ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်၊ မတ်-၃၁ ၊၂၀၂၁ နောင်ရိုး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ့အသက်သေဆုံးသည်အထိဖြစ်ပေါ်ခဲ့သော်လည်း ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းဟာ ဒီနေ့မတ်လ ၃၁ ရက် မနက်က လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်ဖြိုခွဲခံရမှုမှာ အသက် ၁၉နှစ်အရွယ် ကိုသန့်ဇော် ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။ အလားတူ ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ် ကြောင်းဟာလည်း ဆိုင်ကယ်တွေနဲ့ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မှာမတ်လအတွင်း ဆန္ဒဖော်ထုတ်သူပြည်သူတွေကို ပစ်ခတ်ဖြိုခွဲခံရလို့ အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီး လူနှစ်ဆယ်နီးပါး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဖားကန့်မှာ ဆန္ဒဖော်ထုတ်နေတာ ဒီနေ့ဆိုရင် ၄၇ ရက်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဖားကန့်

Read More

ပုသိမ်မှာ ကျည်ထိမှန်ကျဆုံးခဲ့တဲ့ အသက်၁၅နှစ်အရွယ် မောင်ရာဇာထွေးရဲ့နာရေး

မတ် ၃၁-၂၀၂၁ KA ပုသိမ်မြို့မှာ ကျည်ထိမှန်ကျဆုံးခဲ့တဲ့ အသက် ၁၅နှစ်အရွယ် မောင်ရာဇာထွေးကို ဒီနေ့နေ့လယ်ပိုင်းက သရောင်းချောင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ အသက်၁၅နှစ်အရွယ် မောင်ရာဇာထွေးဟာမတ်လ၂၉ရက်နေ့က ရာမညရပ်ကွက် ပစ်ခတ်မှုမှာရင်ဘတ်ကိုကျည်ထိမှန်ကျဆုံးခဲ့တာဖြစ်ပါတယ်။ မောင်ရာဇာထွေးရဲ့အလောင်းကို စစ်တပ်ကယူဆောင်သွားကာ ရင်ခွဲစစ်ဆေးခဲ့ပြီး တစ်ရက်အကြာမှ စစ်ဆေးရုံကနေ အလောင်းကိုပြန်လာယူခိုင်းခဲ့တာဖြစ်ပါတယ်။ လမ်းတွေမှာ ရဲနဲ့စစ်တပ်တွေ ပိတ်ဆို့စစ်ဆေးမှုတွေရှိနေတာကြောင့် နာရေးလိုက်ပို့သူအနည်းငယ်နဲ့သာ သင်္ဂြိုဟ်ခဲ့ရပါတယ်။ #voiceofmyanmar #VOM #ပုသိမ်

Read More

ကလေးမြို့က ကိုမင်းညို (ခ) ကိုမျိုးရဲ့ ဈာပန

ကလေး-မတ်၃၁-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မတ်လ ၂၈ ရက်ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့၀င်တွေ ပတ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၃၆ နှစ်အရွယ် ‌ကိုမင်းညို (ခ) ကိုမျိုးရဲ့ စဈာပနကို မတ်လ ၃၀ ရက် နေ့လည် ၁ နာရီက ကလေးမြို့နယ်ပြည်သူလူထုက သာစည်‌ကျေးရွာက သုဿန်သို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ကိုမင်းညိုဟာ မတ်လ ၂၈ ရက် ည ၈း ၂၀ ၀န်းကျင်မှာ သူနေထိုင်တဲ့ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် သိမ့်ခန်းမအနီးမှာ စစ်ကားပေါ်ကနေ ကျည်အစစ်နဲ့ လှမ်းပစ်လိုက်တာကနေ နောက်ကျောကျည်ထိမှန်ဒဏ်ရာနဲ့ ည ၁ဝး ၅၅ မိနစ်၀န်းကျင်မှာ အသက်ဆုံးရှုံးသွားတယ်လို့ ‌သူ့ရဲ့ဆွေမျိုးတွေက ပြောပြပါတယ်။ သာစည်ရွာသုဿန်ဆီ ပို့ဆောင်မြေမြှုပ်ပေးခဲ့ကြတဲ့ သူ့ရဲ့ဈာပနမှာတော့ ပြည်သူလူထုက အာဏာရှင်ကို ကာကွယ်ပေးနေသူတွေကို ကျိန်စာတိုက်ခဲ့ကြတာလည်း တွေ့ရပါတယ်။ #voiceofmyanmar #VOM…

Read More

ရမ်ပူရပ်ကွက်က ကျည်ထိကျဆုံးခဲ့ရသူရဲ့ ရုပ်အလောင်းကို မပခမှ ယူဆောင်စစ်ဆေး

မတ် ၃၁ -၂၀၂၁ YAT မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကွက်သစ် နယ်မြေ (၁၄)မှာ မနေ့မတ်လ ၃၀ ရက်နေ့က စစ်သားနဲ့ ရဲတွေ ပစ်ခတ်ဖြိုခွဲခဲ့လို့ ရင်ဘတ်ကျည်မှန် ကျဆုံးခဲ့တဲ့ ကိုမျိုးမင်းသူရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ရင်ခွဲဖို့ ယူဆောင်မယ်လို့ မိသားစု၀င်တွေကနေ သိရပါတယ်။ ရင်ခွဲစစ်ဆေးဖို့ ၂ နာရီကြာ ယူဆောင်မှာဖြစ်ပြီး စစ်ဆေးပြီးတဲ့အခါ ရုပ်အလောင်း ပြန်လည်ရရှိဖို့ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ပြီး အာမခံ ညှိနှိုင်းပေးထားတယ်လို့ သိရပါတယ်။ မနေ့ မတ်လ ၃၀ရက်နေ့က ကိုမျိုးမင်းသူရဲ့ ရုပ်အလောင်းကို ပေးလိုက်ဖို့အတွက် ရပ်ကွက်က အကြီးအကဲတွေနဲ့ ညှိနှိုင်းပြီး ရပ်ကွက်ကို ဒုက္ခမပေးဖို့နဲ့ ယူသွားလို့ စစ်ဆေးပြီးတဲ့အခါမှာ ပြန်ပို့ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကျဆုံးသွားခဲ့ရတဲ့ ကိုမျိုးမင်းသူမှာ ၃ နှစ်အရွယ် သမီးငယ်နဲ့ ဇနီးကျန်ရှိခဲ့တာပါဖြစ်ပြီး သူ့ဇနီးကတော့…

Read More

ကလေးမြို့ဘက်သွားမယ့် စစ်ကားတွေကို တားဆီးတဲ့ ဒေသခံတွေ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံး

မတ် ၃၁ ၊ ၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ဂန့်ဂေါ ကလေး ကားလမ်းတလျောက် မတ် ၃၀ မနေ့ညက ပစ်ခတ်မှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်နဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ကလေး ဂန့်ဂေါ နယ်စပ်ဖြစ်တဲ့ ဟံသာဝတီကျေးရွာက ဒေသခံတွေက ပြောပါတယ်။ ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက်ကို သွားရောက်တဲ့ စစ်ကားတွေကို ကလေးမြို့နယ် ကမ္ဘားနီကွေ့နေရာမှာ ကလေးဘက်က တားဆီးပိတ်ဆို့ထားပြီး တချို့ စစ်ကားတွေက နီးစပ်ရာ စခန်းတွေမှာ ခိုလှုံနေတဲ့အချိန် တားဆီးဖို့သွားရောက်တဲ့ ဒေသခံတွေ အခုလို ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ ” ဟံသာဝတီ ရဲကင်းစခန်းရှေ့မှာ အမျိုးသားတစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးတယ်၊ နောက်ပြီး တောင်ခင်ရမ်းရွာဘေးက နမခ စိုက်ကွင်းစခန်း ရှေ့မှာ ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ် ” လို့…

Read More

ဗကသအဖွဲ့ချုပ်အပါဝင် စစ်ကြောင်း ၃ ခုပေါင်းပြီး ချီတက်ဆန္ဒပြ

မန္တလေး၊ မတ် ၃၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ အမှတ်(၇) ကျောင်းသူကျောင်းသားဟောင်းတွေရဲ့ သ ပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဗကသ #မန္တလေး

Read More

ကျောက်ကြီး ရဲကင်းစခန်းစီးနင်းခံရပြီး လက်နက်ခဲယမ်းတချို့ ပျောက်ဆုံးနေ

မတ် ၃၁ -၂၀၂၁ KTG(VOM) ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီး ရဲကင်းစခန်းကို မတ် ၃၁ ဒီမနက် ၃ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အဲ့ဒီ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ပိုင် လက်နက်တိုက်ထဲက လက်နက် ခဲယမ်းတချို့ ပျောက်ဆုံးနေပြီး အမျိုးအစားနဲ့ အရေအတွက်ကိုတော့ စီစစ်နေဆဲဖြစ်တယ်လို့ ရဲကင်းစခန်းနဲ့ နီးစပ်သူတွေက VOM ကိုပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ရဲကင်းစခန်းကို ဘယ်အဖွဲ့က ဝင်ရောက်စီးနင်းတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် အဲ့ဒီ ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ မကြာခဏ ဝင်ထွက်သွားလာနေတဲ့ နယ်မြေတွေနဲ့ ထိစပ်နီးလျက်ရှိတယ်လို့ ကနဦး သိရပါတယ်။ #VoiceOfMyanmar #VOM #ကျောက်ကြီးရဲကင်းစခန်း #တိုက်ခိုက်ခံရ

Read More
VOM News

FREE
VIEW