မောင်တောမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတစ်ဦး စစ်တွေဆေးရုံကိုရောက်ရှိနေ

ဇန်နဝါရီ ၂၄ -၂၀၂၁ ထက်အောင်စိုင်း(VOM) မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာက တောထဲကို ဝါးသွားခုတ်တဲ့ ဒေသခံနှစ်ဦး ARSAအဖွဲ့လို့ ယူဆရတဲ့ လက်နက်ကိုင်တစ်စုက ဖမ်းဆီးရိုက်နှက်ခံရလို့ ပြင်းထန်ဒဏ်ရာတွေနဲ့ လူနာတစ်ဦး မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေဆေးရုံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဖမ်းဆီးရိုက်နှက်ခံရတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူတွေကတော့ အောင်သုခကျေးရွာက အသက် (၅၅) နှစ်အရွယ် ဦးကျော်ဇောအောင် နဲ့ တစ်ရွာတည်းနေသူ အသက် (၃၈) နှစ်အရွယ် ဦးမင်းသိန်းထွန်း တို့ဖြစ်ပါတယ်။ အသက် (၅၅) နှစ်ရှိ သက်ကြီးပိုင်းအရွယ် ဦးကျော်ဇောအောင်ဟာ ဖမ်းဆီးရိုက်နှက်ခံရတဲ့ ပြင်းထန်ဒဏ်ရာတွေနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်တွေဆေးရုံသို့ ရောက်ရှိနေတဲ့ ဦးကျော်ဇောအောင်ရဲ့ သမက်တော်စပ်သူ ကိုကျော်ဆန်းမင်းက “သူတို့က ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင်ဇန်နဝါရီ ၂၃ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၃- ၁- ၂၀၂၁ (VOM) – လွှတ်တော်တက်ဖို့ နေပြည်တော်ကိုလာတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ – မူဆယ်မှာ လ.ဝ.က ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါနဲ့ ပထမဦးဆုံးသေဆုံး – ကျောက်ဆည်မြို့မရဲစခန်းက အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ – မင်္ဂလာဒုံ UEC ကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားရေးသမား တွေ လာရောက်ဝန်းရံ – အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦး သံတုတ်နဲ့အရိုက်ခံရ – ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာအခက်အခဲဖြစ်ပေါ်နေ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် Voice of Myanmar လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့ အခမဲ့…

Read More

မန္တလေးခရိုင်မှာ ကိုဗစ်ကူးစက်မှုကျဆင်လို့ ကုသရေးစင်တာ ၅ခုကို ပြန်ပိတ်မယ်

ဇန်နဝါရီ ၂၃ -၂၀၂၁ ဖြူဖြူ(VOM) မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပေါ်မှု တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ကုသရေးစင်တာ ၅ ခုကို ပြန်ပိတ်တော့မယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနကနေ သိရပါတယ်။ “ ၇ မြို့နယ်လုံးဟာ လုံးဝကိုကျဆင်းလာပါပြီ။ အဲ့ဒီလို ကျဆင်းလာတာကြောင့် ပြည်သူလူထုကို အခြေပြုပြီးဖွင့်ထားတဲ့ (အသွားအလာကန့်သတ်ထားရှိတဲ့စင်တာ ၁၄ နေရာမှာလည်း ၅ ခုလောက်လည်း ပိတ်ထားပြီးဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ မန္တလေးတိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေကို လက်ခံကုသပေးနေတဲ့ဆေးရုံနဲ့ စင်တာ ၄၇ နေရာရှိတဲ့အထဲက ကုတင်-၁၀၀ဆံံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်ကြီးဆေးရုံထဲက ကိုဗစ်ကုသရေးစင်တာ၊ MSG ကုသရေးစင်တာ၊ သူနာပြုတက္ကသိုလ်မှာဖွင့်ထားတဲ့ အနံ့ပျောက်လူနာကုသရေးဌာနနဲ့ ကုတင်-၅၀ဆံံ့ ဇီးပင်ကြီးဆေးရုံတို့ကို ပြန်ပိတ်သိမ်းဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြထားတာဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ ရောဂါဖြစ်ပွားမှုကျဆင်းလာပေမယ့် ပေါ့ပေါ့ဆဆမနေကြဖို့၊ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ…

Read More

ကူးစက်မြန် သန္ဓေပြောင်းဗိုင်းရပ်စ်သစ် လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်စေဖွယ်ရှိ

