ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ရာထူးကနုတ်ထွက်

မတ် ၁၁ -၂၀၂၁ Voice Of Myanmar ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ပုံစာ (ဝဲ)ဒေါက်တာနေစိုးမောင် (ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သမက်) (ညာ) ဒေါက်တာသန်းထွန်းအောင်တို့အား အခမ်းအနားတခုမှာတွေ့ရစဉ်က Photo Credit – Nay Maung

Read More

ပဲခူးသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွဲပြီး ဆရာမအချို့အပါအဝင် လူ၃၀ နီးပါး ဖမ်းဆီးသွား

မတ် ၁၁-၂၀၂၁ KLY(VOM) ပဲခူးမြို့ ဘုရားလမ်းပေါ်က သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်‌ဖောက်ခွဲပြီး ဖြိုခွဲခဲ့တဲ့အပြင် ဆရာမအချို့နဲ့ ကျောင်းသားလူငယ် ၃၀နီးပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သေနတ်တွေလည်း ပစ်ခတ်တယ်။ ဗုံးတွေကတော့ အလုံးရေတော်တော်များများ ဖောက်ခွဲပြီး သေနတ်တွေနဲ့လည်းပစ်တယ်။ လူထိခိုက်တာ မကြားရပေမယ့် ဆရာမ အချို့နဲ့ လူငယ်သုံးဆယ်နီးပါးဖမ်းဆီးထားတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။ ဒီနေ့ မနက်က ပဲခူးမြို့ပေါ်က ဆန္ဒပြသူတွေဟာ သပိတ်စစ်ကြောင်းတွေ ခွဲထုတ်ပြီး နေရာအလိုက် ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်လို့ လူဦးရေ အင်အားအနည်းငယ်လျော့ပါးနေချိန် ဘုရားလမ်းပေါ်က သပိတ်စစ်ကြောင်းကို လူစုခွဲခံလိုက်ရတာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပဲခူးသပိတ်စစ်ကြောင်း #ဖြိုခွဲ #ဖမ်းဆီး

Read More

CDM ပါဝင်တဲ့ ဆရာ၊ဆရာမတွေကို ဥာဏ်ရည်မမီလို့ လုပ်ခဲ့မိတယ်ဆိုတဲ့ အချက်ပါထည့်ပြီး လက်မှတ်ထိုးခိုင်း

မတ် ၁၀-၂၀၂၁ ကျော်သူမြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက CDM လှုပ်ရှားမှာမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အခြေခံပညာ ဆရာ၊ဆရာမတွေကို ဥာဏ်ရည်မမီလို့ လုပ်ခဲ့မိပါတယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ CDM လှုပ်ရှားမှုမှပါဝင်တဲ့ ဆရာ၊ဆရာမတွေဆီကနေသိရပါတယ်။ “မြို့နယ်ပညာရေးမှူးရုံးမှာလာပြီး CDM လှုပ်ရှားမှာမှာပါတဲ့ ဆရာ၊ဆရာမတွေကို ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့အထဲမှာ ဥာဏ်ရည်မမီလို့လုပ်ခဲ့မိပါတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားတယ်။ ဆရာ၊ဆရာမတွေမှ မဟုတ်ဘူး ပြည်သူတွေအကုန်လုံးက ဥာဏ်ရည်မီလွန်းလို့ မတရားသဖြင့်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေကြတာ ကျွန်မကတော့မထိုးခဲ့ဘူး။ သူတို့လုပ်ချင်တာလုပ်လို့ပြောခဲ့တယ်။ တခြား ဆရာ၊ဆရာမတွေလည်း လက်မှတ်မထိုးကြဘူး။ ဝန်ခံကတိလက်မှတ်ထိုးလိုက်တဲ့သူတွေတော့ ရှိပါတယ်” လို့ ပူတာအိုမြို့နယ်က CDM လှုပ်ရှားမှာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမတစ်ယောက်ကပြောပါတယ်။ အဲ့ဒီ ဝန်ခံကတိလက်မှတ်ထိုးခိုင်းရာမှာ CDM ပြုလုပ်တဲ့ ဆရာ၊ဆရာမတွေကို လစာမဲ့ခွင့်နေရမယ်၊ CDM ပြုလုပ်နေရာကနေထွက်မယ့် ဆရာ၊ဆရာမတွေကို ပုဒ်မ-၅၀၅(က)၊ ၅၀၅(ခ)တို့နဲ့ ငြိစွန်းနိုင်တာကိုမသိလို့ CDM…

Read More

ဆယ်ဇင်းကျေးရွာအနီ:က တပ်မတော်စခန်းတခု လက်နက်ကြီးပစ်ခတ်ခံရ

မတ် ၁၁-၂၀၂၁ VOM ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီးက တပ်မတော် တပ်စခန်းတခု ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၃နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆယ်ဇင်းရွာသားတွေဆီက သိရပါတယ် ။ အဲ့ဒီ တပ်မတော် တပ်စခန်းဟာ ဆယ်ဇင်းကျေးရွာအနီးက ဝေဟုမ်းမှော်မှာ တည်ရှိတာဖြစ်ပြီး လက်နက်ကြီးသံဆယ်ချက်ထက်မနည်းကြားခဲ့ရသလို သေနတ်သံတွေလည်း မိုးလင်းခါနီးအထိ ကြားနေရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။ “ဒီမနက် သုံးနာရီလောက်က စပြီး လက်နက်ကြီးထုသံတွေ စကြားရတာပဲ ။ သေနတ်သံတွေလည်းဆက်တိုက်ကြားရတယ်။မိုးလင်းခါနီးမနက်ငါးနာရီလောက်ကြမှ သေနတ်သံတွေ မကြားရတော့တာ ” လို့ ရွာသားတဦးက ပြောပါတယ် ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဲ့ဒီတပ်မတော်တပ်စခန်းက အဆောက်အဦးတခု မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရှိတာတွေတော့မရှိဘူးလို့ အမည်မဖော်လိုတဲ့ဒေသခံရွာသားတဦးက ပြောပါတယ် ။ အဲ့ဒီတပ်မတော်တပ်စခန်းကို ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပေမယ့် အဲ့ဒီဒေသတဝိုက်မှာတော့…

Read More

ပုသိမ်က ဆန္ဒပြသူ ဆယ်ဦးကျော် ဖမ်းဆီးခံရ

မတ် ၁၁-၂၀၂၁ KA ဒီနေ့ မတ်လ ၁၁ရက်နေ့မနက် ပုသိမ်မြို့ ဥမ္မာဒန္တီရပ်ကွက်တွင်းက မြစ်၀ကျွန်းပေါ်တော်လှန်တပ်ဦး ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အသံဗုံးတွေပစ်ပြီး လူစုခွဲခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေဟာ အင်အားများစွာနဲ့ ရပ်ကွက်တွင်း၀င်ရောက်ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူ ဆယ်ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ “လူစုနေတုန်းမှာအသံဗုံးနဲ့ ၃ချက်ပစ်ပြီး လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကိုဖမ်းသွားတယ်။ ဆယ်ဦးကျော်လောက်တော့ရှိမယ်၊ အတိအကျတော့မပြောတတ်ဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်တွေဟာ ဥမ္မာဒန္တီရပ်ကွက်တွင်းက လမ်းထိပ်တွေမှာ နေရာယူထားပြီး ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကို တားဆီးစစ်နေတယ်လို့ သိရပါတယ်။ ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၃၃ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်မြို့ #ဆန္ဒပြ #ဖြိုခွဲ #ဖမ်းဆီး

