မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက်

မုံရွာ-မတ် ၊ ၁၈ ၊ ၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ကျောက္ကာလမ်း၊ မော်ကွန်းရှင် စတိုးအနီးမှာ မတ်လ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ CDM သစ်တော ဝန်ထမ်း ၁ ဦး ဖြစ်တဲ့ ကိုထွန်းထက်အောင် (ခ) ကိုဖိုးငယ် အသက် (၂၄)နှစ် ဟာ ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက မန္တလေး ဆေးရုံမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။

သူ့ရဲ့ ရုပ်အလောင်းကို သေဆုံးသူရဲ့ နေရပ်ဖြစ်တဲ့ မုံရွာမြို့ အလုံ မုန်တိုင်းရပ်ကွက်မှာ စျာပန ပြင်ဆင်ထားတာကို အခုလို တွေ့ရှိရပြီး မနက်ဖန် မတ် ၁၉ ရက် ညနေ ၃ နာရီမှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #သစ်တောဝန်ထမ်းCDMပြီး

Related posts

Leave a Comment

VOM News

FREE
VIEW