နေပြည်တော်က ဒုရဲအုပ်တဦးအပါအဝင် ရဲလေးဦး CDM ပြုလုပ်

မတ် ၁-၂၀၂၁
Voice Of Myanmar

အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)က ဒုရဲအုပ်တဦးအပါအဝင် ရဲတပ်သားလေးဦးဟာ စစ်အာဏာရှင်လက်အောက်မျာ တာဝန်မထမ်းဆောင်လိုတာကြောင့်ဆိုပြီး ရဲတပ်ဖွဲ့က နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒုရဲအုပ်မျိုးမင်းသူ၊ ရဲတပ်သားခွန်ချစ်မောင်၊ ရဲတပ်သားမျိုးလှိုင်ဝင်းနဲ့ ရဲတပ်သားအောင်နိုင်တို့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ လေးဦးဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့်သာဖြစ်ပြီး တပ်ဖွဲ့အပေါ် သစ္စာဖောက်တာမဟုတ်သလို လက်နက်ခဲယမ်းနဲ့ ဆက်သွယ်ရေးစက်တွေလည်း ယူဆောင်မသွားဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပေးပို့တဲ့ နုတ်ထွက်စာမှာ ရေးထားတာကို‌ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အကောင်စီက အာဏာရယူပြီးနောက်ပိုင်း ဌာနဆိုင်ရာက ဝန်ထမ်းအချို့ဟာ ရုံးမတက်ဘဲ CDM ပြုလုပ်နေကြသလို အခုနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေပါ CDM မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မန္တလေးတိုင်း အမရပူရရဲစခန်းနဲ့ မန္တလေးအောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းက စခန်းမှူးနဲ့ တပ်သားအချို့ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #အမှတ်၁၈လုံခြုံရေးရဲတပ်ဖွဲ့ခွဲနေပြည်တော် #CDM

Related posts

Leave a Comment

VOM News

FREE
VIEW