Read More

ပြည်မြို့ခံလူထုက မနက်စောသပိတ်စစ်ကြောင်း စတင်

မတ် ၁၁-၂၀၂၁ TG(VOM) ပြည်မြို့မှာ ဆန္ဒပြလူထုကို စစ်တပ်နဲ့ရဲက ဖြိုခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၁ရက်နေ့မှာတော့ ဆန္ဒပြပွဲကို မနက်ခင်းအစောပိုင်းမှာ ပြောက်ကျားစနစ်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ စျေးထဲ၊ ရပ်ကွက်ထဲကို လှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ခရိုင်ရဲမှူး၊ ပြည်ခရိုင်ထွေအုပ်ဥက္ကဋ္ဌ၊ ပြည်မြို့နယ်ရဲမှူး၊ မြို့နယ်ထွေအုပ်၊ ပြည်တက္ကသိုလ် ဒုတိယပါချုပ် ဒေါ်သွယ်လင်းကိုတို့ကို လောက်ကောင်အဖြစ် စာထုတ်ပြီး မြေကြီးပေါ်မှာဖြန့်ကြဲပြီးလည်း ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ပြည်မြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲမှုတွေလုပ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေရှိခဲ့သလို၊ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #မနက်စောသပိတ်စစ်ကြောင်း

Read More

မန္တလေးမှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြ

မန္တလေး၊ မတ်- ၁၁-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ ဆိုင်ကယ်တွေမောင်းပြီး ဆန္ဒပြကြတာတွေရှိသလို သပိတ်စစ်ကြောင်းတချို့ကိုလည်း စစ်တပ်က လိုက်လံဖြိုခွဲ့နေတယ်လို့လည်း သိရပါတယ်။ #မန္တလေး #ဆန္ဒပြ #VOM #voiceofmyanmar #ဆိုင်ကယ်မောင်း #သပိတ်စစ်ကြောင်း

Read More

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့စျာပန မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်

မတ် ၁၀-၂၀၂၁ ST ဖျာပုံမြို့မှာ မတ်လ(၈)ရက်နေ့က ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့ စျာပနကို ဒီနေ့ မတ်လ ၁၀ရက်နေ့ နေ့လယ်ပိုင်းက မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းမှာ နေထိုင်တဲ့ ကိုသီဟဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ် ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #ကိုသီဟဦး #ဖျာပုံမြို့ #ဈာပန

Read More

ဆန္ဒပြသူတွေအတွက် ဒိုင်းလုပ်ပေးသူကိုမတွေ့လို့ ဇနီးဖြစ်သူအပါအဝင် လူ ၈ ဦးကို ဖမ်းဆီး

မတ် ၁၀-၂၀၂၁ YAT ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ဦးအောင်လွင်ကို ရဲတပ်ဖွဲ့က လာဖမ်းတာမှာ မတွေ့ရှိတဲ့အတွက် ဇနီးဖြစ်သူနဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဖမ်းခံရသူတွေဟာ အနောက်လယ်ကုန်း နယ်မြေ ၁၄၊ မြစေတီကျောင်းလမ်း အနီးမှာနေတဲ့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ကိုအောင်လွင်ရဲ့ ဇနီး၊ အစ်ကို၊ ညီဝမ်းကွဲ တော်စပ်သူနဲ့ မြို့သစ်ကြီးကွက်သစ်ရပ်ကွက်မှာရှိတဲ့ ရာကျော် သံပန်းသံတံခါးလုပ်ငန်းက အလုပ်သမားလူငယ် ၅ ဦးတို့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဦးအောင်လွင် ရှိလာလို့ လာမေးပြီး ဒီနားမှာ သတင်းရလို့ ဝင်ရှာချင်လို့ပါလို့ပြောပြီး အိမ်အတွင်း ဝင်ရှာကာ မီးစက်၊ ဒိုင်း အခု ၂၀ ဝန်းကျင်နဲ့ ဒိုင်း လုပ်တဲ့ပစ္စည်းတွေကိုပါ…

Read More
VOM News

FREE
VIEW