မန္တလေးက သပိတ်စစ်ကြောင်းတစ်ခုကို စစ်တပ်က ဖြိုခွင်းလို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ

မန္တလေး၊ မတ်- ၁၁- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုဟာ လမ်း ၉၀၊ ၃၀×၃၁ လမ်းက ကိုးလုံးတကာဘုရားရဲ့ အရှေ့ကိုအရောက်မှာ စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ရိုက်နှက်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ပြေးလာလို့ မှောက်ရက်လဲလို့ ပြန်ပြီး ထလာတဲ့အချိန်မှာ သံတုတ်နဲ့ ခေါင်းကိုရိုက်လိုက်တယ်” လို့ မျက်မြင် သက်သေ တစ်ဦးက​ ပြောပါတယ်။

ရိုက်နှက်ခံရသူ အမျိုးသားကတော့ နေရာမှာတင် သေ ဆုံးခဲ့ကာ လူဦးရေ ၂၀ ကျော် ဖမ်း ဆီးခံရတယ်လို့လည်း ရပ်ကွက်နေ ပြည်သူလူထုက ပြောပါတယ်။

#VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ဖမ်းဆီးခံရ #သေဆုံး #ဖြိုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW