အသက် ၁၅နှစ် မိန်းကလေးကို ကိုယ်ဝန်ရအောင် အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့ ဦးဇင်းကိုအမှုဖွင့်

ဇန်နဝါရီ ၁၈ -၂၀၂၁ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးအုပ်စု၊ ကံဆိပ်ကျေးရွာမှာ အသက် ၁၅နှစ်အရွယ်မိန်းကလေးကို ကိုယ်ဝန်ရရှိအောင် အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့ ဦးဇင်းတစ်ပါးကို အမှုဖွင့်အရေးယူခဲ့တယ်လို့ ဘိုကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ “အဓမ္မပြုကျင့်ခံရတာက ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်းကတည်းကဖြစ်ပါတယ်။ ပထမတစ်ကြိမ် ၁၅ရက်ခန့်အကြာတစ်ကြိမ်၊ ပြီးတော့ တစ်လခန့်အကြာ တစ်ကြိမ်၊ စုစုပေါင်း ၄ကြိမ်ပြုကျင့်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကို မိဘတွေက ကိုယ်ဝန်ရရှိမှ သိရတာဖြစ်ပါတယ်။ အခုနယ်မြေရဲစခန်းမှာ မိဘတွေက အမှုဖွင့်ထားပါတယ်”လို့ ဘိုကလေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ချောင်းဗြဲကြီးအုပ်စု၊ ကံဆိပ်ကျေးရွာ ဘုန်တော်ကြီးကျောင်းမှာ ဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ ရရှိထားတဲ့ ကိုယ်ဝန်ကိုကာကွယ်ဖို့အတွက် တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးနဲ့ ခိုးရာလိုက်ပြေးဖို့ပြောဆိုရာကနေ ကိုယ်ဝန်ရှိနေတာကို မိဘတွေကသိရှိပြီး နယ်မြေရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၁၇ ရက်က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ အသက် ၁၅ အရွယ်မိန်းကလေးကို…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၇ရက်နေ့ သတင်းစုံလင် မြန်ပြည်တခွင် အစီအစဉ်

ဇန်နဝါရီ-၁၇-၂၀၂၁ -ဆောင်းတွင်းကာလ မြောက်ဦးက ရခိုင်စစ်ဘေးရှောင်တွေ ဘ၀ဖြတ်သန်းမှုခက်ခဲနေဆဲ ဆိုတဲ့သတင်း -ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ ကျွန်းတောကျေးရွာအနီးက နေရပ်ပြန် စစ်ရှောင်တွေရဲ့ရွာမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်စာတင်ထားတဲ့သတင်း -တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်ဆိုတဲ့သတင်း -ဒီးမော့ဆိုမှာ ယာဉ်တိုက်မှုနဲ့ဖမ်းခံရတဲ့ အချုပ်သားတစ်ဦး ကိုဗစ်‌ပိုးတွေ့ လို့ ရဲစခန်းကို ကန့်သတ်ထားတယ်ဆိုတဲ့သတင်း -လှည်းကူးမှာ စိုက်ပျိုးရေး အခမဲ့သင်တန်းကျောင်း ဖွင့်မယ်ဆိုတဲ့သတင်း -တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးတွေ အများအပြားပါပေမယ့် စာမေးပွဲမအောင်တဲ့ မျက်မမြင်ကျောင်းသားလေးတွေရဲ့ အခက်အခဲ -မြန်မာလုပ်သားတွေကို ခွဲခြားဆက်ဆံလို့ ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ တိုက်ခိုက်တယ်ဆိုတဲ့သတင်း -ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရဖို့ ရန်ကုန်မြို့တော်ခမ်းမရှေ့ ဗန္ဓုလပန်းခြံနားမှာ လှုပ်ရှားမှုပြုလုပ်တဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ…

