အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့မှုကြောင့် အိမ်မွေးကြက်၊ဘဲတွေကို သုတ်သင်နေရ

ဒေလီ၊ ဇန်နဝါရီ-၆-၂၀၂၁
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံတစ်ဝန်းက တောရိုင်းငန်းတွေ၊ ကျီးကန်းတွေ၊ ဘဲတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိပြီးနောက် သောင်းပေါင်းများစွာသော အိမ်မွေးကြက်၊ ဘဲတွေကို သုတ်သင်မှုတွေ စတင်ပြုလုပ်နေပါတယ်။

နိုင်ငံအတွင်းက ပြည်နယ်အများအပြားမှာ ငှက်တွေအစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ပွားပြီးနောက် တစ်ပတ်အကြာမှာ H5N8 ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်ခုကို တာဝန်ရှိသူတွေက ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရဟာ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပြီး ကူးစက်မှုကိုထိန်းချုပ်ဖို့ အရေးပေါ်အစီအမံတွေပြုလုပ်ဖို့ ပြည်နယ်အစိုးရတွေကို တိုက်တွန်းထားပါတယ်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲတွေဟာ လူသားတွေအတွက် အသက်အန္တရာယ်နည်းပါးပေမယ့် သေဆုံးနေတဲ့ သို့မဟုတ် နာမကျန်းဖြစ်နေတဲ့ ကြက်၊ ဘဲတွေနဲ့ မထိတွေ့ဖို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကျဆင်းလာပေမယ့် လာမယ့်လအနည်းငယ်အတွင်းမှာ ပြည်သူသန်းပေါင်းများစွာကို ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်နေပါတယ်။

ဒါကြောင့် ပြည်နယ်တွေအနေနဲ့ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုအပေါ် အလျင်အမြန်တုံ့ပြန်မှုပြုနေပြီး အိမ်မွေးကြက်ဘဲတွေကို သုတ်သင်တာနဲ့ အခြားအစီအမံတွေကို ကြေညာထားပါတယ်။

Ref: BBC
Photo: ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW