ဇန်နဝါရီ ၁၇ -၂၀၂၁ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က လမ်းဖြတ်ကူးသူကို ကားနဲ့ဝင်တိုက်ရာက လူသေဆုံးသွားလို့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား တစ်ဦးမှာ Covid-19 ပိုးတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ပြင်ပလူပုဂ္ဂိုလ် ၆ ဦး၊ စုစုပေါင်း၂၀ ဦးကို ကွာရန်တင်း ပြုလုပ်ထားရတယ်လို့ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ယာဉ်တိုက်မှုနဲ့ အဖမ်းခံထားရတာကို မနေ့က Test Kitနဲ့စစ်ဆေးချိန်ပိုးတွေ့ရတာ။ ဖယ်ခုံဘက် ခရီးသွားရာဇဝင်ရှိထားတယ်လို့ သိရတယ်။ လက်ရှိရဲတပ်ဖွဲ့ဝင်နဲ့ ထိတွေ့သူ၂၀ ကို စောင့်ကြည့်ထားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရောဂါပိုးတွေ့ရှိသူ အမျိုးသားဟာ ပြီးခဲ့တဲ့ နှစ်ရက်ခန့်က ဖယ်ခုံမြို့နယ်၊ ဆီဘူးဒေသကို သွားလာထားသူတစ်ဦးဖြစ်ပြီး လက်တစ်လော ဒီးမော့ဆိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က)နဲ့…
Read MoreMonth: January 2021
လှည်းကူးမှာ စိုက်ပျိုးရေး အခမဲ့သင်တန်းကျောင်း ဖွင့်မယ်
ဇန်နဝါရီ ၁၇ -၂၀၂၁ အေးချမ်းသူ(VOM) တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားဖွံဖြိုးရေးအတွက် နည်းပညာတွေကိုလေ့လာနိူင်ဖို့ ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းကို လှည်းကူးမြို့၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာမှာဖွင့်မယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းကျောင်းတည်ဆောက်ဖို့အတွက် ဒီကနေ့မနက်ပိုင်းက နှုတ်ခမ်းမွှေးသိုက်ကျေးရွာရှိ တောင်သူတွေကနေ မြေနေရာလှူဒါန်းမှုပြုလုပ်ခဲ့ကြပါတယ်။ အစိုးရနဲ့ မြန်မာနိူင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(AFFM)တို့ ပူးပေါင်းကာ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းနည်းပညာကို လေ့လာနိူင်ဖို့ ပုဂ္ဂလိကသင်တန်းကျောင်းကို မကြာခင်တည်ဆောက်သွားမှာဖြစ်တယ်လို့ AFFM ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ သင်တန်းကျောင်းဆောက်လုပ်ဖို့ လယ်ယာမြေလှူဒါန်းခဲတဲ့ ဒေါ်ကျင်စန်းက “တစ်နိူင်ငံလုံးအတိုင်းအတာအတွက်လှူတာပါ၊ စိုက်ပျိုးရေးဆိုတာ အရင်ကပြောသံကြားရုံပဲလုပ်ခဲ့ရတာ နည်းပညာကို မသိဘူး။ နည်းပညာကိုမသိတော့ ရှုံးတာပေါ့။ စီးပွားရေးကျဆင်းတယ်။ အတက်ပညာမရှိတဲ့ လယ်သမားတွေကို အသိပညာရစေချင်တဲ့အတွက် လှူဒါန်းရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။ AFFM ပုဂ္ဂလိကသင်တန်ကျောင်းမှာ စိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ လယ်သမားလူငယ်တွေကို အော်ဂန်းနစ်နည်းပညာ၊နွေစပါးစိုက်ပျိုးခြင်း၊ သစ်သီးဝလံစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ ထိန်သိမ်းကာကွယ်ခြင်း အစရှိတဲံဘာသာရပ်တွေကို နည်းပြဖြစ်သည်အထိ အခမဲ့သင်ကြားပေးသွားမှာဖြစ်တယ်လို့ AFFMဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ AFFM ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းမှာ…
Read Moreဆောင်းတွင်းကာလ ရခိုင်စစ်ဘေးရှောင်တွေ ဘဝဖြတ်သန်းမှုခက်ခဲနေဆဲ
ဇန်နဝါရီ ၁၇ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ဟာ ဘဝဖြတ်သတ်မှုတွေ အခက်အခဲအမျိုးမျိုးရှိနေပြီး အထူးသဖြင့် ဆောင်းတွင်းကာလမှာ မြောက်ဦးမြို့လို အအေးဓာတ်များတဲ့နေရာက စစ်ဘေးရှောင်တွေဟာလည်း လိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်။ မြောက်ဦးမြို့က မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှာတော့ ဆောင်းတွင်းကာလမှာ အနွေးထည်နဲ့ စောင်တွေဟာ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်နေပြီး မိသားစုဝင်တွေများတဲ့အတွက် စောင်မလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကနေ သိရပါတယ်။ မြတန်ဆောင်စစ်ဘေးရှောင်စခန်းတာဝန်ခံပြောတာကတော့” ဆောင်းရာသီဖြစ်တဲ့အတွက် နံပါတ်(၁)လိုအပ်တာက စောင်နဲ့ အနွေးထည်တွေပေါ့။ အဲဒါတွေက လောက်ငှမှုမရှိဘူး။ မိသားစုက (၅) ယောက် စောင်က (၂) ထည် အဲ့ဒီလိုမျိုး အခက်အခဲတွေဖြစ်ပါတယ်။ ရှိတဲ့အနွေးထည်တွေကလည်း အရင်နှစ်တွေက အဟောင်းတွေ ဖြစ်နေတယ်။ အသုံးပြုဝတ်ဆင်ရတာ အဆင်မပြေဘူး။ အနွေးထည် လိုအပ်နေပါတယ်”လို့ ပြောပါတယ်။ အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့အကူညီတွေဟာလည်း…
Read Moreမြင်းခြံမြို့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒပြ
ဇန်နဝါရီ ၁၇ -၂၀၂၁ အေးချမ်းသူ(VOM) မြင်းခြံမြို့မှာ တပ်မတော်ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲတရားမျှတမှုလိုလာကြောင်း ဆန္ဒဖော်ထုတ်ဟောပြောပွဲကို မနေ့ ဇန်နဝါရီ(၁၆) ရက်မနက်ပိုင်းက မြင်းခြံမြို့ နာရီစင်ကနေ ဟစ်တိုင်ကွင်းအထိ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ” တပ်မတော်ထောက်ခံပွဲလုပ်ရတာဟာ တပ်နဲ့ပြည်သူ သွေးခွဲမှုတွေရှိနေလို့ ပြည်သူအများစုက တပ်မတော်ကိုထောက်ခံနေတာကို သိစေဖို့ လုပ်ရခြင်းဖြစ်တယ်၊ တပ်မတော်ကို ဘယ်သူမျိုးစေ့ချပေးတာလဲ ဗိုလ်ချုပ်အောင်ဆန်း ဒီလို ဗိုလ်ချုပ်အောင်ဆန်း မျိုးစေ့ချခဲ့တဲ့ တပ်မတော်ကို ဖောင်းထုနေတဲ့သူတွေကို ဆန့်ကျင်ပြီး တပ်မတော်ကိုထောက်ခံတာ”လို့ ဦးဆောင်ဟောပြောသူ ဦးကျော်ဝင်းကပြောပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ မြင်းခြံမြို့နာရီစင်ကနေ “တပ်မတော်ကိုဖြိုခွဲသူ ဒို့ရန်သူ၊ တန်းတူညီမျှမရှိသောလုပ်ရပ်များ ဆန့်ကျင်ကြ” စတာတွေကို ကြွေးကြော်ပြီး ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဦးဆောင်ဟောပြောရာမှာပါဝင်တဲ့ ဒေါ်သီတာယုမွန်ကလည်း “တပ်မတော်က မဲစာရင်းကိစွမှာ စာရင်းဇယားနဲ့ဖော်ပြတာကို တစ်ဖက်ပိတ်တွေက တပ်မတော်နဲ့မဆိုင်ဘူးလို့ပြောနေတယ်၊ တပ်မတော်အနေနဲ့ တရားမျှတမှုရရှိဖို့ လုပ်ဆောင်နေတာ”လို့ ပြောပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကို COVID-19 ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ…
Read Moreနေရပ်ပြန် စစ်ရှောင်တွေနေတဲ့ ရွာဘေးမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကန့်ကွက်
