တိုကျို၊ ဇန်နဝါရီ ၁၉-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုယ့်ကိုကိုယ်သတ်သေမှုနှုန်းဟာ အစိုးရက ကူညီထောက်ပံ့မှုတွေပေးခဲ့တဲ့ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ကျဆင်းခဲ့ပေမယ့် ဒုတိယလှိုင်းကျရောက်ချိန်မှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူတွေအပါအဝင် သတ်သေမှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ဇူလိုင်လမှ အောက်တိုဘာလအထိ သတ်သေမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း ၁၄ ရာခိုင်နှုန်းကျဆင်းမှုထက် သိသိသာသာမြင့်တက်ခဲ့တယ်လို့ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နဲ့ တိုကျိုလူမှုဆိုင်ရာအင်စတီကျုမှ သုတေသီတွေရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ပုံမှန်စီးပွားရေးအခြေအနေတွေနဲ့ မတူညီတာကြောင့် အခုကပ်ရောဂါဟာ ကလေးငယ်တွေ၊ လူငယ်တွေနဲ့ အထူးသဖြင့်အိမ်ရှင်မအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အချိုးအစားမမျှတစွာ သက်ရောက်ခဲ့တေယ်လို့ သုတေသီတွေက ပြောပါတယ်။ ကပ်ရောဂါအစောပိုင်းကာလတွေမှာ သတ်သေမှုနှုန်းကျဆင်းရတာဟာ အစိုးရရဲ့ထောက်ပံ့ကြေးပေးမှု၊ အလုပ်ချိန်လျှော့ချတာနဲ့ စာသင်ကျောင်းတွေ ပိတ်ထားတာတွေကြောင့်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ကာလကြာရှည် ကပ်ရောဂါဖြစ်ပွားနေတာဟာ အမျိုးသမီးအများစုလုပ်ကိုင်နေတဲ့…
Read MoreMonth: January 2021
ဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံး
ဇန်နဝါရီ ၁၉ -၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မရမ်းပင်ချောင်းကျေးရွာမှာ မနေ့ ဇန်ဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းက ကွဲကွာနေတဲ့ ဇနီးကို ပြန်လည်ပေါင်းသင်းဖို့ခေါ်ဆိုရာ ခေါ်မရတဲ့အတွက် ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့သမုတ်နယ်မြေရဲစခန်းကနေ သိရပါတယ်။ ” အခင်းမဖြစ်မှီ တစ်ရက်က ကွဲနေတဲ့ဇနီးကို သဲပုံဆိပ်ရွာမှာသွားခေါ်တာကို လိုက်မလာလို့ဆိုပြီး သူ့အမေအိမ်ကို မူးပြီးရောက်လာသေးတယ်လို့ သိရတယ်။ နောက်တစ်နေ့ မနက်ကျ ရာဘာခြံထဲက အိမ်မှာ ကြိုးဆွဲချ သေဆုံးနေတာကို အလုပ်သမားတစ်ဦးကတွေ့ခဲ့တာပါ”လို့ သမုတ်နယ်မြေရဲစခန်းမှ တာဝန်ခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မရမ်းပင်ချောင်းကျေးရွာအနီး ရာဘာခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀အရွယ်အမျိုးသားဟာ နေအိမ်တန်းလျားက ထုပ်တန်းတစ်ခုမှာ ကြိုးဆွဲချသေဆုံးနေတာကို ရာဘာခြစ်ဖို့ ဓါးလာငှားတဲ့ ကုမ္ပဏီက လုပ်သားတစ်ဦးမြင်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မိဘတွေနေအိမ်ပြန်သွားတဲ့ ဇနီးကို လိုက်ခေါ်တာ ပြန်မလိုက်တာကြောင့် စိတ်ညစ်နေတယ်ဆိုပြီး မိခင်ဖြစ်သူကို…
Read Moreသစ်တောပြုစုထိန်းသိမ်းရေး ဘာကြောင့် အရေးကြီးသလဲ
သွေး (စစ်ကိုင်း) သစ်တောတွေဟာ ဂေဟစနစ်အတွက် အလွန်အရေးပါသလို သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့ အထဲမှာ ကျမတို့ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ရေအရင်းအမြစ် ရှားပါးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောထွက် သယံဇာတတွေ နည်းပါးလာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် တရားမဝင် သစ်ထုတ်လုပ်မှုတွေကို ဟန့်တားပိတ်ပင်ဖို့ လိုအပ်နေသလို သစ်တောတွေ ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ဆောင်သွားဖို့ ပါ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံ့ဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်စဉ်ပြုန်းတီးမှုကတော့ နိုင်ငံ ဧရိယာရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို နှစ်စဉ် နိုင်ငံ့ဧရိယာရဲ့ ၁…
Read Moreအင်းစိန်မှာ ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲလုပ်သူတွေ ဖမ်းဆီးခံရ
