NLD ပါတီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာစစ်တပ်ကို ထိုင်းအစိုးရ တိုက်တွန်းထား

ဘန်ကောက်၊ မတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေပြန်လည်တည်ငြိမ်ရေးအတွက် အင်န်အယ်လ်ဒီပါတီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံက အဆိုပြုကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခြားအဆိုပြုချက်တွေကတော့ အကောင်အထည်ဖော်ဖို့ခက်ခဲမယ်လို့ မိမိတို့ရှုမြင်ကြောင်း၊ နို်င်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒါကတော့ နှစ်ဘက်အကြား ညှိနှိုင်းဆွေးနွေးမှုဆက်ဆံရေးတစ်ရပ်ကို ရှာဖွေရန်ဖြစ်တယ်လို့ Asia News Network နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ပြောပါတယ်။

နှစ်ဘက်အနေနဲ့ ရံဖန်ရံခါ အငြင်းပွားမှုတွေဖြစ်ခဲ့တာကို ဘေးချိတ်ပြီး တစ်ဘက်နဲ့တစ်ဘက် စည်းလုံးညီညွွှတ် အားကိုးအားထားပြုပြီး အတူတကွရှေ့ဆက်လျှောက်လှမ်းတာဟာ အကောင်းဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲဒီလိုညှိနှိုင်းဆွေးနွေးဖို့နဲ့ပတ်သက်ပြီး စစ်ကောင်စီကခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ဦး၀ဏ္ဏမောင်လွင်နဲ့ အွန်လိုင်းကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းခဲ့တာဖြစ်ပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့ အကဲဖြတ်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ နှုတ်ဆိတ်နေတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှု ေ၀ဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Ref :Straits Times
Photo: AFP

#voiceofmyanmar #VOM #ထိုင်းတိုက်တွန်းချက်

Related posts

Leave a Comment

VOM News

FREE
VIEW