မြိတ်မြို့မှာ မတ် ၂၆ ရက်က ဖမ်းခံရတဲ့ အမျိုးသမီး မမို့မို့အောင်ကို မိသားစုတွေ့ခွင့်နဲ့ ရှေ့နေအကူအညီလိုအပ်နေကြောင်း မိသားစုဝင်တယောက် အကူညီတောင်းခံ

မြိတ်၊ မတ်၂၉ -၂၀၂၁

” 26.3.2021ကဘိတ်မြို့က သပိတ်စခန်းမှာ ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ ညီမလေးငွေသွားလှူမိတယ် သူရဲ့fbစာမျက်နာမှာလည်း ဒဏ်ရာရတဲ့သူဆက်သွယ်ပေးပါ၊ ကူညီပါမယ်လို့ postတင်ပြီးရေးသားဖော်ပြမိပါတယ်။
အဲ့ဒီနေ့ညနေမှာသူကိုယ်တိုင်လည်းသွားလှူခဲ့ပါတယ်။

26.3.2021ညဘက်11ထိုးအချိန်မှာ ရဲနဲ့စစ်သားတွေအိမ်ထဲထိဝင်လာပြီး စစ်ဆေးပြီးဖမ်းသွားပါတယ် ။ ငွေတွေလည်းယူသွားတယ်သေနတ်နဲ့ချိန်ပြီးမီးခံသေတ္တာကိုဖွင့်ခိုင်းပြီးရှိတဲ့ငွေတွေအကုန်ယူသွားတယ်လူလည်းဖမ်းသွားပါတယ်။ စုစုပေါင်း ထိုင်းဘတ်ငွေနဲ့ မြန်မာငွေစုစုပေါင်း သိန်းတသောင်းခွဲနီးပါး သိမ်းဆည်းသွားပါတယ်ရှင်။

အခုဆို၄ရက်ရှိပါပြီ ဘိတ်ကရှေနေတွေကိုလည်း အကူညီတောင်းတာ သူတို့ကအကြံပဲပေးတယ် ရဲစခန်းကိုလည်းမလိုက်ပေးပါဘူး။ ဒါ့ကြောင့် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေလည်း လိုအပ်နေပါတယ်ရှင့်။

ကျမတို့လည်းဘာဆက်လုပ်ရမှန်းမသိလိုကူညီပေးကျပါရှင် ။ ကျမညီမက ကလေးငယ်နဲ့မို့ပါ အခုလိုမတရားဖမ်းဆီးခံရတာအမြန်လွတ်မြောက်အောင်ကူညီပေးကျပါရှင်။”
လို့ ရေးသားပေးပို့လာတာကို ပြည်သူ့အသံ အစီအစဉ်ကနေ ထပ်ဆင့်တင်ပြလိုက်ပါတယ်။

#voiceofmyanmar #vom #မြိတ် #ဘိတ် #ပြည်သူ့အသံ

Related posts

Leave a Comment

VOM News

FREE
VIEW