ပဲခူးသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွဲပြီး ဆရာမအချို့အပါအဝင် လူ၃၀ နီးပါး ဖမ်းဆီးသွား

မတ် ၁၁-၂၀၂၁
KLY(VOM)

ပဲခူးမြို့ ဘုရားလမ်းပေါ်က သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်‌ဖောက်ခွဲပြီး ဖြိုခွဲခဲ့တဲ့အပြင် ဆရာမအချို့နဲ့ ကျောင်းသားလူငယ် ၃၀နီးပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေနတ်တွေလည်း ပစ်ခတ်တယ်။ ဗုံးတွေကတော့ အလုံးရေတော်တော်များများ ဖောက်ခွဲပြီး သေနတ်တွေနဲ့လည်းပစ်တယ်။ လူထိခိုက်တာ မကြားရပေမယ့် ဆရာမ အချို့နဲ့ လူငယ်သုံးဆယ်နီးပါးဖမ်းဆီးထားတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။

ဒီနေ့ မနက်က ပဲခူးမြို့ပေါ်က ဆန္ဒပြသူတွေဟာ သပိတ်စစ်ကြောင်းတွေ ခွဲထုတ်ပြီး နေရာအလိုက် ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်လို့ လူဦးရေ အင်အားအနည်းငယ်လျော့ပါးနေချိန် ဘုရားလမ်းပေါ်က သပိတ်စစ်ကြောင်းကို လူစုခွဲခံလိုက်ရတာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပဲခူးသပိတ်စစ်ကြောင်း #ဖြိုခွဲ #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW