ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်း ၃၇ ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်

မတ်လ ၁၈ -၂၀၂၁
သတင်းဓါတ်ပုံ-နောင်ရိုး

ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ တားဆီးခံရမှုတွေရှိနေပေမယ့် ဒီကနေ့မတ်လ-၁၈ ရက်နေ့မှာ ၃၇ရက်နေ့မြောက်အဖြစ် ဆန္ဒဖော်ထုတ်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

သပိတ်စစ်ကြောင်းဟာ ဖားကန့်မြို့အတွင်းကို လှည့်လည်ခွင့်မရတဲ့အတွက် ကျေးရွာရပ်ကွက်အတွင်းရှိ လမ်းတွေပေါ်မှာသာ လှည့်လည်ခဲ့ခြင်းဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်သူတွေကနေ သိရပါတယ်။

အလားတူ လုံးခင်းသပိတ်စစ်ကြောင်းဟာလည်း ပြောက်ကျားစနစ်နဲ့ ကျေးရွာအုပ်စုအတွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အခုလို ဆန္ဒဖော်ထုတ်နေမှုတွေဟာ ဖားကန့်ဒေသမှာ နေ့စဉ်ဖြစ်ပေါ်နေပြီး ဒီကနေ့အထိ ၃၇ ရက်တိတိ ရှိခဲ့ပြီဖြစ်ပါတယ်။

ဖားကန့်မြို့မှာ မတ်လအတွင်း ဆန္ဒဖော်ထုတ်သူတွေကို ဖြိုခွင်းမှုပြုလုပ်ရာမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ လူနှစ်ဆယ်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒဖော်ထုတ်သူ အမျိုးသား ၇ဦး၊အမျိုးသမီး ၁ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #အေးမြသာယာသပိတ် #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW