အသက် ၁၅နှစ် မိန်းကလေးကို ကိုယ်ဝန်ရအောင် အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့ ဦးဇင်းကိုအမှုဖွင့်

ဇန်နဝါရီ ၁၈ -၂၀၂၁
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးအုပ်စု၊ ကံဆိပ်ကျေးရွာမှာ အသက် ၁၅နှစ်အရွယ်မိန်းကလေးကို ကိုယ်ဝန်ရရှိအောင် အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့ ဦးဇင်းတစ်ပါးကို အမှုဖွင့်အရေးယူခဲ့တယ်လို့ ဘိုကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

“အဓမ္မပြုကျင့်ခံရတာက ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်းကတည်းကဖြစ်ပါတယ်။ ပထမတစ်ကြိမ် ၁၅ရက်ခန့်အကြာတစ်ကြိမ်၊ ပြီးတော့ တစ်လခန့်အကြာ တစ်ကြိမ်၊ စုစုပေါင်း ၄ကြိမ်ပြုကျင့်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကို မိဘတွေက ကိုယ်ဝန်ရရှိမှ သိရတာဖြစ်ပါတယ်။ အခုနယ်မြေရဲစခန်းမှာ မိဘတွေက အမှုဖွင့်ထားပါတယ်”လို့ ဘိုကလေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ချောင်းဗြဲကြီးအုပ်စု၊ ကံဆိပ်ကျေးရွာ ဘုန်တော်ကြီးကျောင်းမှာ ဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ ရရှိထားတဲ့ ကိုယ်ဝန်ကိုကာကွယ်ဖို့အတွက် တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးနဲ့ ခိုးရာလိုက်ပြေးဖို့ပြောဆိုရာကနေ ကိုယ်ဝန်ရှိနေတာကို မိဘတွေကသိရှိပြီး နယ်မြေရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၁၇ ရက်က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

အသက် ၁၅ အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူဟာ ဦးဇင်း ကုသလ လူနာမည် ဦးကျော်စိုး အသက် ၆၀ နှစ်ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မိန်းကလေးနဲ့ဆွေမျိုးတော်စပ်သူဖြစ်သလို ကျောင်းကိုသွားပြီး ဦးဇင်းရဲ့ ဝေယျာဝစ္စသွားလုပ်ပေးချိန် ၂၀၂၀ခုနှစ် စက်တင်ဘာလကစပြီး စုစုပေါင်း ၄ ကြိမ်ခန့် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာည်းဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အသက် ၁၅နှစ်အရွယ်မိန်းကလေးကို အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခဲ့တဲ့ ဦးဇင်းကို အရေးယူပေးဖို့ ကာယကံရှင်မိဘတွေက တရားလိုပြုလုပ်တိုင်ကြားမှုကြောင့် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီး နယ်မြေရဲစခန်းက (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #အသက်၁၅နှစ် #ဦးဇင်း #အဓမ္မအကြိမ်ကြိမ်ပြုကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW