တရုတ်ဖိအားဒါဏ်ခံနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က အမေရိကန်ရပ်တည်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈-၂၀၂၁
မျိုးဆက် (VOM)

နိုင်ငံတကာ ဥပဒေတွေကခွင့်ပြုထားတာထက်ကျော်လွန်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရေကြောင်းပိုင်ဆိုင်မှု တောင်းဆိုနေတာတွေကို အမေရိကန်က ပယ်ချလိုက်ပြီး တရုတ်ရဲ့ဖိအားကို တွန်းလှန်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က ရပ်တည်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလော့ဆင်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ ဘလင်းကင်က ဒီလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အရေးမှာ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ ရပ်တည်သွားဖို့ ကတိပြုတယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီး ဘလင်းကင်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ အဓိကကုန်သွယ်ရေကြောင်းလမ်းဖြစ်ပြီး စွမ်းအင်ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားကြပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်း သူ့ရဲ့တည်ရှိမှုကို တိုးမြှင့်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို အားသာချက်အဖြစ် အသုံးချနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW