မုံရွာက CDM ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် သေဆုံး

မတ် ၁၈ -၂၀၂၁
KTG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံ မုန်တိုင်းရပ်ကွက်မှာနေတဲ့ CDMပြုလုပ်တဲ့ သစ်တောဝန်ထမ်းတစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက သေဆုံးသွားခဲ့တယ်လို့ အလုံမုန်တိုင်း ရပ်ကွက်နေသူတွေကနေ သိရပါတယ်။

သေဆုံသူရဲ့ မိသားစုဝင် တစ်ယောက်က ” ကိုထွန်းထက်အောင် အသက် (၂၄)နှစ်(သေဆုံးသူ)က အလုပ်ရတာ မကြာသေးဘူး လပိုင်းပဲရှိသေးတာ၊ သစ်တောဌာနမှာ တောခေါင်းတာဝန်ဖြစ်တယ်၊ CDM လုပ်ထားပြီး ဆန္ဒပြပြီး အပြန် ၁၅ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ကိုထွန်းထက်အောင်ဟာ ဖမ်းဆီးခံရစဥ်က ရရှိဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် ဖမ်းခံရပြီး နောက်တစ်နေ့ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံရယူခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မန္တလေး ဆေးရုံကြီးဆီ လွဲပြောင်း ဆေးကုသရင်း ဒီကနေ့မနက် အစောပိုင်းက သေဆုံးသွားတာဖြစ်ပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖမ်းဆီးခံရပြီးနောက် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကိုထွန်းထက်အောင်ရဲ့ ရုပ်အလောင်းကို မန္တလေးကနေ မုံရွာကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး မနက်ဖန် ၁၉ ရက်နေ့မှာ စျာပနအခမ်းအနား ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ ဆန္ဒပြ လူစုလူဝေးကို ပစ်ခတ်ဖြိုခွဲတာနဲ့ ဖမ်းဆီးတာတွေ​ရှိနေပြီး စစ်ကိုင်းတိုင်းထဲက မုံရွာမှာ ၁၁ ယောက် ၊ ကောလင်းမှာ ၁ ယောက် ၊ ချောင်းဦးမှာ ၁ ယောက်နဲ့ ကလေးမြို့မှာ ၅ ယောက် စုစုပေါင်း ၁၈ ယောက် အသက်ဆုံးရှုံးသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #CDM၀န်ထမ်း #ဖမ်းဆီးခံရပြီးနောက် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW