မြင်းခြံ သပိတ်ဖြိုခွဲခံရမှုမှာ မျက်လုံးကျည်ထိခဲ့တဲ့ KBZ ဝန်ထမ်း သေဆုံး

မတ် ၁၁-၂၀၂၁
TG(VOM)

မနေ့ မတ်လ ၁၀ရက်နေ့ က မြင်းခြံ ဆန္ဒပြလူထုသပိတ် ပစ်ခတ်ဖြိုခွဲခံရမှုမှာ မျက် လုံးကိုကျည်ထိမှန်ခဲ့တဲ့ ကိုထူးအောင်ကျော်ဟာ ဒီနေ့ မတ်လ ၁၁ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးဆီက သိရပါတယ်။

“မန္တလေးမှာ ဆေးကုသမှုခံနေတာပါ။ ခုတော့ ဆုံးသွားပြီလို့ ဖုန်းနဲ့အကြောင်းကြားလာတယ်။ မန္တလေးမှာဆေးကုသနေတာဖြစ်တယ်”လို့ ဆွေမျိုးတော်စပ်သူတစ်ဦး ပြောပါတယ်။

အဲ့ဒီသေဆုံးသူဟာ မြင်းခြံမြို့ KBZ ဘဏ်ဝန်ထမ်းဖြစ်ပြီး လက်ရှိမှာ ရုပ်အလောင်းကို မန္တလေးကနေ မြင်းခြံ နေအိမ်ကိုပြန်လည် သယ်ဆောင်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြင်းခြံမြို့ ဆန္ဒပြပွဲ ဖြိုခွဲခံရလို့ လူတဦးသေဆုံးခဲ့ပြီး မနေ့က ဖြိုခွဲမှုမှာ အမျိုးသား ၂ ဦး ပေါင်နဲ့ မျက်လုံးကို ဒဏ်ရာရရှိခဲ့ကာ မျက်လုံးကျည်ထိခဲ့တဲ့အမျိုးသား ဒီနေ့သေဆုံးခဲ့တာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မြင်းခြံ #ဖြိုခွဲ #သေဆုံး #မျက်လုံးကျည်ထိမှန်

Related posts

Leave a Comment

VOM News

FREE
VIEW