ဇန်နဝါရီ ၁၇ -၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ ကျွန်းတောကျေးရွာအနီးက တောင်ယာနေရာမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဇွမ်ဘရန်ဆိုင်းက “လက်ရှိမှာတော့ တောင်ပေါ်မှာ ဆေးနီသုတ်ထားတဲ့ အမှတ်အသား စိုက်ထူထားတာ တွေ့ရပါတယ်။ ရွာသားတွေကတော့ အဲ့ဒီနေရာဟာ ဘိုးစဉ်ဘောင်ဆက် တောင်ယာခုတ် ၊ ထင်းခုတ် ၊ တောလိုက် ၊ ဆေးမြစ်တူး လုပ်ကိုင်လာတဲ့ နေရာဖြစ်လို့ မြေလွတ်မြေရိုင်း ချထားမပေးဖို့ပါ၊ ဒီတောင်က ကျွန်တော်တို့ရွာရဲ့ အိမ်သုံးပစ္စည်း သစ်၊ ဝါး၊ ဟင်းသီးဟင်းရွက်တွေခူး တောင်ယာလုပ်စားနေတာ၊ ရွာသားတွေက ပိုက်ဆံလည်းရှိတာမဟုတ်ဘူး။ ဒီတောင်ကို မှီခိုပြီး အသက်မွေးနေကြရတာ ဒါကြောင့် ကန့်ကွက်တာပါ”လို့ ပြောပါတယ်။ ဒေသခံတောင်သူ ဦးနန်ဇိန်းလကလည်း ” လက်ရှိ ဆေးအနီသုတ်ပြီး ဧရိယာသတ်မှတ်ထားတဲ့နေရာမှာ ကျွန်းတောကျေးရွာ သောက်သုံးရေအတွက် သွယ်တန်းထားတဲ့ စိမ့်စမ်းရေကန်…
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
16-1-2021 ညနေခင်းသတင်း – SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ပြီဆိုတဲ့ – နယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား – အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ – အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ – ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်မှုဖြစ်ပွား – တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ် VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့…
Read Moreတရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ်
ဘန်ကောက်၊ ဇန်နဝါရီ ၁၆-၂၀၂၁ မျိုးဆက် (VOM) ထိုင်းအစိုးရဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရေးမှာ ပါဝင်လာဖို့အတွက် သူတို့ကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ဘန်ကောက်အနီးရှိ ငါးဈေးတစ်ခုမှာ ဒီဇင်ဘာလယ်ပိုင်းက အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေအကြား ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေတဲ့အပေါ် တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်ရတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တရားမဝင်နေထိုင်တာဖြစ်ကြောင်း မသိရှိမီ ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းရှင်အချို့က ရုတ်တရက်အလုပ်ထုတ်မှုတွေဖြစ်ပွားပြီးနောက် အဲ့ဒီကိစ္စအပေါ် သိပေးမှုတွေ ထွက်ပေါ်လာပါတယ်။ ထိုင်းအစိုးရရဲ့ အစီအစဉ်သစ်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားမှတ်ပုံတင်ပြီးတာနဲ့တစ်ပြိုင်နက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ပါမစ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။တရားဝင်မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီ ၁၅ ရက်က စတင်ခဲ့ပြီး လူဦးရေတစ်သန်းအထိ ခွင့်ပြုချက်ရဖွယ်ရှိနေပါတယ်။ Ref…
Read Moreနယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား
ဇန်နဝါရီ ၁၆-၂၀၂၁ ခွန်ခမ့်သူ(VOM) နယ်ခြားစောင့်တပ်နယ်မှူးတွေ နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားတယ်လို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့က ပြောကြားတယ်လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တပ်မတော်အရာရှိက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့က တပ်မတော်ရဲ့ ဖိအားပေးမှုကို လက်မခံနိုင်တဲ့အတွက် တပ်နယ် ၄ ခုက တပ်ရင်း ၁၃ ရင်း နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ နယ်ခြားစောင့်တို့အကြား နှစ်ဖက်ညှိနှိုင်းမှုကို အမှတ်(၁၀၁၁)နယ်ခြားစောင့်တပ်ရင်း အစည်းအဝေးခန်းမမှာ နေ့လည် ၁၂ နာရီခွဲခန့်က စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “တပ်မတော်ရဲ့ အထက်ပိုင်းဆိုင်ရာအကြီးအကဲတွေနဲ့ ဆုံတဲ့အခါ ကျနော်တို့ နုတ်ထွက်စာကို ဆိုင်းငံ့ထားတယ်။ ဒါကို သေသေချာချာလေး စဉ်းစဉ်းစားစားလေးနဲ့လုပ်ဖို့။ လက်တွဲလာတာလည်း အခုမှ မဟုတ်ဘူးပေါ့။ ကြာပြီ”လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ဗိုလ်မှူး အဆင့်ရှိသူတစ်ဦးကပြောပါတယ်။ နယ်ခြားစောင့်အကြီးအကဲတပ်မှူးတွေအနေနဲ့လည်း ငြိမ်းချမ်းရေး ပျက်ပြားသွားအောင် လုပ်မှာမဟုတ်သလို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့လည်း ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ တပ်မတော်ညှိနှိုင်းရေးအဖွဲ့မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး…
Read Moreကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးရရှိဖို့ ကြိုးစားနေကြချိန်မှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းဟာ ဇန်နဝါရီ ၁၅ ရက်ထိ နှစ်သန်းကျော် ရှိလာတယ်လို့ ရိုက်တာရဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းပြည့်ဖို့ ကိုးလကြာမြင့်ခဲ့ပြီး တစ်သန်းကနေ နှစ်သန်းပြည့်ဖို့ သုံးလသာအချိန်ကြာခဲ့တာကြောင့် သေဆုံးမှုအရှိန်မြှင့်မားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် လက်ရှိအချိန်ထိ တစ်ရက်ကို သေဆုံးသူ ၁၁၉၀၀ ဦးပျှမ်းမျှရှိနေပြီး သို့မဟုတ် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေတယ်လို့ ရိုက်တာရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ကမ္ဘာကြီးဟာ စိတ်နှလုံးကြေကွဲဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။ ဧပြီ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း သေဆုံးမှုဟာ ၂ ဒသမ ၉…
Read Moreအထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ
ဇန်နဝါရီ ၁၆ -၂၀၂၁ သိင်္ဂီထွန်း(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) နဲ့ အထူးဒေသ(၂)ထဲက ကြံခင်းတောထဲမှာ မြန်မာအလုပ်သမား ၁၅၁ ဦး ပိတ်မိနေတာ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိဆိုရင် ၃ ရက်ရှိပြီဖြစ်တယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။ အလုပ်သမားတွေဟာ ” ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ကျင်းဝါ ဆေးလိပ်စက်ရုံမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။ လက်ရှိမှာက ကိုဗစ်ကပ်ရောဂါဖြစ်နေတာကြောင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စက်ရုံတွေကို လည်ပတ်ခွင့်ကန့်သတ်ထားတဲ့အတွက် အလုပ်သမားတွေမှာ စားဝတ်နေရေးအားလုံး အခက်အခဲဖြစ်နေတာကြောင့် နေရပ်ဒေသကိုပြန်လာခဲ့ရာ မြန်မာဘက်ကို ဝင်ခွင့်မရရှိသေးဘဲ ကြံခင်းတောထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။ ” စက်ရုံကနေလိုက်ပို့တယ်။ နာရီဝက်လောက်ကြာတယ်။ သူတို့ပြောတာက မိုင်းယန်းဘက်ကပိတ်ထားတယ်ဝင်လို့မရဘူး၊ ဖြတ်မရဘူး ပိတ်ထားတယ်ပေါ့ ၊အဲ့ဒီတော့ ဒီဘက်မှာတစ်လမ်းရှိတယ် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တာပေါ့။ ခိုးလမ်းမှန်းတော့ မသိဘူး။ ကိုဗစ်ကြောင့် စက်ရုံတွေကပိတ်ကြတယ်။ ဒီဇင်ဘာလကတည်းက ပိတ်တယ်။ သူတို့က…
Read More