– အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ – ကိုဗစ်ကာလ ထိုင်းရောက် မြန်မာအချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ – ရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ – တရုတ်လုပ်ငန်းရှင်ပြန်သွားလို့ တစ်သျှူးငှက်ပျောအလုပ်သမားတွေ လုပ်အားခမရ – အလောင်းတော်ကဿပ ဘုရားဖူးကား တောင်အဆင်းလမ်းမှာ တိမ်းမှောက်လို့ လူ ၂ ဦးသေ ၁၅ ယောက် ဒဏ်ရာရ – တောင်ကြီးမြို့မှာ လူအားလုံး ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ် – USDP ရဲ့ရှင်းလင်းပွဲတွေ မှန်ကန်မှုမရှိခဲ့ရင် UECအနေနဲ့ တရားစွဲနိုင် – ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့မှာ တွေ့ဆုံ – ထားဝယ်အထူးစီးပွားရေးဇုန်မှာ ထိုင်းကုမ္ပဏီ(ITD)ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို မြန်မာဖယ်ရှား VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့…
Read MoreMonth: January 2021
ကချင်ပြည်နယ်က တန် ၅ သိန်း ကျောက်စိမ်းတောင်ဆိုတာ သတင်းအမှားဖြစ်နေ
ဇန်နဝါရီ ၁၅ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ တန် ၅သိန်း ကျောက်စိမ်းတုံးတွေ့တယ်ဆိုတဲ့ သတင်းအမှားတခု ဇန်နဝါရီ ၁၂ရက်နေ့ကစပြီး လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို Sai Aung Win ဖေ့ဘုတ်အကောင့်ကနေ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေအကြား အလျင်အမြန် ပျံ့နှံ့နေတာဖြစ်ပါတယ်။ ကျောက်မျက်ပညာရှင်တွေက သွားရောက်လေ့လာပြီးနောက် တန် ၅သိန်းရှိတယ်ဆိုတဲ့ ကျောက်တုံးကြီးဟာ ကျောက်စိမ်းမျိုးရင်း မျိုးနွယ် မဟုတ်ဘဲ ကျောက်ရိုင်း၊ ကျောက်ပုတ်အဆင့်သာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ရက်မှာ ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက “၁၂ ရက်နေ့က Sai Aung Win အမည်ပါ အင်တာနက် လူမှုကွန်ရက်အကောင့်ကနေ ထုတ်လွှင့်တင်ပြထားတာကို တွေ့ရတယ်၊ ဒါဟာ…
Read MoreVOM ရဲ့ သတင်းတွေကိုအလွယ်ဖတ်ချင်ရင် Android ဖုန်းတွေပေါ်ကနေ application ဒေါင်းနိုင်ပြီ
VOM News မှ သတင်းများကို Android ဖုန်းတွေပေါ်ကနေ တဆင့် ရယူကြည့်ရှုနိုင်ပါပြီ ဒီလင့်ကနေ တိုက်ရိုက်ရယူပါ https://vomnews.page.link/app VOM News app ကို Google Play Store ကနေ အောက်ပါနည်းတွေနဲ့ အလွယ်တကူ ရယူနိုင်ပါပြီ Voice of Myanmar Facebook page ကနေ တဆင့် ရယူနိုင်သလို voiceofmyanmarnews.com ကနေ လည်း ရယူနိုင်ပါတယ်။
Read Moreအေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု
ဇန်နဝါရီ ၁၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးရေးအဆိုကို ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအဆိုကို အတည်ပြုလိုက်ရာမှာ ကန့်ကွက်သူမရှိကြောင်းနဲ့ အဆိုကို လွှတ်တော်အမတ် (၇) ဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က” အဆိုကို ဒီနေ့အတည်ပြုလိုက်တာ ဟုတ်ပါတယ်။ ကျနော်တို့က ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လွှတ်တော်မှာ တင်ပြပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ တွေကို တိုက်တွန်းတာဖြစ်တယ်။ အကောင်အထည်ဖော်ဖို့ဟာက အစိုးရရဲ့ အပိုင်းဖြစ်တယ်၊အစိုးရအနေနဲ့ ဒီကနေ့ အတည်ပြုလိုက်တဲ့အဆိုကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။ လက်ရှိမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေကာ နေမြေဒေသ ငြိမ်းချမ်းမှု ရှိလာတာနဲ့အညီ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေ အတိဒုက္ခရောက်ပြီး ငြိမ်းချမ်းရေးကို…
Read Moreရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွား
ဇန်နဝါရီ ၁၄ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အကြား ဟုမ္မလင်းမြို့နယ် ၊ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေတွင်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၃ ရက်ည ၇ နာရီ အချိန်က NLDပါတီ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ အမျိုးသားတစ်ဦးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွှေတွင်းရွာ NLD ပါတီ အဝန်းအဝိုင်ဆီက သိရပါတယ်။ ” ရွှေတွင်းရွာက ပါတီ ဒု-ဥက္ကဋ္ဌ ကိုကုလား(ခ)ကိုလွင်မောင်းထွေးရဲ့ အိမ်ကို အမည်မသိ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ကိုင် လူ ၄ ယောက်က လာရောက်ပြီး ဖမ်းသွားတာဖြစ်တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေတွင်းရွာဒေသခံတစ်ဦးက VOMကို ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ကိုကုလား(ခ) ကိုလွင်မောင်ထွေးဟာ မနေ့ညက မိသားစုနဲ့ နေအိမ်မှာ…
Read Moreဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ တရုတ်နိုင်ငံကိုရောက်ပြီ
ပေကျင်း၊ ဇန်နဝါရီ ၁၄-၂၀၂၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတွေစတင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အဲ့ဒီစုံစမ်းစစ်ဆေးမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့အကြား လပေါင်းများစွာဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့ အဖွဲ့ဟာ သုတေသနဌာနတွေ၊ ဆေးရုံတွေနဲ့ ဗိုင်းရပ်စ်ကနဦးစတင်ဖြစ်ပွားခဲ့တဲ့ ပင်လယ်စာဈေးကလူတွေနဲ့ပါ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဇန်နဝါရီ ၁၄ ရက်ရောက်ရှိချိန်မှာတော့ ဝူဟန်မြို့ဟာ ပုံမှန်လူနေမှုဘဝကို ပြန်လည်ရောက်ရှိနေပြီး တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဗိုင်းရပ်စ်တစ်ကျော့ပြန်ကူးစက်မှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။ သူတို့ဟာ တရုတ်တာဝန်ရှိသူတွေပေးတဲ့ နမူနာတွေနဲ့ သက်သေအထောက်အထားတွေအပေါ်တည်မှီပြီး စုံစမ်းစစ်ဆေးမှုတွေမစတင်မီ သီတင်းနှစ်ပတ်ကြာ ကွာရန်တင်းဝင်ကြဦးမှာဖြစ်ပါတယ်။ Ref : BBC Photo: AP…
Read Moreတစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁လောင်းတွေ့
ဇန်နဝါရီ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျောခြံ လုပ်ကွက်ဆိုဒ်(၂)ထဲက ကားပေါ်မှာ တရုတ်နိုင်ငံသား ၁ဦးသေဆုံးနေတာကို မနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက တွေ့ခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။ “ငှက်ပျောခြံ အမည်က ပါဝါနိုင်း ခြံဖြစ်တယ် ၊ DB ရုပ်အလောင်းက ကားရှေ့ခန်းထဲကတွေ့တယ်၊ တရုတ်နိုင်ငံသား တစ်ယောက်လို့ပဲ လက်တလော ပြောလို့ရမယ်၊ ကားက အိမ်စီးကား YGN 2H/… အဖြူရောင် ဖြစ်တယ်၊ ကားတံခါးတွေက လော့ခ်ချထားတယ်”လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သေဆုံးနေတဲ့ တရုတ်နိုင်ငံသားဟာ ငှက်ပျောခြံထဲက အိမ်စီးကား တစ်စီးရဲ့ ဒရိုင်ဘာထိုင်ခုံပေါ်မှာ အနက်ရောင်စွပ်ကျယ် ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ အဝတ်မပါဘဲတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သေဆုံးသူ တရုတ်နိုင်ငံသားက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟိုခရိုင်၊ ရင်ကျန်းမြို့မှာနေတဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးပညာရှင်…
Read Moreရိုဟင်ဂျာတွေကို နေရပ်ပို့ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်တို့ သုံးပွင့်ဆိုင်ဆွေးနွေးမယ်
ဒါကာ၊ ဇန်နဝါရီ ၁၄-၂၀၂၁ မျိုးဆက် (VOM) ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၉ရက်နေ့ ဒါကာမှာပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။ ဒီဆွေးနွေးပွဲဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ထားတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနိုင်ငံကစိစစ်ဖို့အတွက် ရိုဟင်ဂျာ ရှစ်သိန်းလေးသောင်းရဲ့ စာရင်းတွေကို မြန်မာတာဝန်ရှိသူတွေဆီကို ဘင်္ဂလားဒေ့ရှ်က လွှဲပြောင်းပေးထားတယ်လို့ မိုမန်က ပြောပါတယ်။ ဒါပေမယ့် မြန်မာဘက်က အတည်ပြုတဲ့အရေအတွက်ဟာ အရမ်းနည်းပြီး လေးသောင်းနှစ်ထောင်သာ ရှိပြီး လုပ်ငန်းစဉ်ကလည်း အလွန်နှေးကွေးတယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုယ့်တာဝန်ကိုယ်လုပ်နေပေမယ့် မြန်မာဘက်က အလားတူတုံ့ပြန်မှုမျိုးမရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်သလိုမျိုးလုပ်ဖို့ အမြဲမျှော်လင့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Ref: Daily…
Read Moreလွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်တုံ့ပြန်
ဇန်နဝါရီ ၁၄၊ ၂၀၂၁ ကိုထွန်း(VOM) တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့ရဲ့ ကိုယ်စားလှယ်က လေးပုံတပုံကျော်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုချက် ပယ်ချခံရတာဟာ UEC အနေနဲ့ မဲစာရင်းကွာခြားချက်တွေကို ကိုယ်စားလှယ်တွေက မေးလာမှာကြောက်လို့ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် တပ်မတော်ရဲ့သဘောထားကို VOM က ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ မဲစာရင်းကွာခြားမှုရှိနေခြင်းကို အချက်အလက်အထောက်အထားတွေနဲ့ချပြနေတာလေ..ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံးနှုတ်ဆက်အစည်းအဝေးခေါ်ခိုင်းတာက ဒါတွေကိုတင်ပြချင်လို့။ ကိုယ်စားလှယ်ကမေးရင် လွှတ်တော်ကို UEC ကလာဖြေရမယ်။ အခုတော့ မနေ့ကလွှတ်တော်ခေါ်ဖို့အစီအစဥ်မရှိဘူး သတင်းထုတ်ပြန်တယ်၊ ဘာကြောင့်လည်း..လုပ်ရင်ရပါတယ်။ ကိုယ်စားလှယ်တွေမေးမှာကြောက်နေတယ် မဖြေချင်ဘူး၊ မရှင်းချင်တဲ့သဘောပေါ့ ဘာကြောင့်စွပ်စွဲထားမှုကိုမဖြေရှင်းချင်တာလဲ ဒါမေးစရာရှိတယ်” ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီတွေက လွန်ခဲ့တဲ့လတွေကတည်းက တောင်းဆိုခဲ့ကြပြီး အကြောင်းမပြန်တဲ့အတွက် ခုတကြိမ်မှာ…
Read Moreရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်အချို့ ကိုဗစ်ပိုးတွေ့လို့ ရဲစခန်းကို အသွားအလာကန့်သတ်
ဇန်နဝါရီ ၁၄ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့လယ်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးအထိ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရဲစခန်းကို အသွားအလာကန့်သတ်လိုက်ရတယ်လို့ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်က ပြောပါတယ်။ ” လော့ခ်ဒေါင်းအဆင့်ထိ ချဖို့က အဆင်မပြေတော့ အသွားအလာကန့်သတ်တာမျိုး လုပ်လိုက်တာပါ။ အခုလ ၁၂ ရက်နေ့ညနေက ရဲမေတစ်ဦး အနံ့မရလို့ စစ်ဆေးချိန် ကိုဗစ်ပိုးတွေ့တယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ တပ်ဖွဲ့ဝင် ၆၁ ဦးကို စစ်ဆေးရာက ရဲတပ်ဖွဲ့မှူးနဲ့တပ်ဖွဲ့ဝင် တစ်ဦး ပိုးထပ်တွေ့တာပါ လို့ ယင်းက ဆက် လက် ပြောပြပါတယ်။ ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက ဒုတပ်ကြပ်အဆင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖျားနာပြီးအနံ့မရတဲ့အတွက် RDT Test…
Read More