မယားပါသမီးကို ၂နှစ်ကျော် မုဒိမ်းကျင့်ခဲ့တဲ့ မလေးရှားအမျိုးသားတစ်ဦးကို ထောင် ၁၀၅၀ နှစ်ချ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၈-၂၀၂၁
မျိုးဆက် (VOM)

မလေးရှားတရားရုံးတစ်ရုံးဟာ နှစ်နှစ်ကျော်ကာလအတွင်း မယားပါသမီးကို အကြိမ်ပေါင်း ၁၀၅ ကြိမ်ထိ မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၀၅၀ နှစ်ချမှတ်လိုက်ပါတယ်။

အမည်ထုတ်ဖော်ပြောဆိုထားခြင်းမရှိတဲ့ အဲ့ဒီအမျိုးသားကို ထောင်ဒဏ်အပြင် ကြိမ်ဒါဏ် ၂၄ ချက်လည်း အရိုက်ခံရဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

တရားစီရင်တာကို ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ပြီး စွဲချက်တစ်ခုစီအတွက် စီရင်ချက်ဖတ်ကြားခဲ့ရာ ၅ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

အဲ့ဒီပြစ်မှုဟာ အလွန်အမင်းဆိုးရွားတဲ့ အပြစ်ဖြစ်ရုံမျှမက အသက် ၁၂ အရွယ်မိန်းကလေးငယ်ရဲ့ အနာဂါတ်ကိုပါ ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်လို့ တရားသူကြီး အမ်ကူနာဆန်ဒရီကပြောပါတယ်။

အလုပ်လက်မဲ့တစ်ဦးဖြစ်သူ အဲ့ဒီအမျိုးသားဟာ ဆီလန်ဂေါပြည်နယ် ဆန်ဂိုင်ဝေးရှိ နေအိမ်မှာ မယားပါသမီး၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်ကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တိုင်အောင် မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။

Ref : CNA
Photo: Mediacorp
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW