ခရီးသွားလုပ်ငန်းတွေ ဇွန်လနောက်ပိုင်းမှာ ပြန်လည်အဆင်ပြေလာနိုင်မယ်

ဇန်နဝါရီ ၁၉ -၂၀၂၀
ယဉ်ပပထွန်း(VOM)

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို ဇွန်လနောက်ပိုင်းမှာ ပြန်လည်ပြီး အဆင်ပြေလာနိုင်မယ်လို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်ကပြောပါတယ်။

“ ခရီးသွားလုပ်ငန်းက ရောဂါအခြေအနေပေါ်မှုတည်တယ် ။ ၃ လပိုင်းနဲ့ ၆လပိုင်းလောက်မှာ ကာကွယ်ဆေးရနိုင်မယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်တယ်။ ဇွန်လနောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် အဆင်ပြေလာနိုင်တယ်လို့ မြင်ပါတယ်“လို့ ဒေါက်တာအောင်ရဲဇော်ကပြောပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရောဂါအကာအကွယ် နဲ့ စနစ်တကျလုပ်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တွန်းအားပေးပြီးလုပ်လာမယ်လို့ မျှော်လင့်မိကြောင်း ဒေါက်တာအောင်ရဲဇော်က ပြောပါတယ် ။

“ ဒီဟာကို မဖွင့်ပေးလို့မရဘူး၊ ဘာလို့လဲဆိုတော့ နေရာတွေအားလုံးမှာ ကန့်သက်ချက်တွေများနေမယ်ဆိုရင် စီးပွားရေးမှာ အဟန့်အတားဖြစ်မယ်။ ဘာလို့လဲဆိုတော့ တော်တော်များများ ခရီးသွားလုပ် ငန်းကို အမှီပြုပြီးလုပ်နေကျတဲ့ လုပ်ငန်းတွေရှိတယ်။ ကန့်သက်ထားတဲ့ အတွက်ကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းအားလုံးက သက်ရောက်မှုဖြစ်ပြီးတော့ စီးပွားဖြစ်ထွန်းမှု အားနည်းနေတယ်။ ပြန်လည်ကုသဖို့က မဖြစ်မနေ ပြန်လည်ဆောင်ရွက်ရမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးလာတဲ့အချိန်မှာတော့ ဖြည်းဖြည်းခြင်း လူတွေက အသိစိတ်ပိုများလာပြီးတော့ ခရီးသွားလုပ်ငန်း ပြန်ပြီးတော့ ဦးမော့လာမယ်ထင်တယ်။ လုပ်ငန်းကပြန်လည်ရှင်သန်ဖို့မြင်တယ်“လို့ ဒေါက်တာအောင်ရဲဇော်က သုံးသပ်ပြောပါတယ်။

ပုဂံခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ဆွေကတော့ “ခရီးသွားလုပ်ငန်းက ကိုဗစ်မတိုင်ခင်ကတည်းက ဖြစ်နေတာပါ။ ခရီးသွားက ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်နေတော့ လုပ်ငန်းတွေရပ်နေရတယ်။ ကြုံရာလုပ်နေရတယ်၊ တချို့က မိသားစုလုပ်ငန်း၊ တချို့က ကြုံရာအလုပ်ပြောင်းလုပ်နေရတယ်။ ဖြစ်နေခြေရှိတာတော့ ကာကွယ်ဆေးထိုးရတော့မယ်ဆိုရင်တော့ ခရီးသွားက ပြန်စမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက လက်ရှိ ၁ နှစ်နီးပါးကြာတဲ့အချိန်ထိ ခရီးသွားလုပ်ငန်းတွေကို ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ခရီးသွားလုပ်ငန်း #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW