အာဏာသိမ်းစစ်ကောင်စီကိုအလိုမရှိကြောင်း လားရှိုးမှာ လူအင်အားသောင်းချီ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ

လာရှိုး၊ ဖေဖော်ဝါရီ ၁၈၊၂၀၂၁
Violin Shayi(VOM)

လာရှိုးမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အား တစ်သောင်းခန့်ဟာ ဆောက်လုပ်ရေးဌာနကနေစပြီး မြို့တော်ခန်းမနားအထိ ထိုင်သပိတ်ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက “စစ်အာဏာရှင် အစိုးရအလိုမရှိ၊ ရုံးမတက်နှင့် ရုန်းထွက်၊ အမေစုနှင့် ဖမ်းဆီးထိန်းသမ်းခံထားရသူများ ချက်ချင်းလွှတ်၊ ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး ” စတာတွေနဲ့ကြွေးကြော်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲမှာ ကချင်၊ ရှမ်း၊ တအာင်း ပလောင်၊ “ဝ”၊ မြန်မာပြည်ဖွား မွတ်ဆလင်များ စတဲ့ လူမျိုးစုံပါဝင်ပြီး ပညာရေးဝန်ထမ်းတွေ၊ကျောင်းသားသမဂ္ဂတွေ၊ စက်ဘီးစီးအဖွဲ့၊ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် ပါဝင်ပါတယ်။

#voiceofmyanmar #VOM # လားရှိုး

အာဏာသိမ်းစစ်ကောင်စီကိုအလိုမရှိကြောင်း လားရှိုးမှာ လူအင်အားသောင်းချီ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW