မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက်

မုံရွာ-မတ် ၊ ၁၈ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ကျောက္ကာလမ်း၊ မော်ကွန်းရှင် စတိုးအနီးမှာ မတ်လ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ CDM သစ်တော ဝန်ထမ်း ၁ ဦး ဖြစ်တဲ့ ကိုထွန်းထက်အောင် (ခ) ကိုဖိုးငယ် အသက် (၂၄)နှစ် ဟာ ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက မန္တလေး ဆေးရုံမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။ သူ့ရဲ့ ရုပ်အလောင်းကို သေဆုံးသူရဲ့ နေရပ်ဖြစ်တဲ့ မုံရွာမြို့ အလုံ မုန်တိုင်းရပ်ကွက်မှာ စျာပန ပြင်ဆင်ထားတာကို အခုလို တွေ့ရှိရပြီး မနက်ဖန် မတ် ၁၉ ရက် ညနေ ၃ နာရီမှာ သဂြိုလ်မှာ…

Read More

ဖားကန့်မှာ တိုက်ခိုက်ရေး ရဲတပ်ရင်း စခန်း(၂)ခုနဲ့ တပ်စခန်းတခု တိုက်ခိုက်ခံရ

မတ်-၁၈ -၂၀၂၁ ZMH(VOM) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက တိုက်ခိုက်ရေး ရဲတပ်ရင်း စခန်း၂ခုနဲ့ တပ်စခန်းတခုကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)က မနေ့ည ၁နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ ။ တိုက်ခိုက်ခံရတဲ့ ရဲတပ်ရင်းစခန်းတွေကတော့ နမ့်မှော်ကျေးရွာနားက တပ်စခန်း ၊ မော်လကင်ရွာနားက ရဲတပ်ရင်း စခန်း၊ မိုးကာရွာနားက စိန်လုံ ရဲတပ်ရင်းစခန်းတွေ ဖြစ်တယ်လို့ သိရပါတယ် ။ စခန်းသုံးခုကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုတွေကိုမသိရှိရပေမဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ကာ မိုးလင်းကာနီးမှ သေနတ်သံတွေတိတ်သွားခဲ့လို့ ဒေသခံရွာသားတွေက VOM ကိုပြောပါတယ် ။ ” ညကတော့ သူတို့တဖက်နဲ့တဖက်ပစ်နေတာ တော်တော်ကြာတယ် ။ မနက်လင်းမှ သေနတ်သံတွေ တိတ်သွားတာ ။ နှစ်ဖက်ရဲဘော်တွေ ကျတာမျိုးတော့ မတွေ့မိဘူး ၊ ကျနော်တို့ရွာက ရွာသားတယောက်တော့ လက်နက်ကြီးနဲ့ ပစ်တဲ့အချိန်က…

Read More

ရန်ကုန်မှာ ကျဆုံးခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းသားအတွက် မန္တလေးမှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

မတ် ၁၈ -၂၀၂၁ Voice Of Myanmar ရန်ကုန်မြို့၊ တာမွေမြို့နယ် ဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ ဆေတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုခန့်ငြားဟိန်း အတွက် မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ ဒီကနေ့ညနေပိုင်းက အောက်​မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ခန့်ငြားဟိန်း #အောက်မေ့ဖွယ်အခမ်းအနား

Read More

ကလေးမြို့မှာ မတ်လ ၁၇ ရက်က ကျဆုံးသူတွေရဲ့ဈာပန

ကလေး-မတ်၁၈-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မနေ့ မတ်လ ၁၇ရက်က တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ကျဆုံးသွားခဲ့သူတွေထဲက ချင်းအမျိုးသားနှစ်ဦးရဲ့ နာရေးကို ဒီကနေ့ပဲပြုလုပ်ခဲ့ပါတယ်။ တာဟန်းသပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ချင်းတိုင်းရင်းသားသုံးဦးအနက် ဆလိုင်းကျုံးလျံကျဲအိုနဲ့ ကိုကျင်ခန့်မာန်တို့ နှစ်ဦးကို ဒီကနေ့ပဲ သုဿန်အသီးသီးသို့ ကလေးမြို့ပြည်သူလူထုနဲ့ ချင်းတိုင်းရင်းသားတွေက လိုက်ပါပို့ဆောင်ကြပါတယ်။ မနေ့က စစ်တပ်နှင့်ရဲတွေ ဝိုင်းထားမှုကြောင့် ပိတ်မိနေတဲ့ ညီမဖြစ်သူကို သွားကယ်ရင်း အစ်ကိုဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျံကျဲအိုဟာ ရင်ဘတ်ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ စီးစံသုဿန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြသလို ကလေးသုံးဦးဖခင်ဖြစ်တဲ့ ကိုကျင်ခန့်မာန်ရဲ့ ရုပ်အလောင်းကိုတော့ သူနေထိုင်ရာဖြစ်တဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့က သုဿန်ဆီ ပို့ဆောင်ပေးကြပါတယ်။ ဒါ့အပြင် မနေ့ကပဲ ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဒိုဆွမ်ကိမ်းအား ဒီကနေ့ နေ့လည်…

Read More

ကလေးမြို့မှာ မတ်လ ၁၇ ရက်က ကျဆုံးသူတွေရဲ့ဈာပန

ကလေး-မတ်၁၈-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မနေ့ မတ်လ ၁၇ရက်က တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ကျဆုံးသွားခဲ့သူတွေထဲက ချင်းအမျိုးသားနှစ်ဦးရဲ့ နာရေးကို ဒီကနေ့ပဲပြုလုပ်ခဲ့ပါတယ်။ တာဟန်းသပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ချင်းတိုင်းရင်းသားသုံးဦးအနက် ဆလိုင်းကျုံးလျံကျဲအိုနဲ့ ကိုကျင်ခန့်မာန်တို့ နှစ်ဦးကို ဒီကနေ့ပဲ သုဿန်အသီးသီးသို့ ကလေးမြို့ပြည်သူလူထုနဲ့ ချင်းတိုင်းရင်းသားတွေက လိုက်ပါပို့ဆောင်ကြပါတယ်။ မနေ့က စစ်တပ်နှင့်ရဲတွေ ဝိုင်းထားမှုကြောင့် ပိတ်မိနေတဲ့ ညီမဖြစ်သူကို သွားကယ်ရင်း အစ်ကိုဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျံကျဲအိုဟာ ရင်ဘတ်ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ စီးစံသုဿန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြသလို ကလေးသုံးဦးဖခင်ဖြစ်တဲ့ ကိုကျင်ခန့်မာန်ရဲ့ ရုပ်အလောင်းကိုတော့ သူနေထိုင်ရာဖြစ်တဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့က သုဿန်ဆီ ပို့ဆောင်ပေးကြပါတယ်။ ဒါ့အပြင် မနေ့ကပဲ ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဒိုဆွမ်ကိမ်းအား ဒီကနေ့ နေ့လည်…

Read More

မုံရွာမှာ ရက် ၂၀ ဖမ်းထားခံရပြီး ၅၀၅ (က)နဲ့ အမှုဖွင့်ခံရသူ ၃၀ ကို ကွင်းလုံးကျွတ်လွှတ်

မုံရွာ-မတ် ၁၈ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ အေးသာယာရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဆင်ဖြူရာမ ပြဿဒ်ကျောင်းဝင်းထဲက မုံရွာ ဆန္ဒပြ ပင်မသပိတ်ကို လုံခြုံရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီက ဝင်ရောက်ဖြိုခွဲပြီး လူ ၁ ရာကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲ့ဒီ ဖမ်းဆီးသွားတဲ့ လူ ၁ ရာကျော်အနက် ပညာရေးဝန်ထမ်းတွေနဲ့ အခြား ဌာနဆိုင်ရာက သူတွေကို ညတွင်းချင်း ပြန်လွတ်ပေးခဲ့ပေမယ့် ကျောင်းသား ကျောင်းသူ အများစု ပါဝင်တဲ့ လူ ၃၀ ကို မုံရွာအကျဥ်းထောင်မှာ ပို့ဆောင်ပြီး အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (က) အရ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး မုံရွာမြို့နယ် တရားရုံးမှာ တရားစွဲဆို…

Read More

မရမ်းကုန်းမှာ ပစ်ခတ်မှုတွေရှိ​ခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးကာ လမ်းရှင်းခိုင်း

မတ် ၁၈ -၂၀၂၁ ACT(VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်၁ရပ်ကွက်အနီးမှာ ဒီကနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးကာ လမ်းတွေရှင်းခိုင်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။ အမှတ်(၁)ရပ်ကွက်မှ ပြည်သူတစ်ဦးက” ဘုရင့် နောင်တံတားကို လာလုတာပါ၊ တံတား​ပေါ် လှိုင်သာယာအတွက် ပြည်သူ​တွေ​ဆောက်ထားတဲ့ ခံတပ်ကို​တွေရှင်းဖို့ လမ်းသွားလမ်းလာတွေ ဖမ်းတာပါ”လို့ ပြောပါ တယ်။ စျေးဘူတာမှတ်တိုင်မှ ပြည်သူတစ်ဦးက “ရဲနဲ့စစ်သားတွေဟာ ဒီကနေ့မနက်၇နာရီခွဲအချိန်က ဘူဒိုဇာတွေနဲ့ရောက်လာပြီး ဘုရင်နောင်တံတားနဲ့ သမိုင်းဂုံးတံတားပတ်၀န်းကျင်က လမ်းမပေါ်က အရံအတားတွေကို လမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးပြီး ဖယ်ခိုင်းခဲ့တာဖြစ်​တယ်၊ ဖမ်းသွားတာ ၁၇ယောက် လမ်းလည်းရှင်းခိုင်းတယ်၊ ပြန်လွှတ်ပေးမလား ခေါ်သွားမလားတော့မသိဘူး၊သေနတ်တွေလည်း ပစ်တယ် ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး”လို့ ပြောပါတယ်။ အလားတူ ဒီကနေ့မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်ရှိ ပိတ်ဆို့ထားတဲ့အရံအတားတွေကို တစ်အိမ်တစ်ယောက်ခေါ်ယူကာ လမ်းရှင်းခိုင်းတာလည်းရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ရှိ မြို့နယ်အချို့မှာ ပြုလုပ်ထားတဲ့ အရံအတားတွေကို စစ်တပ်နှင့်ရဲတွေက လမ်းသွားလမ်းလာတွေက…

Read More

ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်း ၃၇ ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်

မတ်လ ၁၈ -၂၀၂၁ သတင်းဓါတ်ပုံ-နောင်ရိုး ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ တားဆီးခံရမှုတွေရှိနေပေမယ့် ဒီကနေ့မတ်လ-၁၈ ရက်နေ့မှာ ၃၇ရက်နေ့မြောက်အဖြစ် ဆန္ဒဖော်ထုတ်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ သပိတ်စစ်ကြောင်းဟာ ဖားကန့်မြို့အတွင်းကို လှည့်လည်ခွင့်မရတဲ့အတွက် ကျေးရွာရပ်ကွက်အတွင်းရှိ လမ်းတွေပေါ်မှာသာ လှည့်လည်ခဲ့ခြင်းဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်သူတွေကနေ သိရပါတယ်။ အလားတူ လုံးခင်းသပိတ်စစ်ကြောင်းဟာလည်း ပြောက်ကျားစနစ်နဲ့ ကျေးရွာအုပ်စုအတွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ အခုလို ဆန္ဒဖော်ထုတ်နေမှုတွေဟာ ဖားကန့်ဒေသမှာ နေ့စဉ်ဖြစ်ပေါ်နေပြီး ဒီကနေ့အထိ ၃၇ ရက်တိတိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဖားကန့်မြို့မှာ မတ်လအတွင်း ဆန္ဒဖော်ထုတ်သူတွေကို ဖြိုခွင်းမှုပြုလုပ်ရာမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ လူနှစ်ဆယ်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒဖော်ထုတ်သူ အမျိုးသား ၇ဦး၊အမျိုးသမီး ၁ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဖားကန့် #အေးမြသာယာသပိတ် #ဆန္ဒဖော်ထုတ်

Read More

မုံရွာက CDM ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် သေဆုံး

မတ် ၁၈ -၂၀၂၁ KTG စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံ မုန်တိုင်းရပ်ကွက်မှာနေတဲ့ CDMပြုလုပ်တဲ့ သစ်တောဝန်ထမ်းတစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက သေဆုံးသွားခဲ့တယ်လို့ အလုံမုန်တိုင်း ရပ်ကွက်နေသူတွေကနေ သိရပါတယ်။ သေဆုံသူရဲ့ မိသားစုဝင် တစ်ယောက်က ” ကိုထွန်းထက်အောင် အသက် (၂၄)နှစ်(သေဆုံးသူ)က အလုပ်ရတာ မကြာသေးဘူး လပိုင်းပဲရှိသေးတာ၊ သစ်တောဌာနမှာ တောခေါင်းတာဝန်ဖြစ်တယ်၊ CDM လုပ်ထားပြီး ဆန္ဒပြပြီး အပြန် ၁၅ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။ ကိုထွန်းထက်အောင်ဟာ ဖမ်းဆီးခံရစဥ်က ရရှိဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် ဖမ်းခံရပြီး နောက်တစ်နေ့ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံရယူခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မန္တလေး ဆေးရုံကြီးဆီ လွဲပြောင်း ဆေးကုသရင်း…

Read More
VOM News

FREE
VIEW