NLD ပါတီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာစစ်တပ်ကို ထိုင်းအစိုးရ တိုက်တွန်းထား

ဘန်ကောက်၊ မတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေပြန်လည်တည်ငြိမ်ရေးအတွက် အင်န်အယ်လ်ဒီပါတီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံက အဆိုပြုကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အခြားအဆိုပြုချက်တွေကတော့ အကောင်အထည်ဖော်ဖို့ခက်ခဲမယ်လို့ မိမိတို့ရှုမြင်ကြောင်း၊ နို်င်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒါကတော့ နှစ်ဘက်အကြား ညှိနှိုင်းဆွေးနွေးမှုဆက်ဆံရေးတစ်ရပ်ကို ရှာဖွေရန်ဖြစ်တယ်လို့ Asia News Network နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ပြောပါတယ်။ နှစ်ဘက်အနေနဲ့ ရံဖန်ရံခါ အငြင်းပွားမှုတွေဖြစ်ခဲ့တာကို ဘေးချိတ်ပြီး တစ်ဘက်နဲ့တစ်ဘက် စည်းလုံးညီညွွှတ် အားကိုးအားထားပြုပြီး အတူတကွရှေ့ဆက်လျှောက်လှမ်းတာဟာ အကောင်းဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီလိုညှိနှိုင်းဆွေးနွေးဖို့နဲ့ပတ်သက်ပြီး စစ်ကောင်စီကခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ဦး၀ဏ္ဏမောင်လွင်နဲ့ အွန်လိုင်းကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းခဲ့တာဖြစ်ပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့ အကဲဖြတ်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ…

Read More

NLD ပါတီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာစစ်တပ်ကို ထိုင်းအစိုးရ တိုက်တွန်းထား

ဘန်ကောက်၊ မတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေပြန်လည်တည်ငြိမ်ရေးအတွက် အင်န်အယ်လ်ဒီပါတီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံက အဆိုပြုကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အခြားအဆိုပြုချက်တွေကတော့ အကောင်အထည်ဖော်ဖို့ခက်ခဲမယ်လို့ မိမိတို့ရှုမြင်ကြောင်း၊ နို်င်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒါကတော့ နှစ်ဘက်အကြား ညှိနှိုင်းဆွေးနွေးမှုဆက်ဆံရေးတစ်ရပ်ကို ရှာဖွေရန်ဖြစ်တယ်လို့ Asia News Network နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ပြောပါတယ်။ နှစ်ဘက်အနေနဲ့ ရံဖန်ရံခါ အငြင်းပွားမှုတွေဖြစ်ခဲ့တာကို ဘေးချိတ်ပြီး တစ်ဘက်နဲ့တစ်ဘက် စည်းလုံးညီညွွှတ် အားကိုးအားထားပြုပြီး အတူတကွရှေ့ဆက်လျှောက်လှမ်းတာဟာ အကောင်းဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီလိုညှိနှိုင်းဆွေးနွေးဖို့နဲ့ပတ်သက်ပြီး စစ်ကောင်စီကခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ဦး၀ဏ္ဏမောင်လွင်နဲ့ အွန်လိုင်းကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းခဲ့တာဖြစ်ပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့ အကဲဖြတ်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ…

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၁၁-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

ပဲခူးသပိတ် ဖြိုခွဲခံရပြီး စကားမပြောတတ်သူတစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး

မတ် ၁၁-၂၀၂၁ KLY(VOM) ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်း သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် စကားမပြောတတ်သူတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “ရွှေအလို့ခေါ်တဲ့အမျိုးသားက ဆန္ဒပြပွဲလိုက်လာသူမဟုတ်ဘူး။ ရုတ်ရုတ်ဖြစ် ချိန် ပစ်ခတ်ဖြိုခွဲတာ‌တွေ ကြည့်နေရင်း အပစ်ခံရတာ။ တစ်ဦးလည်း ကျည်ထိမှန်ထားပြီး ဖမ်းစီးစာရင်း မဇင်းဖြစ်စဉ် မသိရသေးဘူး” လို့ ပဲခူးမြို့ခံ တစ်ဦးကပြောပါတယ်။ ဒီနေ့မနက်ပိုင်းက ပဲခူးမြို့မှာ သပိတ်စစ်ကြောင်းတွေ ခွဲထုတ်ကာ နေရာအလိုက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မနက် ၉ နာရီလောက်မှာ ဘုရားလမ်းသပိတ်စစ်ကြောင်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး နောက်ထပ် နှစ်နာရီခန့်အကြာမှာ မဇင်းရပ်ကွက် ၁ လမ်းသပိတ်ကို ထပ်မံဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။ ဘုရားလမ်းသပိတ်စစ်ကြောင်းကို ဖြိုခွဲခံရပြီးနောက် တဦးဒဏ်ရာရပြီး ဆရာမအချို့အပါအဝင်…

Read More

မြင်းခြံ သပိတ်ဖြိုခွဲခံရမှုမှာ မျက်လုံးကျည်ထိခဲ့တဲ့ KBZ ဝန်ထမ်း သေဆုံး

မတ် ၁၁-၂၀၂၁ TG(VOM) မနေ့ မတ်လ ၁၀ရက်နေ့ က မြင်းခြံ ဆန္ဒပြလူထုသပိတ် ပစ်ခတ်ဖြိုခွဲခံရမှုမှာ မျက် လုံးကိုကျည်ထိမှန်ခဲ့တဲ့ ကိုထူးအောင်ကျော်ဟာ ဒီနေ့ မတ်လ ၁၁ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးဆီက သိရပါတယ်။ “မန္တလေးမှာ ဆေးကုသမှုခံနေတာပါ။ ခုတော့ ဆုံးသွားပြီလို့ ဖုန်းနဲ့အကြောင်းကြားလာတယ်။ မန္တလေးမှာဆေးကုသနေတာဖြစ်တယ်”လို့ ဆွေမျိုးတော်စပ်သူတစ်ဦး ပြောပါတယ်။ အဲ့ဒီသေဆုံးသူဟာ မြင်းခြံမြို့ KBZ ဘဏ်ဝန်ထမ်းဖြစ်ပြီး လက်ရှိမှာ ရုပ်အလောင်းကို မန္တလေးကနေ မြင်းခြံ နေအိမ်ကိုပြန်လည် သယ်ဆောင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြင်းခြံမြို့ ဆန္ဒပြပွဲ ဖြိုခွဲခံရလို့ လူတဦးသေဆုံးခဲ့ပြီး မနေ့က ဖြိုခွဲမှုမှာ အမျိုးသား ၂ ဦး ပေါင်နဲ့ မျက်လုံးကို ဒဏ်ရာရရှိခဲ့ကာ မျက်လုံးကျည်ထိခဲ့တဲ့အမျိုးသား ဒီနေ့သေဆုံးခဲ့တာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံ #ဖြိုခွဲ…

Read More

မြန်မာတပ်ချုပ်ရဲ့ သားသမီးနှစ်ဦးနဲ့ ကုမ္ပဏီခြောက်ခုကို အမေရိကန် အရေးယူပိတ်ဆို့

ဝါရှင်တန်၊ မတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေကိုသတ်ဖြတ်မှုကိုတုန့်ပြန်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးနှစ်ဦးနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကုမ္ပဏီခြောက်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ပါတယ်။ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ကောင်စီဥက္ကဌအဖြစ်တာဝန်ယူထားသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားသမီးတွေဖြစ်တဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန် အမည်ပျက်စာရင်းတင်သွင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုတဲ့ အပစ်ပေးအရေးယူမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးထားပြီး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ လူ ၁၇၀၀ ကျော်ဖမ်းဆီးခံရပြီး ၅၃ ဦးသေဆုံးခဲ့တဲ့အတွက် သူက ပြစ်တင်ရှုတ်ချထားပါတယ်။ အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးပြီး ပြည်သူဆန္ဒကို ဖိနှိပ်နေသူတွေကို နောက်ထပ်အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန်က တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ဘလင်လင်းက ကြေညာချက်မှာပြောပါတယ်။ ဒီလိုအရေးယူပိတ်ဆို့မှုချမှတ်လိုက်တာနဲ့ပတ်သက်ပြီး Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး John Sifton က အမေရိကန်ကို…

Read More

မြိုင်မြို့ ဆန္ဒပြသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရလို့ ၆ ဦးသေ

မတ် ၁၁-၂၀၂၁ KTG မကွေးတိုင်း၊ ပခူက္ကူခရိုင်၊ မြိုင်မြို့ ရဲစခန်းအနီးမှာ ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀ နာရီက ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့အတွက် ဆန္ဒပြပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိကာ ၂ ဦး ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။ အဲ့ဒီ သေနတ်ထိမှန် သေဆုံး၊ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ နိဗ္ဗာန်ရွှေပြည် လူမှုကူညီရေး အသင်းက စေတနာ့ဝန်ထမ်း တစ်ယောက်က “သေနတ်အသံတွေကြားရပြီး တခဏအတွင်းမှာ အကူညီပေးဖို့ ဖုန်းဆက်တယ်။ အဲ့ဒါကြောင့် ကူညီပေးဖို့သွားခဲ့တယ်၊ အစကတော့ ၁ ယောက်သေတယ်၊ သူကတော့ အမှတ် ၁ ထန်းငယ်တောရွာက ကိုသက်ဇော်ဦး အသက် ၃၈ နှစ်ဖြစ်တယ်။ ထိမှန်သူတွေကများတော့ ရရှိဒဏ်ရာနဲ့…

Read More

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဝန်ထမ်းပေါင်း ၁၈၄၇ ယောက် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာ

မတ် ၁၁-၂၀၂၁ ကျော်သူမြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဝန်ထမ်းပေါင်း ၁၈၄၇ ဦးဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတယ်လို့ အဲ့ဒီ ဝန်ထမ်းတွေဆီက သိရပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “တပ်မတော်က မတရားသဖြင့် နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရလက်ထဲကနေ သိမ်းယူတာ သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းဆီးထားတာတွေကို ဆန့်ကျင်ရှုတ်ချတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာအလုပ်မလုပ်ချင်တာကြောင့် အခုလို CDM လှုပ်ရှားမှုမှာ ဘယ်သူတွေရဲ့ တိုက်တွန်းချက်မှမပါဘဲ ပါဝင်ဆောင်ရွက်နေတာပါ။ အလုပ်ထွက်တာမဟုတ်ပါဘူး။ ပြည်သူ့အစိုးရအာဏာပြန်ရရင် အလုပ်ပြန်ဝင်မှာပါ။ အခု ကျွန်တော်တို့ဒဂုံတောင်ပိုင်းမှာ CDM လှုပ်ရှားမှုမှာပါတဲ့ လျှပ်စစ်ဝန်ထမ်းပေါင်းက ၆၅ ယောက်လောက်ရှိပါတယ်”လို့ ပြောပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလက်အောက်မှာရှိတဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေဟာ သူတို့အခုလို ပါဝင်လှုပ်ရှားရတဲ့အကြောင်းရင်းကို ပြီးခဲ့တဲ့ မတ် ၈…

Read More

တောင်ငူမှာ ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် သုံးဦးဖမ်းဆီးခံရ

မတ် ၁၁-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှာ မနေ့ မတ်လ ၁၀ရက်နေ့ ည ၉နာရီကျော်လောက်က ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် လူသုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ တောင်ငူမြို့ အမှတ် ၁၀ ရပ်ကွက် ကမ်းနားလမ်း‌ပေါ်ကို တပ်မတော်သား‌ ၁၀၀ လောက်က ကား ၈ စီးလောက်နဲ့ ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို ဓါတ်မီးတွေနဲ့ထိုးကာ လူနေအိမ်အချို့ကို လိုက်လံရှာဖွေနေတဲ့ ပုံသဏ္ဍန်ကြောင့် ဒေသခံတွေနဲ့အချင်းများရာကနေ Live လွှင့်နေတဲ့ ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် လူသုံးဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ “သူတို့ဝင်လာပြီး ဓါတ်မီးတွေနဲ့လိုက်ပြီး အိမ်တွေကို ထိုးတယ်။ ဒေသခံတွေအတော်များများက မီးပိတ်ပြီး နေကြတာပါ။ ဒါပေမယ့် အချို့လူတွေ ထွက်လာပြီးအော်ဟစ်ကြတော့ သေနတ်တွေအချက်နှစ်ဆယ်လောက် ပစ်ဖောက်တားမြစ်တယ်။ အဲ့အခြေနေကြားက Live လွှင့်တဲ့ ကောင်မလေးနဲ့ တခြားအမျိုးသားနှစ်ဦးကို ဖမ်းသွားတယ်” လို့ ဒေသခံတစ်ဦးက…

Read More

မန္တလေးက သပိတ်စစ်ကြောင်းတစ်ခုကို စစ်တပ်က ဖြိုခွင်းလို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ

မန္တလေး၊ မတ်- ၁၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုဟာ လမ်း ၉၀၊ ၃၀×၃၁ လမ်းက ကိုးလုံးတကာဘုရားရဲ့ အရှေ့ကိုအရောက်မှာ စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ရိုက်နှက်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “ပြေးလာလို့ မှောက်ရက်လဲလို့ ပြန်ပြီး ထလာတဲ့အချိန်မှာ သံတုတ်နဲ့ ခေါင်းကိုရိုက်လိုက်တယ်” လို့ မျက်မြင် သက်သေ တစ်ဦးက​ ပြောပါတယ်။ ရိုက်နှက်ခံရသူ အမျိုးသားကတော့ နေရာမှာတင် သေ ဆုံးခဲ့ကာ လူဦးရေ ၂၀ ကျော် ဖမ်း ဆီးခံရတယ်လို့လည်း ရပ်ကွက်နေ ပြည်သူလူထုက ပြောပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ဖမ်းဆီးခံရ #သေဆုံး #ဖြိုခွဲ

Read More
VOM News

FREE
VIEW