ဇန်နဝါရီ ၁၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ရှေ့၊ ပလက်ဖေါင်း မြက်ခင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်မှုကို ထောက်ခံကြောင်းပြုလုပ်ခဲ့ရာ ဦးဆောင်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ “တပ်မတော်က ပြည်သူနဲ့တစ်သားတည်းရှိနေတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေဟာ ဒီမိုကရေစီတည်တံ့ရေးကိုဦးတည်နေတယ်၊ တပ်မတော်ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ကြိုဆိုတဲ့အနေနဲ့ အခုလိုပြုလုပ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူ ဦးသိန်းဦးက ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ငြိမ်းစုစီမတင်တဲ့အတွက် အင်းစိန်မြို့မရဲစခန်းက ရဲမှူးတစ်ဦးနဲ့ ဆန္ဒထုတ်ဖော်သူတို့ စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီပွဲကို ဦးဆောင်ပြုလုပ်တဲ့ ဦးသိန်းဦး နဲ့ ဝန်းရံသူ ၁၆ ဦးဟာ ” ဒီမိုကရေစီ တည်တံ့ရေး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပါ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပါသည်”စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးသိန်းဦးကို ငြိမ်းစုစီဥပေ အရ အရေးယူဆောင်ရွက်ဖို့…
Read Moreခရီးသွားလုပ်ငန်းတွေ ဇွန်လနောက်ပိုင်းမှာ ပြန်လည်အဆင်ပြေလာနိုင်မယ်
ဇန်နဝါရီ ၁၉ -၂၀၂၀ ယဉ်ပပထွန်း(VOM) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို ဇွန်လနောက်ပိုင်းမှာ ပြန်လည်ပြီး အဆင်ပြေလာနိုင်မယ်လို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်ကပြောပါတယ်။ “ ခရီးသွားလုပ်ငန်းက ရောဂါအခြေအနေပေါ်မှုတည်တယ် ။ ၃ လပိုင်းနဲ့ ၆လပိုင်းလောက်မှာ ကာကွယ်ဆေးရနိုင်မယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်တယ်။ ဇွန်လနောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် အဆင်ပြေလာနိုင်တယ်လို့ မြင်ပါတယ်“လို့ ဒေါက်တာအောင်ရဲဇော်ကပြောပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရောဂါအကာအကွယ် နဲ့ စနစ်တကျလုပ်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တွန်းအားပေးပြီးလုပ်လာမယ်လို့ မျှော်လင့်မိကြောင်း ဒေါက်တာအောင်ရဲဇော်က ပြောပါတယ် ။ “ ဒီဟာကို မဖွင့်ပေးလို့မရဘူး၊ ဘာလို့လဲဆိုတော့ နေရာတွေအားလုံးမှာ ကန့်သက်ချက်တွေများနေမယ်ဆိုရင် စီးပွားရေးမှာ အဟန့်အတားဖြစ်မယ်။ ဘာလို့လဲဆိုတော့ တော်တော်များများ ခရီးသွားလုပ် ငန်းကို အမှီပြုပြီးလုပ်နေကျတဲ့ လုပ်ငန်းတွေရှိတယ်။ ကန့်သက်ထားတဲ့ အတွက်ကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းအားလုံးက သက်ရောက်မှုဖြစ်ပြီးတော့ စီးပွားဖြစ်ထွန်းမှု အားနည်းနေတယ်။ ပြန်လည်ကုသဖို့က…
Read Moreမြို့နယ် ၄ ခုမှာ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲ တစ်နေ့တည်းပြုလုပ်ခဲ့
ဇန်နဝါရီ ၁၉ -၂၀၂၁ အေးချမ်းသူ(VOM) တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကန့်ကွက်ပွဲကို မရမ်းကုန်း ၊ ပုသိမ် ၊ အိမ်မဲ ၊ ပေါက် စတဲ့ မြို့နယ် ၄ခုမှာ မနေ့ ဇန်နဝါရီ ၁၈ရက်နေ့က တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ အိမ်မဲမြို့နယ်မှာ မနေ့ညနေပိုင်းက UECကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အိမ်မဲမြို့နယ်၊ ဝါးကလုပ်ကျေးရွာမှာ လူ ၃၀ဦးခန့်ဟာ ” မဲမသမာမှုများရှင်းပြီးမှ အစိုးရဖွဲ့ပါ၊ မဲမသမာမှုများဖြင့်ဖွဲ့စည်းမည့်အစိုးရ အလိုမရှိ၊ ပြည်သူ့အာဏာ ခိုးသူ ဒို့ရန်သူ၊ တရားသူကြီးချုပ်မှ အမှန်တရားဘက်မှရပ်တည်ပေးပါ၊ ဥပဒေနှင့်မညီသည့်ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ မဲမသမာမှုများ စစ်ဆေးပေးရေး ဒို့အရေး” စတဲ့စာသားပါဗွီနိုင်းတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ပုသိမ်မြို့နယ်မှာလည်း လူအင်အား ၃၀ဦးနဲ့ ရွေးကောက်ပွဲရလဒ်အလိုမရှိကြောင်း တပြိုင်နက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် ၊ ပါရမီလမ်းဆုံမီးပွိုင့်အနီးမှာလည်း လူ၂၀ဦးခန့်က…
Read Moreစစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ
ဇန်နဝါရီ ၁၉ -၂၀၂၁ ခွန်ခမ့်သူ(VOM) စစ်ဘေးရှောင်စခန်းတွေ ပြန်လည်နေရာချထားရေးလုပ်ငန်းထဲက နေအိမ်တွေပြန်တည်ဆောက်လုပ်ဖို့ မြေနေရာပြုပြင်ရာမှာ စက်ယန္တရားလိုအပ်ချက်တွေရှိနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ယာယီဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ပြန်လည်ပိတ်သိမ်းသွားမှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး နဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ရေး အဆင်ပြေစေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ စက်ယန္တရားတွေနဲ့ မြေရိုင်းရှင်းလင်းရေးပဲ ရှိပါသေးတယ်။ ဒီနှစ်ထဲမှာ ပြီးနိုင်ဖို့က စက်ယန္တရားတွေရဲ့ အင်အားလိုတာပေါ့။ စက်ယန္တရားကိုင်တွယ်တဲ့လူတွေ Social Distancing ကလည်း ရှိတယ်။ ကျန်းမာရေးညွန်ကြားချက်နဲ့အညီ လုပ်ရတယ်ဆိုတော့ လုပ်ငန်းပြီးစီးဖို့ မှန်းလို့မရသေးဘူး”လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်ကပြောပါတယ်။ မြေနေရာဖော်ထုတ်ရာမှာ မြိုင်ကြီးငူဆရာတော်ရဲ့ စက်ယန္တရားတစ်စီးတည်းနဲ့ လုပ်ဆောင်နေရတဲ့အတွက် စက်ယန္တရားပျက်ပြီး အလုပ်မဖြစ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ် အစိုးရဆီကပဲ ထောက်ပံ့ပေးသေးတယ်။ လက်တလောအခက်အခဲက ကားပျက်တဲ့အချိန်မှာ ဘာမှလဲလုပ်မရတော့ဘူး။ ကားကတော့ပျက်နေပြီး…
Read Moreပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ရဲ့အခြေအနေကို ကျောင်းသားတွေက ရှင်းလင်းမှုပြုလုပ်
ဇန်နဝါရီ ၁၉ -၂၀၂၁ ထက်အောင်စိုင်း (VOM) ကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကိစ္စ၊ လက်ရှိရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)ရဲ့ သဘောထားနဲ့ ဆက်စပ်ပြီး ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့ ကျောင်းသားသမဂ္ဂရုံးမှာ မနေ့ ဇန်နဝါရီ ၁၈ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ကျောင်းသားတွေ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားစွဲခံရပေမယ့် ရုံးချိန်းတွေခေါ်တာမရှိဘဲ အချိန်ကြာကြာ ရုံးချိန်နေ့ရက်တွေရွှေ့ဆိုင်းနေတာဟာ မဖြစ်သင့်ကြောင်း နဲ့ ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်)ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောပါတယ်။ ” ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် လက်နက်ကြီးကျပြီး သေဆုံးသွားတဲ့ ပညာရေးဝန်ထမ်းအပြင် အပြစ်မဲ့အရပ်သားပြည်သူတွေကို အစိုးရအနေနဲ့ ပြည်သူတွေကို အပြည့်အဝကူညီပေးမှု အားနည်းလို့ ဝေဖန်ထောက်ပြပါတယ်”လို့ ကိုတိုးတိုးအောင်က ပြောပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်ငြိမ်ထွန်းကလည်း ” ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ တာဟာ…
Read MoreVoice Of Myanmar ရဲ့ 18-1-2021 သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
– ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို – ‘ဝ’ ဒေသမှာ ကိုဗစ်လူနာ ၃၀၀နီးပါးရှိလာ – တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ – ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ – အမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး – (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို ကျင်းပဖို့ စီစဉ်နေပြီ – နိုင်ငံရေးမှုနဲ့ ဖမ်းဆီး၊ ထောင်ချခံရတဲ့ ကျောင်းသား ၁၆ယောက်ရှိပြီ – ဦးဝီရသူကိစ္စ ဆန္ဒပြခဲ့ကြတဲ့ သံဃာ ၃ ပါးနဲ့ လူ ၅ဦးကို မြို့နယ်နှစ်ခုမှာအမှုဖွင့်ထား – ကျောက်တော်က မိုင်းထိလူနာအမျိုးသမီးတစ်ဦး စစ်တွေဆေးရုံမှာသေဆုံး – ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews…
Read MoreScience has delivered, will the WTO deliver?
TRIPS waiver proposal from India, South Africa and other members Opinion By Brajendra Navnit, Ambassador and Permanent Representative of India to WTO A proposal by India, South Africa and eight other countries calls on the World Trade Organisation (WTO) to exempt member countries from enforcing some patents, and other Intellectual Property (IP) rights under the organization’s Agreement on Trade-Related Aspects of…
Read More