မနေ့က ပဲခူးမှာ ပစ်ခတ်မှုေတွကြောင့် လူသေဆုံးမှု များခဲ့ပေမယ့် ဒီနေ့ဆန္ဒဆက်ပြ

ပဲခူး-ဧပြီ ၁၀-၂၀၂၁ KLY(VOM) မနေ့မနက်က တပ်နဲ့ရဲရဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှု များခဲ့ပေမယ့်လည်း ပဲခူးမြိုခံ တွေက ဒီနေ့မနက်မှာ ဆက်လက်ဆန္ဒဖော်ထုတ်ပြီး အာဏာရှင်စနစ်အလိုမရှိကြောင်း သဘောထားပြသခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့က မျက်မြင်တွေရဲ့ ပြောဆိုချက်အရ လူသေဆုံးသူအရေအတွက်ဆယ် ဂဏန်းအထက်ရှိနိုင်ပါတယ်။ တပ်နဲ့ရဲအင်အားအများအပြားတိုးချဲ့လို့ ပြေး လွှားတိမ်းရှောင်သူအချို့ရှိပေမယ့် ကနေ့မနက် ဆက်ပြီး ဆန္ဒဖော်ထုတ်ကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပဲခူးမှာ ဧပြီ ၉ ရက်နေ့မနက် ၅ နာရီခန့်ကစတင်ပြီး ပစ်ခတ်‌မှုတွေကြောင့်သေဆုံးသူဦးရေ ဆယ်ဂဏန်းအထက်မှာရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူဦးရေ ၄၀ နီးပါးခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ဧပြီ ၉ ရက်နေ့ကပစ်ခတ်မှုတွေကြောင့် သေဆုံးသူများရဲ့အလောင်းတွေကို ပဲခူးမြို့မှော်ကန် ၁၃ လမ်း၊ ရှင်စောပုဘုရားဝင်းနားမှာ စုပုံထားရှိပြီး ဒေသခံပရဟိတအဖွဲ့တွေနဲ့ သံဃာတော်အချို့က သွားရောက် တောင်းခံခဲ့ပေမယ့် ပြန်မပေးတဲ့ အလောင်း အဲဒီနေရာတင် ဆယ်ဦးနဲ့ ဆယ့်ငါးဦးကြားမှာ…

Read More

စစ်ကိုင်းမြို့ခံတွေက အရုဏ်ဦးသပိတ်ပြုလုပ်

စစ်ကိုင်း၊ ဧပြီ ၁၀- ၂၀၂၁ Photo- CJ စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတော်မှာ စစ်ကိုင်းမြို့ သူ၊ မြို့သားတွေ စုပေါင်းပြီးတော့ ဒီကနေ့မနက်ပိုင်းက အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Sagaing #ဆန္ဒပြ

Read More

ကသာမြို့မှာ ပြောက်ကျားစနစ်နဲ့သာ ဆန္ဒဖော်ထုတ်ခဲ့ရ

ဧပြီ ၁၀-၂၀၂၁ SKT ကသာမြို့မှာ ဆန္ဒဖော်ထုတ်တာကို ဒီကနေ့ ဧပြီလ(၁၀)ရက်မှာတော့ ပြောက်ကျားစနစ်နဲ့သာ ဆန္ဒဖော်ထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ(၉)ရက်နေ့က ဆန္ဒထုတ်ဖော်ပြီးအပြန်မှာ သပိတ်စစ်ကြောင်းရဲ့ အနောက်ဘက်ကနေ စစ်ကား ၊ရဲကားတွေ လက်နက်တွေနဲ့ ရုတ်တရက် ရောက်လာခဲ့တာကြောင့် သပိတ်စစ်ကြောင်းဟာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ မနက်မှာလည်း စုရပ်နေရာတွေမှာ ရဲကား စစ်ကားတွေရှိနေပြီး မြို့တွင်းလှည့်ပတ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်သူတွေဟာ လူစုဖို့ အခက်အခဲရှိနေကာ ဆိုင်ကယ်နဲ့ လှည့်ပတ်ဆန္ဒဖော်ထုတ်ကြရသလို ပြောက်ကျားစနစ်နဲ့ လမ်းလျောက်ချီတက်တာကိုသာ ပြုလုပ်ခဲ့ကြရပါတယ်။ #voiceofmyanmar#VOM #ကသာ

Read More

မြတောင်သပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွဲ၊ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

မန္တလေး၊ ဧပြီ ၁၀- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ မနက်ခင်း အစောပိုင်းအချိန် ဆန္ဒပြထွက်တဲ့ မြတောင်သပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြအဖွဲ့ကို လုံခြုံရေးပေးတဲ့ လူငယ် ၈ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ “သပိတ်စစ်ကြောင်းက စထွက်တုန်းပဲရှိသေးတယ် တာဘောင်ရိုးပေါ်တက်ခါနီး မီးခြစ်စက်ရုံလမ်းထဲမှာ အိမ်စီးကားတွေမောင်းလာပြီး အရပ်ဝတ်တွေနဲ့ လာပြီးတော့ အသံဗုံးတွေဖောက်သွားတာ လုံခြုံရေးပေးတဲ့သူ ၈ ဦးထက်မနည်း ဖမ်းခံရတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ သပိတ်စစ်ကြောင်း စ အထွက်မှာပဲ ကိုတေဇာဆန်းက ဦးဆောင်ခဲ့ပြီးတော့ ခဏအကြာမှာပြန်သွားတာကြောင့် ကိုတေဇာဆန်းကတော့ လွတ်မြောက်သွားတယ်လို့လည်း ပြောပါတယ်။ မန္တလေးမြို့မှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေ အများကြီးရှိတဲ့အထဲက မြတောင်သပိတ်စစ်ကြောင်းဟာ ဖြိုခွင်းခံရမှု အကြိမ်ရေအများဆုံး သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာ မြို့ခံလူငယ်တွေ ဖွဲ့စည်းထားတဲ့ မြတောင်သပိတ်စစ်ကြောင်းအဖွဲ့အပြင် နေ့လည်ပိုင်းမှာတော့ သံဃသမဂ္ဂအဖွဲ့ တစ်ကြိမ် တစ်ရက်ကို…

Read More

မန္တလေးမြို့က စက်မှုစုပေါင်းသပိတ်

ဧပြီ ၁၀-၂၀၂၁ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံမှာ စက်မှုစုပေါင်းသပိတ်စစ်ကြောင်းကနေ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာကို ဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

လားရှိုး နောင်မွန်ရဲစခန်း တိုက်ခိုက်ခံရလို့ ၈ ဦးထက်မနည်းသေဆုံးတယ်လို့ သတင်းထွက်ပေါ်

ဧပြီ-၁၀-၂၀၂၁ Voice Of Myanmar ပြည်ထောင်စုလမ်းမကြီးဘေး လားရှိုးကနေ မန္တလေးဘက်အထွက် နောင်မွန်ရဲစခန်းကို မနက် ၅နာရီဝန်းကျင်က လက်နက်ကိုင်အဖွဲ့တခုကနေဝင်တိုက်လို့ စခန်းမှူးအပါအဝင် ၈ ယောက်ထက်မနည်းကျဆုံးတယ်လို့ ပတ်ဝန်းကျင်ပြောစကားအရ ကနဦးသိရပါတယ်။ လားရှိုးက ရဲတပ်ဖွဲ့ကိုမေးကြည့်တော့ ” မနက်က ဟုတ်ပါတယ်၊ ကျဆုံးစာရင်းအတိကျတော့ စုနေဆဲမို့ အတိကျမထွက်သေးပါဘူး” လို့ပြောပါတယ်။ ဒေသခံတချို့က TNLA က တိုက်တာဖြစ်နိုင်တယ်ဆိုလို့ TNLA ကိုဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့မရသေးပါဘူး။ တချို့ကလည်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး(TNLA)နဲ့ ကိုးကန့် (MNDAA) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် တို့ ၃ဖွဲ့ပေါင်းက ဝင်တိုက်တာလို့ ပြောကြပေမယ့် အတည်ပြုချက်မရနိုင်သေးပါဘူး။ လတ်တလော လားရှိုးဝန်းကျင်မှာ ရဟတ်ယာဉ်တချို့ ပျံသန်းနေတာတွေ့သလို လူမှုရေးအသင်းကားတွေလည်း သွားလာနေပေမယ့် သေဆုံးဒဏ်ရာရစာရင်းကို VOM အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW