂ နိုင်ငံ နယ်စပ်စည်းတွေ လုံခြုံရေး တိုးမြှင့်ထားချိန် နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က အခုလို ခိုးဝင်လာတာဖြစ်တယ်”လို့ အမှတ်-၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ ခိုးဝင်လာသူ ၄ ဦးဟာ နိုဒါလီ အသက် ၄၀ နှစ်…

Read More
VOM News

FREE
VIEW