Read More

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ရေခဲမုန့်တွေထဲ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၇-၂၀၂၁ မျိုးဆက် (VOM) တရုတ်နိုင်ငံအရှေ့ပိုင်းက ရေခဲမုန့်ထုတ်ကုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဲ့ဒီအသုတ်က ရေခဲမုန့်တွေကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ထျန်ကျင်းမြို့တော် အစိုးရက ပြောပါတယ်။ မြို့တော်ပေကျင်းအနားက ထျန်ကျင်းမှာရှိတဲ့ The Daqiaodao Food Co., Ltd ကို လတ်တလောမှာ ပိတ်ထားပြီး ဝန်ထမ်းတွေကို ဗိုင်းရပ်စ်ကူးစက်မှုရှိ၊မရှိ စစ်ဆေးနေပါတယ်။ ဗိုင်းရပ်စ်တွေ့တဲ့ ရေခဲမုန့်ပုံးတွေနဲ့အတူ ထုတ်လုပ်ခဲ့တဲ့ မုန့်ပုံး ၂၉၀၀၀ ကတော့မရောင်းရသေးဘူးလို့ အစိုးရကပြောပါတယ်။ ထျန်ကျင်းမှာတော့ ရောင်းချနေတဲ့ မုန့်ပုံး ၃၉၀ ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဒီရေခဲမုန့်တွေကို ရောင်းချခြင်းမပြုဖို့ အာဏာပိုင်တွေက သတိပေးမှုတွေပြုနေပါတယ်။ ရေခဲမုန့်မှာပါဝင်တဲ့ နို့မုန့်က နယူးဇီလန်နိုင်ငံကဖြစ်ပြီး ကျန်ပစ္စည်းတစ်မျိုးကတော့ ယူကရိန်းနိုင်ငံကလို့ မြို့တော်အစိုးရကပြောပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ဝူဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်အစိုးရက ပထမဆုံးအတည်ပြုပြီးနောက် ပြည်ပကနေတင်ပို့လာတဲ့ ပင်လယ်စာနဲ့ အခြားအစားအစာတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို…

Read More

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရဖို့ လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၁၇ -၂၀၂၁ သိင်္ဂီထွန်း၊ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းထဲမှာ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုပေးဖို့ ဆိုင်ကယ်စီးဦးထုတ်တွေဆောင်းပြီး မက်စ်ဝေတဲ့လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့က ကားမှတ်တိုင်တွေမှာ လူအင်အား ၁၀၀ နီးပါးနဲ့ မက်စ်ကမ်းပိန်းပြုလုပ်ခဲ့ပါတယ်။ ” အခုအချိန်က ဆန္ဒပြလို့မရတဲ့အခြေအနေဆိုတော့ မက်စ်ဝေတာပါ။မက်စ်ဝေတာမှာ ကျနော်တို့က ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးလုပ်မယ်။အဓိကက ရန်ကုန်မြို့ထဲကို ဆိုင်ကယ်စီးခွင့်မရတဲ့အတွက် ဆိုင်ကယ်ဦးထုပ်တွေပဲဆောင်းပြီး မက်စ်ဝေတာပါ ပြည်သူသိအောင် ချပြတာပါ။ ကားဝယ်မစီးနိုင်တဲ့လူတန်းစားတွေအတွက် ဆိုင်ကယ်ဟာလိုအပ်တယ်။ ဆိုင်ကယ်ဟာ လိုအပ်မှုတစ်ခုအရ စီးနင်းနေရတာကြောင့် တရားဝင်စီးနင်းခွင့်ရမှသာ အဆင်ပြေမှာ။ မဟုတ်လို့ရှိရင် ဖမ်းချင်တဲ့အချိန်ကောက်ဖမ်းမယ်၊ တောင်းချင်သလောက်တောင်းမယ် ဆိုတာတွေက ကျနော်တို့လက်မခံရဘူး”လို့ Vikers Revolution က ကိုဝင်းကျော်မောင်က ပြောပါတယ်။ မက်စ်အခုရေ ၁၀၀၀ ဝေပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာလည်း ဆက်ဝေသွားမှာဖြစ်တယ်လို့ ကိုဝင်းကျော်မောင်ကပြောပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနေကြတာတွေရှိနေပေမယ့်…

Read More

မြန်မာလုပ်သားတွေကို ခွဲခြားဆက်ဆံလို့ ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ တိုက်ခိုက်

ဇန်နဝါရီ-၁၇-၂၀၂၁ ဆွေလင်းထွန်း(VOM) ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကျန်းမာရေးစောက်ရှောက်မူ ပြုပေးတဲ့ဆေးရုံးဆေးခန်းတွေက ခွဲခြားဆက်ဆံမှုတွေနဲ့ ဆူရတ်ဌာနီပြည်နယ်ရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက အဓမ္မပြုကျင့်မှုတို့အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာဟက်ကာအဖွဲ့နှစ်ဖွဲ့က ထိုင်းအစိုးရ၊ ရဲတပ်ဖွဲ့တို့ရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဆေးရုံတချို့ရဲ့ ဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာဟက်ကာအဖွဲ့နှစ်ခုဖြစ်တဲ့ Black Brothers Hackers Group BBHG နဲ့ Union of UnderGround Myanmar တို့က အဲ့ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ ဟက်ကာအဖွဲ့တွေရဲ့ ဖေ့ဘုတ်ပေ့ချ်တွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။ Black Brothers Hackers Group BBHG က တာဝန်ရှိသူတဦးက “ကျတော်တို့နိုင်ငံသားတွေအပေါ်ခွဲခြားဆက်ဆံပြီး ဥပဒေမဲ့ လုပ်ရပ်တွေအပေါ်ကျတော်တို့ မြန်မာဟက်ကာများအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ထိုင်းအစိုးရကိုသတင်းစကားပါးလိုတာကြောင့် ထိုင်းနိုင်ငံရဲ အစိုးရပိုင် ကျန်းမာရေးWebsiteတွေနဲ့ ရဲတပ်ဖွဲ့websiteအပါအဝင် အခြားအစိုးရဌာနပိုင်…

Read More

ဂုဏ်ထူးတွေပါပေမယ့် တစ်ဘာသာတည်းကျလို့ စာမေးပွဲမအောင်တဲ့ မျက်မြင်ကလေးတွေရဲ့ အခက်အခဲက ဘာတွေလဲ

စစ်ကိုင်း၊ ဇန်နဝါရီ – ၁၇ – ၂၀၂၁ ရှိုင်းအောင်(VOM) ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူတွေရဲ့ အမှတ်စာရင်းတွေဒီနေ့ထုတ်ပြန်တာမှာ စစ်ကိုင်းမြို့က မျက်မမြင်ကျောင်းက ဖြေဆိုတဲ့ကျောင်းသားတွေ ဂုဏ်ထူးတွေပါပေမယ့် သင်္ချာတဘာသာတည်းကျတဲ့ အဖြစ်တွေ တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ရတာနဲ့ ဆက်စပ်လို့ ပညာရေးစနစ်အခက်အခဲနဲ့ သင်ယူမှုပိုင်းဆိုင်ရာ၊ ဖြေဆိုမှုပိုင်းဆိုင်ရာ အခက်အခဲဘာတွေရှိနေသလဲဆိုတာကို မျက်မမြင်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်ကိုမေးကြည့်တော့ “ဒီနှစ်ကျောင်းမှာ ၆ ယောက်ဖြေတယ် ၂ ယောက်အောင်တာပေါ့နော်၊ တစ်ယောက်က ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်တယ် တစ်ယောက်ကတော့ ရိုးရိုးပဲအောင်တယ်ရှင့်၊ ဝိဇ္ဇာတွဲတွေကတော့ အမှတ်တော်တော်များတယ် အဓိကသူတို့ထိတာက သင်္ချာပေါ့၊ မျက်မမြင်ကလေးတွေရဲ့ အခက်အခဲကတော့ သင်္ချာနဲ့ အင်္ဂလိပ်စာပေါ့ စာမေးပွဲဖြေတဲ့ အခါမှာလည်း သူတို့ကိုယ်တိုင်ဖြေလို့မရဘူးလေ၊ သူတို့က ၁၀ တန်းကလေးဆိုတော့ ၉ တန်းကလေးတွေက ဖြေပေးရတာပေါ့ အဲ့လိုဖြေပေးတဲ့နေရာမှာလည်း သူတို့က ရပေမယ့်လည်း…

Read More

အင်ဒိုနီးရှား မြေငလျင်ကြောင့် သေဆုံးသူ ၄၀ ကျော်ထိရှိလာ

ဂျကာတာ၊ ဇန်နဝါရီ ၁၇-၂၀၂၁ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ အင်အားပြင်; မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၄၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိမြေငလျင်ဟာ အစောပိုင်းက အသေးစားငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မြေငလျင်ဟာ မက်ဂျီးမြို့ အရှေ့မြောက်ဘက် ခြောက်ကီလိုမီတာအကွာ၊ အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကြောင့် လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ငလျင်ကြောင့် ငါးထပ်ဆေးရုံတစ်ရုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးသေဆုံးခဲ့ကာ လူ ၆၀ ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် သေဆုံးသူတိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေနဲ့ မိုဘိုင်းဖုန်းတွေ ဆက်သွယ်ရေးမကောင်းတာကြောင့် နှောင့်နှေးနေရပါတယ်။…

Read More

တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်

ဇန်နဝါရီ ၁၇ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပခွင့်မရတာကြောင့် အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်တယ်လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ “ ပထမမှာ မြန်မာ့အသံကနေ လွှင့်မယ်။ အဆိုတွေ အကတွေ ဒေသရဲ့ အကြောင်းအရာတွေ အဝတ်အထည် သမိုင်းကြောင်းကို မြန်မာ့အသံက သောကြာနေ့တိုင်း ည ၉ နာရီကနေ ၁၁ နာရီထိ ပြသွားမှာပါ ။ အဲ့ဒါကိုတော့ ဖေဖော်ဝါရီ ၁၂၊ ၁၉၊ ၂၆ ၊ မတ်လ ၅ ရက် ၊ ၁၂ ရက် စုစုပေါင်း ၅ ကြိမ် ပြသွားမှာပါ။ တိုင်းရင်းသားတွေရဲ့ အနည်းဆုံး သီချင်း ၃ ပုဒ်နဲ့ အက ၂ မျိုးတင်ဆက်မယ်။ ဖေ့စ်ဘုတ်ကနေလည်း တင်ပြမယ်။…

Read More

ဒီးမော့ဆိုမှာ ယာဉ်တိုက်မှုနဲ့ဖမ်းခံရတဲ့ အချုပ်သားတစ်ဦး ကိုဗစ်‌ပိုးတွေ့

ဇန်နဝါရီ ၁၇ -၂၀၂၁ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က လမ်းဖြတ်ကူးသူကို ကားနဲ့ဝင်တိုက်ရာက လူသေဆုံးသွားလို့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား တစ်ဦးမှာ Covid-19 ပို‌းတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ပြင်ပလူပုဂ္ဂိုလ် ၆ ဦး၊ စုစုပေါင်း၂၀ ဦးကို ကွာရန်တင်း ပြုလုပ်ထားရတယ်လို့ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မ‌ှူးရုံးကနေ သိရပါတယ်။ ” ယာဉ်တိုက်မှုနဲ့ အဖမ်းခံထားရတာကို မနေ့က Test Kitနဲ့စစ်ဆေးချိန်ပိုးတွေ့ရတာ။ ဖယ်ခုံဘက် ခရီးသွားရာဇဝင်ရှိထားတယ်လို့ သိရတယ်။ လက်ရှိရဲတပ်ဖွဲ့ဝင်နဲ့ ထိတွေ့သူ၂၀ ကို စောင့်ကြည့်ထားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရောဂါပိုးတွေ့ရှိသူ အမျိုးသားဟာ ပြီးခဲ့တဲ့ နှစ်ရက်ခန့်က ဖယ်ခုံမြို့နယ်၊ ဆီဘူးဒေသကို သွားလာထားသူတစ်ဦးဖြစ်ပြီး လက်တစ်လော ဒီးမော့ဆိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က)နဲ့…

Read More

လှည်းကူးမှာ စိုက်ပျိုးရေး အခမဲ့သင်တန်းကျောင်း ဖွင့်မယ်

ဇန်နဝါရီ ၁၇ -၂၀၂၁ အေးချမ်းသူ(VOM) တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားဖွံဖြိုးရေးအတွက် နည်းပညာတွေကိုလေ့လာနိူင်ဖို့ ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းကို လှည်းကူးမြို့၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာမှာဖွင့်မယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းကျောင်းတည်ဆောက်ဖို့အတွက် ဒီကနေ့မနက်ပိုင်းက နှုတ်ခမ်းမွှေးသိုက်ကျေးရွာရှိ တောင်သူတွေကနေ မြေနေရာလှူဒါန်းမှုပြုလုပ်ခဲ့ကြပါတယ်။ အစိုးရနဲ့ မြန်မာနိူင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(AFFM)တို့ ပူးပေါင်းကာ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းနည်းပညာကို လေ့လာနိူင်ဖို့ ပုဂ္ဂလိကသင်တန်းကျောင်းကို မကြာခင်တည်ဆောက်သွားမှာဖြစ်တယ်လို့ AFFM ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ သင်တန်းကျောင်းဆောက်လုပ်ဖို့ လယ်ယာမြေလှူဒါန်းခဲတဲ့ ဒေါ်ကျင်စန်းက “တစ်နိူင်ငံလုံးအတိုင်းအတာအတွက်လှူတာပါ၊ စိုက်ပျိုးရေးဆိုတာ အရင်ကပြောသံကြားရုံပဲလုပ်ခဲ့ရတာ နည်းပညာကို မသိဘူး။ နည်းပညာကိုမသိတော့ ရှုံးတာပေါ့။ စီးပွားရေးကျဆင်းတယ်။ အတက်ပညာမရှိတဲ့ လယ်သမားတွေကို အသိပညာရစေချင်တဲ့အတွက် လှူဒါန်းရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။ AFFM ပုဂ္ဂလိကသင်တန်ကျောင်းမှာ စိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ လယ်သမားလူငယ်တွေကို အော်ဂန်းနစ်နည်းပညာ၊နွေစပါးစိုက်ပျိုးခြင်း၊ သစ်သီးဝလံစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ ထိန်သိမ်းကာကွယ်ခြင်း အစရှိတဲံဘာသာရပ်တွေကို နည်းပြဖြစ်သည်အထိ အခမဲ့သင်ကြားပေးသွားမှာဖြစ်တယ်လို့ AFFMဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ AFFM ပုဂ္ဂလိကစိုက်ပျိုးရေးသင်တန်းကျောင်းမှာ…

Read More
VOM News

FREE
VIEW