ကျောက်ဆည်မြို့မရဲစခန်းက အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၃ -၂၀၂၁
သက်ထားခင်(VOM)

ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်တရားခံတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ-မရှိစစ်ဆေးလိုက်ရာကနေ အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့မရဲစခန်းကနေ သိရပါတယ်။

“လောလောဆယ်တော့ ၁၅ ဦး တွေ့ပါတယ်၊ ဘယ်သူကနေ ကူးမှန်းတော့ မသိသေးဘူး၊ အချုပ်တရားခံတွေကိုတော့ ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်းတွေ့မှာ သီးခြားချုပ်ထားတယ်၊ ရဲတပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံပို့ထားပါတယ်”လို့ ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်ဆည်မြို့မရဲစခန်းမှာ ပြစ်မှုအမျိုးမျိုးနဲ့ ချုပ်ထားတဲ့ အချုပ်တရားခံ ၁၁ ဦးကို အိုးဘိုထောင်ကို ပို့လိုက်ချိန် ထောင်ကနေ ကိုဗစ်ပိုးရှိ-မရှိစစ်ဆေးလိုက်ရာ အချုပ်တရားခံနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် အချုပ်သား ၁၁ ဦးစလုံး ရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အချုပ်သား ၁၁ ဦးကို သီးခြားစီထားရှိခဲ့ပြီး လိုက်ပါပို့ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုလည်း သီးခြားစီထားရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင်နှစ်ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျောက်ဆည်မြို့မရဲစခန်းမှာ အရင်ကလည်း ပိုးတွေ့လူနာတွေ့ရှိခဲ့တဲ့အတွက် semilock down ချထားခဲ့ပြီး ပြန်ဖြေလျှော့ပေးခဲ့တာဟာ မကြာသေးဘူးလို့လည်း သိရပါတယ်။

Photo – Soe Thiha
#voiceofmyanmar #VOM #ကျောက်ဆည် #မြို့မရဲစခန်း #အချုပ်သား၁၁ဦး #ရဲတစ်ဦး #ကိုဗစ်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW