လှည်းကူးမှာ စိုက်ပျိုးရေး အခမဲ့သင်တန်းကျောင်း ဖွင့်မယ်

ဇန်နဝါရီ ၁၇ -၂၀၂၁
အေးချမ်းသူ(VOM)

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားဖွံဖြိုးရေးအတွက် နည်းပညာတွေကိုလေ့လာနိူင်ဖို့ ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းကို လှည်းကူးမြို့၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာမှာဖွင့်မယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းကျောင်းတည်ဆောက်ဖို့အတွက် ဒီကနေ့မနက်ပိုင်းက နှုတ်ခမ်းမွှေးသိုက်ကျေးရွာရှိ တောင်သူတွေကနေ မြေနေရာလှူဒါန်းမှုပြုလုပ်ခဲ့ကြပါတယ်။

အစိုးရနဲ့ မြန်မာနိူင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(AFFM)တို့ ပူးပေါင်းကာ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းနည်းပညာကို လေ့လာနိူင်ဖို့ ပုဂ္ဂလိကသင်တန်းကျောင်းကို မကြာခင်တည်ဆောက်သွားမှာဖြစ်တယ်လို့ AFFM ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။

သင်တန်းကျောင်းဆောက်လုပ်ဖို့ လယ်ယာမြေလှူဒါန်းခဲတဲ့ ဒေါ်ကျင်စန်းက “တစ်နိူင်ငံလုံးအတိုင်းအတာအတွက်လှူတာပါ၊ စိုက်ပျိုးရေးဆိုတာ အရင်ကပြောသံကြားရုံပဲလုပ်ခဲ့ရတာ နည်းပညာကို မသိဘူး။ နည်းပညာကိုမသိတော့ ရှုံးတာပေါ့။ စီးပွားရေးကျဆင်းတယ်။ အတက်ပညာမရှိတဲ့ လယ်သမားတွေကို အသိပညာရစေချင်တဲ့အတွက် လှူဒါန်းရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

AFFM ပုဂ္ဂလိကသင်တန်ကျောင်းမှာ စိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ လယ်သမားလူငယ်တွေကို အော်ဂန်းနစ်နည်းပညာ၊နွေစပါးစိုက်ပျိုးခြင်း၊
သစ်သီးဝလံစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ ထိန်သိမ်းကာကွယ်ခြင်း အစရှိတဲံဘာသာရပ်တွေကို နည်းပြဖြစ်သည်အထိ အခမဲ့သင်ကြားပေးသွားမှာဖြစ်တယ်လို့ AFFMဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။

AFFM ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းမှာ နိူင်ငံတကာ စိုက်ပျိုးရေးပညာရှင်တွေ ၊အစိုးရဘက်မှ စိုက်ပျိုးရေးသုတေသ ဦးစီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလက်ယာဦးစီးဌာနတို့ပါဝင်ပြီး AFFMအဖွဲ့မှ ပညာရှင်တွေက သင်ကြားပေးသွားမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #စိုက်ပျိုးရေး #အခမဲ့သင်တန်း

Related posts

Leave a Comment

VOM News

FREE
VIEW