လန်ဒန်၊ ဇန်နဝါရီ-၂၃-၂၀၂၁ မျိုးဆက် (VOM) ဗြိတိန်မှာ ကူးစက်မှုတွေဖြစ်ပေါ်နေတဲ့ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ ကနဦးသက်သေအထောက်အထားတွေမှာ တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး မရေရာမှုတွေများစွာရှိနေဆဲဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးတွေဟာ အဲ့ဒီသန္ဓေပြောင်းဗိုင်းရပ်စ်အပေါ် ထိရောက်မှုရှိဖို့ မျှော်လင့်နေကြပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားသစ် သို့မဟုတ် မူလဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ သေဆုံးမှုနှုန်းကို နှိုင်းယှဉ်တဲ့ အချက်အလက်တွေကို ပညာရှင်တွေက သုံးသပ်မှုတွေပြုနေပါတယ်။ သန္ဓေပြောင်းဗိုင်းရပ်စ်သစ်ဟာ လက်ရှိမှာတော့ ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ လန်ဒန်နဲ့ နိုင်ငံအရှေ့တောင်ဘက်မှာ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်သလို သေဆုံမှုနှုန်း ပိုမိုမြင့်မားစေတဲ့ သက်သေအထောက်အထားအချို့ကို တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အဲ့ဒီသန္ဓေပြောင်း ဗိုင်းရပ်စ်မျိုးစိတ်သစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ပြင်းထန်တဲ့ ဖိအားတွေအောက်ရောက်ရှိနေရတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောဆိုပါတယ်။ Ref :…

Read More

အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦး သံတုတ်နဲ့အရိုက်ခံရ

ဇန်နဝါရီ ၂၃ -၂၀၂၁ သိင်္ဂီထွန်း(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီဥက္ကဋ္ဌပိုင်တဲ့ Unique HTT အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦး အလုပ်ကနေအပြန် စက်ရုံလမ်းထောင့်မှာ သံတုတ်နဲ့အရိုက်ခံခဲ့ရတာကြောင့် ဦးခေါင်းပိုင်းထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ အလုပ်သမားခေါင်းဆောင်တွေ စက်ရုံကနေ အလုပ်ပြန်ချိန် စက်ရုံလမ်းထောင့်မှာ တစ်ကိုယ်လုံးအကာအကွယ်ယူထားတဲ့ လူနှစ်ယောက်ဟာ သံတုတ်ကိုင်ဆောင်ပြီး ရိုက်နှက်ကာ ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ “မနေ့က ညနေမှာ အရိုက်ခံရတာပါ။ အရင်က ၇နှစ် ၈ နှစ်လောက်မှာတောင် ဒါမျိုးမကြုံခဲ့ရဘူး။ အခု အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြစ်ပွားပြီးတဲ့အခါကျမှ ဒါမျိုးဖြစ်တယ်။ မနေ့က စက်ရုံမှူးက အလုပ်သမားအနည်းငယ်ခေါ်ပြီးအစည်းအဝေးကို အလှည့်ကြပြုလုပ်တယ်။အဲ့ဒီမှာ သူက သူတို့တရုတ်ပြည်မှာဆိုရင် အလုပ်သမားခေါင်းဆောင်တွေကို လူမိုက်ငှါးပြီး သတ်ခိုင်းလို့တောင်ရတယ်လို့ ခြိမ်းခြောက်စကားမျိုးသွယ်ဝိုက်သောနည်းနဲ့ပြောတယ်လို့ အလုပ်သမားတွေကပြန်ပြောပြတယ်။ ဒီတော့ အလုပ်သမားတွေက အခုလို…

Read More

ကျောက်ဆည်မြို့မရဲစခန်းက အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၃ -၂၀၂၁ သက်ထားခင်(VOM) ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်တရားခံတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ-မရှိစစ်ဆေးလိုက်ရာကနေ အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့မရဲစခန်းကနေ သိရပါတယ်။ “လောလောဆယ်တော့ ၁၅ ဦး တွေ့ပါတယ်၊ ဘယ်သူကနေ ကူးမှန်းတော့ မသိသေးဘူး၊ အချုပ်တရားခံတွေကိုတော့ ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်းတွေ့မှာ သီးခြားချုပ်ထားတယ်၊ ရဲတပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံပို့ထားပါတယ်”လို့ ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်ဆည်မြို့မရဲစခန်းမှာ ပြစ်မှုအမျိုးမျိုးနဲ့ ချုပ်ထားတဲ့ အချုပ်တရားခံ ၁၁ ဦးကို အိုးဘိုထောင်ကို ပို့လိုက်ချိန် ထောင်ကနေ ကိုဗစ်ပိုးရှိ-မရှိစစ်ဆေးလိုက်ရာ အချုပ်တရားခံနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် အချုပ်သား ၁၁ ဦးစလုံး ရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အချုပ်သား ၁၁ ဦးကို သီးခြားစီထားရှိခဲ့ပြီး လိုက်ပါပို့ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်…

Read More

ရုရှားနိုင်ငံထုတ် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြန်မာ့တပ်မတော် ဝယ်ယူမယ်

မော်စကို၊ ဇန်နဝါရီ ၂၃-၂၀၂၁ မျိုးဆက် (VOM) မြန်မာစစ်ဘက်ဟာ ရုရှားနိုင်ငံရဲ့ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ Orlan-10E မောင်းသူမဲ့လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီလိုဝယ်ယူမှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာစစ်ဘက်တို့အကြား ၂၀၀၁ ခုနှစ်ကစပြီး နှစ်ဘက်အကျိုးရှိစေမယ့် စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ကြပြီး ရုရှားဟာ မြန်မာစစ်ဘက်ကို MiG-29 လေယာဉ် အစင်း ၃၀ ၊ Yakolev-130 တိုက်ပွဲဝင်လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စင်း၊ Mi-24 နဲ့ Mi-35P ရဟတ်ယာဉ် ၁၀ စင်း၊ Pechora-2M လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ရေဒါတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အမြောက်တွေကို ရောင်းချခဲ့ပါတယ်။ ဒါ့အပြင်…

Read More

မင်္ဂလာဒုံ UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်တွေနဲ့ အမျိုးသားရေးသမားတွေ လာရောက်ဝန်းရံ

ဇန်နဝါရီ ၂၃ -၂၀၂၁ အေးချမ်းသူ(VOM) မင်္ဂလာဒုံမြို့နယ် ၊ ဗိုလ်ခြံမှတ်တိုင်အနီး ၊ ပြည်လမ်းမပေါ်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားရေးသမား ၃၀၀ နီးပါး လာရောက်ဝန်းရံခဲ့ကြပါတယ်။ ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးက “တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုသလို၊ မှန်မှန်ကန်ဆုံးဖြတ်ပေးဖို့လည်းလိုပါတယ်၊ ကျွန်တော်တို့ပြည်သူတွေတောင်းဆိုနေတာ အနိူင်အရှုံးရလဒ်ကို တောင်းဆိုနေတာမဟုတ်ပါဘူး၊ ဒီမိုကရေစီအရ တရားမျှတမှုကို တောင်းဆိုနေတာ”လို့ ပြောပါတယ်။ UECကန့်ကွက်ပွဲမှာ “ဒီမိုကရေစီပျက်သုဉ်းမည့်လုပ်ရပ်များ အလိုမရှိ “၊ ” ပြည်သူ့ရဲများ ပြည်သူကိုစောင့်ရှောင့်ပေးပါ”၊ ” ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးပါ”၊ “မီဒီယာများ အမှန်တရားကိုဖော်ထုတ်ပေးပါ”စတဲ့ ကြွေးကြော်စာသားတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီမှ ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမင်းသန်း၊ မရမ်းကုန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသီဟနဲ့ ပါတီဝင်များ၊ အမျိုးသားရေးသမားတွေအပါအဝင် အင်းအား ၃၀၀ ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဒီကနေ့ ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးဟာ…

Read More

ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာအခက်အခဲဖြစ်ပေါ်နေ

ဇန်နဝါရီ ၂၃ -၂၀၂၁ ထက်အောင်စိုင်း (VOM) စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းမှာ အစိုးရကထောက်ပံ့ပေးတဲ့ ရိက္ခာဆန် မရောက်ရှိတာဟာ တစ်လလောက်ကြာနေပြီဖြစ်တာကြောင့် ဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ စစ်ဘေးရှောင်တွေပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဆီ၊ ဆား၊ ငရုတ်၊ ကြွက်သွန် တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းက ဒေါ်စန်းဝင်းရွှေကတော့” စားရသောက်ရတာတွေကလည်း အခက်အခဲ အကျပ်အတည်းခံပြီး စားနေရတယ်။ ဆန်ကလည်း အရင်ကဆိုရင် အစိုးရဆီကရတယ်၊ အခု မရောက်တော့ဘူး။ ဒီလအတွက် လုံးဝမရောက်သေးဘူး။ ရိက္ခာတွေမရောက်တော့ အပြင်မှာ အငှားလိုက်လို့ကျရင်ရတယ်။ မကျတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်မျှဝေစားသောက်ကြရတယ်”လို့ ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နဲ့ အနီးအနားမှာတည်ရှိတဲ့ အဲဒီ စစ်ဘေးရှောင်စခန်းဟာ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့စားဝတ်နေရေးအခက်အခဲတွေကို အစိုးရက ဖြေရှင်းမပေးနိုင်သေးတာ…

Read More

ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း

မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM)   အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။   အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။   အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  အစိုးရဖွဲ့ဖို့  ဖေဖော်ဝါရီ ၁ရက်မှာ…

Read More
VOM News

FREE
VIEW