ရနောင်းက မြန်မာလုပ်သား ၁၆၀ ကကို နေရပ်ပြန်ပို့

ဇန်နဝါရီ ၂၈ -၂၀၂၁
ကောင်းလက်ျာ(VOM)

ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ၂၈ ရက်‌နေ့ မနက် ၈ နာရီခွဲက မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။

” ‌နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအရ တနင်္သာရီတိုင်းမှာ‌နေတဲ့ လုပ်သားတွေကိုတော့ ရနောင်းကလွဲပြောင်းပေးမှာပါ။ ကျန် ပြည်နယ်နဲ့တိုင်းက လူတွေတော့ မဲဆောက်ဘက်ခြမ်းကနေ သူ့အသုတ်နဲ့သူ လွဲပြောင်းပေးမှာပါ။ ဒီကနေ့ပြစ်ဒဏ်ကျခံပြီးသူတွေ ကလေးငယ်တွေအကုန်ပါပါတယ်”လို့ မြန်မာအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ)ဦးထက်ဝေဖြိုးက ပြောပါတယ်။

အခုပြန်လွဲပြောင်းပေးသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၊မိသားစုဝင်တွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူ ၄၀၂ ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်တယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ပြောဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ‌ရွှေ့ပြောင်းလုပ်
သားတွေကို ပြည်တွင်း ပြန်မပို့ပေးသေးတဲ့အတွက် ဇန်နဝါရီလ ၂၅ ရက်က ထိန်းသိမ်းခံမြန်မာလုပ်သားတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ ကိုဗစ်-၁၉ အခြေအနေဆိုးရွားနေတာကြောင့် မြန်မာအစိုးရက ပြန်လက်ခံဖို့အသင့်မဖြစ်သေးတာကြောင့်ဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။

သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ် မြန်ဆန်စေဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ထိန်းသိမ်းခံမြန်မာလုပ်သားတွေကတောင်းဆိုခဲ့ပြီးနောက်ပိုင်း ထိန်းသိမ်းခံမြန်မာလုပ်သား ပထမအသုတ်ကို ဒီကနေ့မှာ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့တိုင်းက လူတွေကိုတော့ မဲ
ဆောက်ကနေ ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo – Htet Wai Phyo
#voiceofmyanmar #VOM #ရနောင်း #မြန်မာလုပ်သား #နေရပ်ပြန်ပို့

Related posts

Leave a Comment

VOM News

FREE
VIEW