ဘယ်လိုလူတွေ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးလို့မရတာလဲ

ဇန်နဝါရီ ၂၉ -၂၀၂၁ ရန်အောင်ထွန်း(VOM) Covid-19 ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း အခြားကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ ထိုးလို့ရမှာ မဟုတ်ဘူးလို့ မြစ်ကြီးနားဆေးရုံကနေ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက မြစ်ကြီးနားဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်း ၅၈၂ ဦးကို Covid-19 ကာကွယ်ဆေး ထိုးပေးတဲ့အခါ သွေးတိုးနေလို့ ခဏနားရတာမျိုး ကြုံရပေမယ့် သွေးပေါင်ကျသွားအောင် ပြန်စောင့်ထိုးပေးခဲ့ရတယ်လို့ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောပါတယ်။ Covid-19 ကာကွယ်ဆေး ထိုးလို့မရနိုင်တဲ့သူတွေအကြောင်း မေးကြည့်တော့လည်း ကိုယ်ဝန်ဆောင်မိခင်၊ ဖျားနေသူနဲ့ အခြား ကာကွယ်ဆေးကို ၂ ပတ်အတွင်း ထိုးထားသူတွေ ထိုးလို့ရမှာမဟုတ်ဘူးလို့ ဒေါက်တာတင်လှက ပြောပါတယ်။ မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကိုထိုးပေးတဲ့ ကာကွယ်ဆေးအရေအတွက်ကတော့ ၁၀ ဦးစာပါ ဆေးအလုံးပေါင်း ၅၈ လုံးကျော် အသုံးပြုခဲ့ပါတယ်။ မနေ့…

Read More

ရှမ်းပြည်နယ်၀န်ကြီးချုပ်ကို နိုင်လွတ်လုံနဲ့ တိုင်ကြား

ဇန်နဝါရီ ၂၈-၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ဒီကနေ့ တောင်ကြီးမြို့မရဲစခန်းမှာ လာရောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။ “၀န်ကြီးချုပ်ကို နိုင်လွှတ်လုံနဲ့အမှုဖွင့်တာပါ၊ တာချီလိတ်က ဒေါ်နန်းခမ်းတစ်ပိုင်တဲ့မြေပေါ်မှာ မြေယာကျူးကျော်တယ်၊ ဒါကို ကျွန်တော်တို့က ၂၀၁၀ မှာ နိုင်ငံတော်သမ္မတအထိ တိုင်ကြားပါတယ်။ နိုင်ငံတော်သမ္မတကနေမှ ပြည်ထဲရေး၊ ပြည်ထဲရေးကနေ စ သုံးလုံး၊ စ သုံးလုံးက စစ်ဆေးပြီးမှ အထောက်အထားတွေ မှန်ကန်တယ်ဆိုတဲ့ကြောင်းကို သမ္မတကို ပြန်တင်ပြတယ်၊ တင်ပြတဲ့အခါမှာ ဒီမြေဟာ ကျူးကျော်ခံရတာမှန်ကန်တယ်၊ အောက်ခြေ၀န်ထမ်းတွေက ဒီဥပဒေနဲ့မညီတာကို ပေါင်းပြီးမှ လုပ်ထားတယ်ဆိုတဲ့ အကြောင်းပေါ့”လို့ အဲ့ဒီမြေပေါ်မှာ ၂၅ နှစ်ကြာနေထိုင်လာတဲ့ တိုင်ကြားသူ ခြံမန်နေဂျာ ဦးယောစုက ပြောပါတယ်။ သမ္မတနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်က ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပတ်သက်ပြီး မူလမြေပိုင်ရှင်နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့တယ်လို့ ဦးယောစုကပြောပါတယ်။ ” ၂၀၁၆ မှာ ညွှန်ကြားထားတယ်၊…

Read More

စစ်ကိုင်းမြို့မှာ ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇန်နဝါရီ ၂၈ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်ကျေးရွာအုပ်စု၊ ရိပ်သာကျွန်းရွာမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဖခင်ဖြစ်သူက အသက် ၁၃နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။ ” ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စိုးလှိုင်(၃၁)နှစ်ကို စစ်ကိုင်းနယ်မြေရဲစခန်းက (ပ) ၃ /၂၀၂၁၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်”လို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သန်းကပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းရွာကအသက်၁၃နှစ်အရွယ် သမီးဖြစ်သူဟာ မိခင်နဲ့အတူ စစ်ကိုင်းမြို့ ခုတင်၂၀၀ ဆံ့ပြည်သူ့ဆေးရုံကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် နေ့လယ်၁၂ နာရီကျော်အချိန်ခန့်က ရောက်ရှိလာပြီး ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ကြောင်း ပြောပြကာ လာရောက်ပြသခဲ့ပါတယ်။ အဲ့ဒီသတင်းအရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်ရဲမှူးနဲ့ နယ်မြေရဲစခန်းမှူးတို့သွားရောက်ပြီး မိခင်ဖြစ်သူ နဲ့ အဓမ္မပြုကျင့်ခံရသူကို…

Read More

သင်္ဃန်းကျွန်းနဲ့အလုံမြို့နယ်မှာ တပ်ကိုထောက်ခံပြီး UECကိုကန့်ကွက်ကြောင်းဆန္ဒပြ

ဇန်နဝါရီ ၂၈ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အလုံမြို့နယ်မှာ တပ်မတော်ကိုထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ဒီကနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ကို ဝန်းရံထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း အလုံမြို့နယ်၊ သခင်မြပန်းခြံရှေ့မှာ ဒီကနေ့နေ့လယ် ၃နာရီက ​ဦးဆောင်သူဦးမြင့်စန်းအပါအ၀င် လူ၁၁ဦးတို့က ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောသလို မီဒီယာရော ပါတီတွေတွေရော ပြည်သူတွေရော ကြိုက်တဲ့သူလာစစ်လို့ အာမခံပြီးပြောခဲ့တယ်၊ တပ်မတော်က စီစစ်ထားတဲ့မဲစာရင်းတွေကို တပ်မတော်လို UECက အာမခံပြီး စစ်ဆေးခိုင်းရဲလား၊ အခုလို UECကိုကန့်ကွက်ဆန္ဒပြရတာကလည်း မဲမသမာမှုတွေရှိနေပါလျက်နဲ့ တိုင်ကြားမှုတွေကိုမဖြေရှင်းဘဲ ရေငုံနှုတ်ပိတ်နေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ တရားရေးဌာန အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ မီဒီယာများ အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေးစတဲ့ စာသားတွေနဲ့…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၈ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၈- ၁- ၂၀၂၁ (VOM) – ကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ပြည်သူထဲကနေ သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ် – ရန်ကုန်တိုင်းမှာ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးတဲ့ ထပ်တိုးစာရင်းပါသူတွေကို တအိမ်ထောင် ၄သောင်းထောက်ပံ့ – တပ်မတော်ထောက်ခံပြီး UECကိုကန့်ကွက်ကြောင်း သဃ်န်းကျွန်းနှင့်အလုံမြို့နယ်တွေမှာ ဆန္ဒပြ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စာမျက်နှာ ၆ မျက်နာပါတဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ထုတ်ပြန်ချက်တခု ဒီနေ့ ညနေပိုင်းမှာထွက်လာ – နေရပ်ပြန်ဖို့ လမ်းစပျောက်နေတဲ့ ကျောက်တော်က စစ်ဘေးရှောင်တွေ – ဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါး စားနပ်ရိက္ခာလိုအပ်နေ – စစ်တွေမှာ နေအိမ် (၅) လုံးမီးလောင်၊ သိန်းပေါင်း (၈၀၀)ကျော်ဆုံးရှုံး – ရနောင်းက မြန်မာလုပ်သား ၁၆၀ ကို နေရပ်ပြန်ပို့ – ကရင်ရိုးရာဒုံးအကကို ယူနက်စကိုစာရင်းဝင်ဖို့ မျှော်လင့်ထား…

Read More

ကိုဗစ်ကာကွယ်ဆေးကို  နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်

မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁ ရှိုင်းအောင်(VOM)   အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။   အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့  မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။   အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က…

Read More

တရုတ်ဖိအားဒါဏ်ခံနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က အမေရိကန်ရပ်တည်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈-၂၀၂၁ မျိုးဆက် (VOM) နိုင်ငံတကာ ဥပဒေတွေကခွင့်ပြုထားတာထက်ကျော်လွန်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရေကြောင်းပိုင်ဆိုင်မှု တောင်းဆိုနေတာတွေကို အမေရိကန်က ပယ်ချလိုက်ပြီး တရုတ်ရဲ့ဖိအားကို တွန်းလှန်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က ရပ်တည်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလော့ဆင်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ ဘလင်းကင်က ဒီလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အရေးမှာ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ ရပ်တည်သွားဖို့ ကတိပြုတယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီး ဘလင်းကင်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ အဓိကကုန်သွယ်ရေကြောင်းလမ်းဖြစ်ပြီး စွမ်းအင်ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားကြပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်း သူ့ရဲ့တည်ရှိမှုကို တိုးမြှင့်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို အားသာချက်အဖြစ် အသုံးချနေတယ်လို့…

Read More

ရနောင်းက မြန်မာလုပ်သား ၁၆၀ ကကို နေရပ်ပြန်ပို့

ဇန်နဝါရီ ၂၈ -၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ၂၈ ရက်‌နေ့ မနက် ၈ နာရီခွဲက မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ ” ‌နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအရ တနင်္သာရီတိုင်းမှာ‌နေတဲ့ လုပ်သားတွေကိုတော့ ရနောင်းကလွဲပြောင်းပေးမှာပါ။ ကျန် ပြည်နယ်နဲ့တိုင်းက လူတွေတော့ မဲဆောက်ဘက်ခြမ်းကနေ သူ့အသုတ်နဲ့သူ လွဲပြောင်းပေးမှာပါ။ ဒီကနေ့ပြစ်ဒဏ်ကျခံပြီးသူတွေ ကလေးငယ်တွေအကုန်ပါပါတယ်”လို့ မြန်မာအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ)ဦးထက်ဝေဖြိုးက ပြောပါတယ်။ အခုပြန်လွဲပြောင်းပေးသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၊မိသားစုဝင်တွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူ ၄၀၂ ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်တယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ပြောဆိုထားပါတယ်။…

Read More

မယားပါသမီးကို ၂နှစ်ကျော် မုဒိမ်းကျင့်ခဲ့တဲ့ မလေးရှားအမျိုးသားတစ်ဦးကို ထောင် ၁၀၅၀ နှစ်ချ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၈-၂၀၂၁ မျိုးဆက် (VOM) မလေးရှားတရားရုံးတစ်ရုံးဟာ နှစ်နှစ်ကျော်ကာလအတွင်း မယားပါသမီးကို အကြိမ်ပေါင်း ၁၀၅ ကြိမ်ထိ မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၀၅၀ နှစ်ချမှတ်လိုက်ပါတယ်။ အမည်ထုတ်ဖော်ပြောဆိုထားခြင်းမရှိတဲ့ အဲ့ဒီအမျိုးသားကို ထောင်ဒဏ်အပြင် ကြိမ်ဒါဏ် ၂၄ ချက်လည်း အရိုက်ခံရဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။ တရားစီရင်တာကို ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ပြီး စွဲချက်တစ်ခုစီအတွက် စီရင်ချက်ဖတ်ကြားခဲ့ရာ ၅ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီပြစ်မှုဟာ အလွန်အမင်းဆိုးရွားတဲ့ အပြစ်ဖြစ်ရုံမျှမက အသက် ၁၂ အရွယ်မိန်းကလေးငယ်ရဲ့ အနာဂါတ်ကိုပါ ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်လို့ တရားသူကြီး အမ်ကူနာဆန်ဒရီကပြောပါတယ်။ အလုပ်လက်မဲ့တစ်ဦးဖြစ်သူ အဲ့ဒီအမျိုးသားဟာ ဆီလန်ဂေါပြည်နယ် ဆန်ဂိုင်ဝေးရှိ နေအိမ်မှာ မယားပါသမီး၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်ကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တိုင်အောင် မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။…

Read More

ရန်ကုန်တိုင်းမှာ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးတဲ့ ထပ်တိုးစာရင်းပါသူတွေကို တအိမ်ထောင် ၄သောင်းထောက်ပံ့

ရန်ကုန်-ဇန်နဝါရီ ၂၈-၂၀၂၁ သိင်္ဂီထွန်း(VOM) အစိုးရရဲ့ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးခဲ့တဲ့ ရန်ကုန်တိုင်းထဲက အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို တစ်အိမ်ထောင် ၄၀၀၀၀ ကျပ် ထောက်ပံ့မှုကို ဒီကနေ့ ဇန်နဝါရီ၂၈ ရက်နေ့မနက်ပိုင်းကစပြီး ပေးအပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “လှိုင်သာယာ အရှေ့ပိုင်းမှာဆိုရင် ထပ်တိုးအိမ်ထောင်စု ၅၂၀၀၀ ကျော်ထပ်ရတယ်။ ဒီနေ့စပေးနေပြီ။ ကျန်တဲ့အိမ်ထောင်စုတွေထပ်ရတယ်ပေါ့။ ကျန်ခဲ့တဲ့သူတွေဆိုပြီး စာရင်းထပ်ကောက်လိုက်တော့ လိူင်သာယာမြို့မှာဆိုရင်ပဲ တော်တော်လေးကို အကုန်လုံး နီးပါးကို ရမယ်လို့ထင်ပါတယ်။ အခြေခံလူတန်းစားအိမ်ထောင်စုတွေပေါ့၊ မဖြစ်မနေပေးသင့်ပေးထိုက်သောသူများပေါ့”လို့ လှိုင်သာယာအရှေ့ပိုင်း ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့အတူ ကိုယ်စားလှယ်တွေ ၊သက်ဆိုင်ရာတာဝန်ရှိသူတွေက ထောက်ပံ့ ကြေးတွေကို ပေးအပ်နေကြပါတယ်။ ခုလို ထောက်ပံ့မှုတွေမပြုလုပ်ခင်မှာ အစိုးရရဲ့ ကိုဗစ်ကာလထောက်ပံ့ကြေးကို မဖြစ်နေလိုအပ်တဲ့ အခြေခံ အိမ်ထောင်စုတွေစာရင်းကို တောင်းခံခဲ့သလို သေချာစနစ်တကျကောက်ယူခဲ့သဖြင့် ရသင့်ရထိုက်သူအားလုံး ထောက်ပံ့ကြေးရရှိတာကြောင့် ထောက်ပံ့ကြေးမရလို့…

Read More
VOM News

FREE
VIEW