ဇန်နဝါရီ ၂၈ -၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ၂၈ ရက်နေ့ မနက် ၈ နာရီခွဲက မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ ” နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအရ တနင်္သာရီတိုင်းမှာနေတဲ့ လုပ်သားတွေကိုတော့ ရနောင်းကလွဲပြောင်းပေးမှာပါ။ ကျန် ပြည်နယ်နဲ့တိုင်းက လူတွေတော့ မဲဆောက်ဘက်ခြမ်းကနေ သူ့အသုတ်နဲ့သူ လွဲပြောင်းပေးမှာပါ။ ဒီကနေ့ပြစ်ဒဏ်ကျခံပြီးသူတွေ ကလေးငယ်တွေအကုန်ပါပါတယ်”လို့ မြန်မာအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ)ဦးထက်ဝေဖြိုးက ပြောပါတယ်။ အခုပြန်လွဲပြောင်းပေးသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၊မိသားစုဝင်တွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူ ၄၀၂ ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်တယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ပြောဆိုထားပါတယ်။…
Read MoreMonth: January 2021
မယားပါသမီးကို ၂နှစ်ကျော် မုဒိမ်းကျင့်ခဲ့တဲ့ မလေးရှားအမျိုးသားတစ်ဦးကို ထောင် ၁၀၅၀ နှစ်ချ
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၈-၂၀၂၁ မျိုးဆက် (VOM) မလေးရှားတရားရုံးတစ်ရုံးဟာ နှစ်နှစ်ကျော်ကာလအတွင်း မယားပါသမီးကို အကြိမ်ပေါင်း ၁၀၅ ကြိမ်ထိ မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၀၅၀ နှစ်ချမှတ်လိုက်ပါတယ်။ အမည်ထုတ်ဖော်ပြောဆိုထားခြင်းမရှိတဲ့ အဲ့ဒီအမျိုးသားကို ထောင်ဒဏ်အပြင် ကြိမ်ဒါဏ် ၂၄ ချက်လည်း အရိုက်ခံရဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။ တရားစီရင်တာကို ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ပြီး စွဲချက်တစ်ခုစီအတွက် စီရင်ချက်ဖတ်ကြားခဲ့ရာ ၅ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီပြစ်မှုဟာ အလွန်အမင်းဆိုးရွားတဲ့ အပြစ်ဖြစ်ရုံမျှမက အသက် ၁၂ အရွယ်မိန်းကလေးငယ်ရဲ့ အနာဂါတ်ကိုပါ ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်လို့ တရားသူကြီး အမ်ကူနာဆန်ဒရီကပြောပါတယ်။ အလုပ်လက်မဲ့တစ်ဦးဖြစ်သူ အဲ့ဒီအမျိုးသားဟာ ဆီလန်ဂေါပြည်နယ် ဆန်ဂိုင်ဝေးရှိ နေအိမ်မှာ မယားပါသမီး၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်ကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တိုင်အောင် မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။…
Read Moreရန်ကုန်တိုင်းမှာ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးတဲ့ ထပ်တိုးစာရင်းပါသူတွေကို တအိမ်ထောင် ၄သောင်းထောက်ပံ့
ရန်ကုန်-ဇန်နဝါရီ ၂၈-၂၀၂၁ သိင်္ဂီထွန်း(VOM) အစိုးရရဲ့ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးခဲ့တဲ့ ရန်ကုန်တိုင်းထဲက အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို တစ်အိမ်ထောင် ၄၀၀၀၀ ကျပ် ထောက်ပံ့မှုကို ဒီကနေ့ ဇန်နဝါရီ၂၈ ရက်နေ့မနက်ပိုင်းကစပြီး ပေးအပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “လှိုင်သာယာ အရှေ့ပိုင်းမှာဆိုရင် ထပ်တိုးအိမ်ထောင်စု ၅၂၀၀၀ ကျော်ထပ်ရတယ်။ ဒီနေ့စပေးနေပြီ။ ကျန်တဲ့အိမ်ထောင်စုတွေထပ်ရတယ်ပေါ့။ ကျန်ခဲ့တဲ့သူတွေဆိုပြီး စာရင်းထပ်ကောက်လိုက်တော့ လိူင်သာယာမြို့မှာဆိုရင်ပဲ တော်တော်လေးကို အကုန်လုံး နီးပါးကို ရမယ်လို့ထင်ပါတယ်။ အခြေခံလူတန်းစားအိမ်ထောင်စုတွေပေါ့၊ မဖြစ်မနေပေးသင့်ပေးထိုက်သောသူများပေါ့”လို့ လှိုင်သာယာအရှေ့ပိုင်း ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့အတူ ကိုယ်စားလှယ်တွေ ၊သက်ဆိုင်ရာတာဝန်ရှိသူတွေက ထောက်ပံ့ ကြေးတွေကို ပေးအပ်နေကြပါတယ်။ ခုလို ထောက်ပံ့မှုတွေမပြုလုပ်ခင်မှာ အစိုးရရဲ့ ကိုဗစ်ကာလထောက်ပံ့ကြေးကို မဖြစ်နေလိုအပ်တဲ့ အခြေခံ အိမ်ထောင်စုတွေစာရင်းကို တောင်းခံခဲ့သလို သေချာစနစ်တကျကောက်ယူခဲ့သဖြင့် ရသင့်ရထိုက်သူအားလုံး ထောက်ပံ့ကြေးရရှိတာကြောင့် ထောက်ပံ့ကြေးမရလို့…
Read Moreဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါး စားနပ်ရိက္ခာလိုအပ်နေ
ဇန်နဝါရီ ၂၈ -၂၀၂၁ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မူသဲခိုကျေးရွာအနီးတစ်ဝိုက်နဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာအချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများပြားလာတာကြောင့် နေရပ်စွန့်ခွာလာသူ စစ်ဘေးရှောင် ၅၀၀၀နီးပါးအတွက် စားနပ်ရိက္ခာ အဓိကလိုအပ်နေတယ်လို့ ကရင်လူငယ်ကွန်ရက်ကနေ သိရပါတယ်။ ” အဓိက စားနပ်ရိက္ခာလိုအပ်နေတာပေါ့။ ရက်ကြာလာရင် နေထိုင်ရာအဆောက်အဦးတွက် တာလပတ်လို ပစွည်းတွေလည်း လိုတယ်ဆိုပေမယ့် လူဦးရေက ကျောက်ကြီးဘက်နဲ့ပေါင်းရင် ၅ထောင်နီးပါးဆိုတော့ ရေရှည်မှာ ခက်ခဲလာနိုင်တယ်”လို့ ကရင်လူငယ်ကွန်ရက်မှ စောခူဘလူမူးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း KNU တပ်မဟာ-၃ ၊တပ်မဟာ-၅ နဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲထိတွေ့ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း၊ မူလက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ခန့်သာရှိနေခဲ့ရာ လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိနေတယ်လို့ဒေသခံအချို့နဲ့ ကရင်လူငယ်ကွန်ရက်အဖွဲ့ကနေ သိရပါတယ်။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးအနီးတဝိုက်မှာ စစ်ဘေးရှောင် ၁၀၀၀…
Read Moreစစ်တွေမှာ နေအိမ် (၅) လုံးမီးလောင်၊ သိန်းပေါင်း (၈၀၀)ကျော်ဆုံးရှုံး
ဇန်နဝါရီ ၂၈ -၂၀၂၁ ထက်အောင်စိုင်း(VOM) စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက် (၉)၊ အရပ်အခေါ် မီးစက်ကြီးခွဆုံအနီးက ဘုမေမူဆလင်ရွာမှာ မနေ့ ဇန်နဝါရီ ၂၇ရက် ည (၉)နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးကာ ကြက်အကောင်ရေ (၆၀၀) နီးပါရှိတဲ့ကြက်ခြံတစ်ခုမီးလောင်သွားပြီး ကျန်တဲ့နှစ်အိမ်မှာ အနည်းငယ်ပျက်စီးဆုံးရှုံးမှုရှိခဲ့သလို ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ သိန်းပေါင်း (၈၀၀) အထက်ရှိတယ်လို့ မကျည်းမြိုင်အကွက် (၉)ရာအိမ်မှူးဆီကနေ သိရပါတယ်။ မီးလောင်မှုအကြောင်းအရင်းဟာ ကြက်မွေးမြူရေးအရောင်းဆိုင်အတွင်း ကြက်တွေကို အမွှေးနှုတ်ဖို့ ရေနွေးအိုးတည်ထားတဲ့ ထင်းမီးဖိုကတစ်ဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အမျိုးသား လူကြီး(၇)ဦး၊ ယောက်ျား ကလေး (၉)ဦး၊ အမျိုးသမီး လူကြီး (၁၀)ဦး၊ အမျိုးသမီး ကလေးငယ်(၆)ဦး၊ စုစုပေါင်း(၃၂)ဦးတို့ကို ဆွေမျိုးတွေရဲ့နေအိမ်မှာ ယာယီနေထိုင်လျက်ရှိတယ်လို့…
Read Moreကရင်ရိုးရာဒုံးအကကို ယူနက်စကိုစာရင်းဝင်ဖို့ မျှော်လင့်ထား
ဇန်နဝါရီ ၂၈ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း(UNESCO)ဝင်ဖို့ အဆုံးထိမျှော်လင့်ထားတယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UNESCOကို တင်သွင်းမယ့် ကရင်ရိုးရာဒုံးအက တင်ဆက်ကပြပွဲ အခမ်းအနားကနေ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “UNESCO ကိုရောက်ဖို့ အဆုံးထိအောင် မျှော်လင့်ထားတယ်။ ရမယ်လို့လည်း မျှော်လင့်တယ်။ ကျမတို့ တိုင်းရင်းသားထဲမှာ အရင်တုန်းက ဒါတွေကို ပြုစုပျိုးထောင်ပြီးတော့ မှတ်တမ်းမသိမ်းဆည်းခဲ့ရင် အခုချိန်မှာ ကျမတို့ ဘာမှမလုပ်နိုင်ဘူး”လို့ ပြောပါတယ်။ ကရင်ရိုးရာဒုံးအကကို UNESCO တင်သွင်းနိုင်ဖို့ တစ်နှစ်ကြာ အချိန်ယူဆောင်ရွက်ခဲ့ရတယ်လို့ ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်ကပြောပါတယ်။ “ကျနော်တို့စခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက စပြီးဆွေးနွေးခဲ့တယ်။ အဖက်ဖက်က ဘက်ဂျက်ရရှိမှုအခြေအနေတွေ၊ ကိုဗစ်အခြေအနေတွေနဲ့ တော်တော်ကို အချိန်ယူပြီး…
Read Moreရန်ကုန်မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်သူတွေက ရဲတပ်ဖွဲ့ကို ခဲတွေနဲ့ထုလို့ ဖမ်းဆီး
ဇန်နဝါရီ ၂၇ -၂၀၂၁ သတင်း၊ ဓာတ်ပုံ – အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံအနီးမှာ ဒီကနေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံမှုနဲ့UECကန့်ကွက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ခံပွဲဝန်းရံသူတွေက ခဲတွေနဲ့ပစ်ပေါက်ခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပွဲကို ခွင့်ပြုချက်နဲ့ပြုလုပ်ခဲ့ပေမယ့် ထောက်ခံပွဲအပြီးမှာ လာရောက်ဝန်းရံသူတွေက ထပ်မံဆန္ဒပြခဲ့လို့ ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်မယ့်အခြေအနေအထိ တင်းမာခဲ့ပါတယ်။ ခွင်ပြုချက်မဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ဖမ်းဆီးထားတဲ့အရေအတွက်ကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ကလည်း ခွင့်ပြုချက်မရှိဘဲ တာမွေမြို့နယ်၊ ရွှထွဋ်တင်ကွင်းမှာ ဆန္ဒပြခဲ့သူ ၁၆ဦးကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ရှိပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #တပ်ထောက်ခံ #UECကန့်ကွက်ပွဲ #ရဲကိုခဲနဲ့ထု #လိုက်လံဖမ်းဆီး
Read Moreဧရာဝတီမြစ်ထဲကနေ ဗုံးအလုံး ၃၀ တွေ့
ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီမြစ်ကူး အင်းဝတံတားအောက်ဘက်မှာ ငါးဖမ်းနေတဲ့ ရေလုပ်သားတစ်ယောက်ဟာ မနေ့ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ရေထဲကနေ ဗုံးအလုံး ၃၀ ကို ငါးဖမ်းပိုက်နဲ့ ငြိပြီးပါလာတဲ့အတွက် သက်ဆိုင်ရာကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ” ရေလုပ်သား ကိုကံဦး ဆိုသူက သူ့ရဲ့ ငါးဖမ်းပိုက် ရေအောက်မှာ ငြိနေတာကြောင့် ဆင်းပြီး ဖယ်ရှားတဲ့အခါ ဗုံးအလုံး ၃၀ တွေ့ရတာဖြစ်တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဲ့ဒီတွေ့ရှိရတဲ့ဗုံးတွေဟာ လုံးပတ် ၉ လက်မ အရှည် ၁၂ လက်မ အရွယ်အစား ဗုံးသီးတွေဖြစ်ပါတယ်။ ” ဗုံးသီးတွေက အသက်ရှိတယ် မရှိဘူးဆိုတာ သက်ဆိုင်ရာ စစ်လက်နက်တပ်ရင်းကပဲ အဖြေသိတယ် ၊ စစ်ကျန် ဗုံးသီးတွေဖြစ်မယ်”လို့ စစ်ကိုင်းမြို့နယ်…
Read Moreမန္တလေးမှာ ကိုဗစ်ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ အကုန်လုံးကိုထိုးပေးနိုင်ဖို့ ရည်ရွယ်ထား
မန္တလေး၊ ဇန်နဝါရီ ၂၇- ၂၀၂၁ ညီသစ်(VOM) ကိုဗစ်ကာကွယ်ဆေးတွေကို တခြားနိုင်ငံကနေ စာချုပ်နဲ့ ဝယ်ယူရတာကြောင့် ဆေးရတဲ့ အရေအတွက်အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ ပြည်သူအကုန်လုံး ကာကွယ်ဆေးထိုးနိုင်အောင် ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မန္တလေးမြို့က ကူးစက်မှုနီးစပ်တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးကို ပြည်ထောင်စု အဆင့် က ၅ ရက်နေ့မှ ထိုးနှံမှာဖြစ်တဲ့အပြင် တိုင်းအစိုးရအဆင်ကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ မှာ တပြိုင်တည်း ထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒီကနေ့မှာ ကိုဗစ်ကာကွယ်ဆေး ၁၇၄၁ ပုလင်း ရောက်ရှိပြီး တစ်ပုလင်းကို ဆယ်ဦးနှုန်းထိုးပေးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆင့်လိုက် ကျန်တဲ့သူတွေကို ထိုးပေးသွားမှာဖြစ်ပါတယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ #VOM #voiceofmyanmar #COVID-19 #ကိုဗစ်ကာကွယ်ဆေး #မန္တလေး
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၇ ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၂၇- ၁- ၂၀၂၁ (VOM) – အိန္ဒိယက မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံအတွင်းက ကျန်းမာရေး ဝန်ထမ်းတွေကို ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ထိုးပေးနေပြီ – မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက အမှုထမ်းနဲ့အရာထမ်း ၃ ဦး Covid-19 ပိုးတွေ့ – အင်းတော်ရဲစခန်းက အချုပ်တရားခံတစ်ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရ – YDP ပါတီ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖမ်းခံရပြီ – နေပြည်တော်ကာကွယ်ရေးဦးစီးချုပ် ရုံးရှေ့မှာစိုက်ထူမယ်ဆိုတဲ့ ကျောက်တိုင်ကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့သိမ်းလိုက်ပြီ – မောင်တောမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေ ခိုးဝင်မှုရှိနေဆဲ – ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သား ၄၀၀ ကျော် ပြန်လွတ်တော့မယ် – ပုသိမ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးဖမ်းမိ – လိုင်စင်မဲ့ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်အားလုံး…
Read More