မရမ်းကုန်းမှာ ပစ်ခတ်မှုတွေရှိ​ခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးကာ လမ်းရှင်းခိုင်း

မတ် ၁၈ -၂၀၂၁
ACT(VOM)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်၁ရပ်ကွက်အနီးမှာ
ဒီကနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးကာ လမ်းတွေရှင်းခိုင်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။

အမှတ်(၁)ရပ်ကွက်မှ ပြည်သူတစ်ဦးက” ဘုရင့်
နောင်တံတားကို လာလုတာပါ၊ တံတား​ပေါ် လှိုင်သာယာအတွက် ပြည်သူ​တွေ​ဆောက်ထားတဲ့ ခံတပ်ကို​တွေရှင်းဖို့
လမ်းသွားလမ်းလာတွေ ဖမ်းတာပါ”လို့ ပြောပါ
တယ်။

စျေးဘူတာမှတ်တိုင်မှ ပြည်သူတစ်ဦးက “ရဲနဲ့စစ်သားတွေဟာ ဒီကနေ့မနက်၇နာရီခွဲအချိန်က ဘူဒိုဇာတွေနဲ့ရောက်လာပြီး ဘုရင်နောင်တံတားနဲ့ သမိုင်းဂုံးတံတားပတ်၀န်းကျင်က လမ်းမပေါ်က အရံအတားတွေကို လမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးပြီး ဖယ်ခိုင်းခဲ့တာဖြစ်​တယ်၊ ဖမ်းသွားတာ ၁၇ယောက် လမ်းလည်းရှင်းခိုင်းတယ်၊ ပြန်လွှတ်ပေးမလား ခေါ်သွားမလားတော့မသိဘူး၊သေနတ်တွေလည်း ပစ်တယ် ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး”လို့ ပြောပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်ရှိ ပိတ်ဆို့ထားတဲ့အရံအတားတွေကို တစ်အိမ်တစ်ယောက်ခေါ်ယူကာ လမ်းရှင်းခိုင်းတာလည်းရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ရှိ မြို့နယ်အချို့မှာ ပြုလုပ်ထားတဲ့ အရံအတားတွေကို စစ်တပ်နှင့်ရဲတွေက လမ်းသွားလမ်းလာတွေက ဖမ်းဆီးပြီး ရှင်းလင်းခိုင်းတာတွေကို အခုရက်ပိုင်းအတွင်း ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW