မြတောင်သပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွဲ၊ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

မန္တလေး၊ ဧပြီ ၁၀- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ မနက်ခင်း အစောပိုင်းအချိန် ဆန္ဒပြထွက်တဲ့ မြတောင်သပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြအဖွဲ့ကို လုံခြုံရေးပေးတဲ့ လူငယ် ၈ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“သပိတ်စစ်ကြောင်းက စထွက်တုန်းပဲရှိသေးတယ် တာဘောင်ရိုးပေါ်တက်ခါနီး မီးခြစ်စက်ရုံလမ်းထဲမှာ အိမ်စီးကားတွေမောင်းလာပြီး အရပ်ဝတ်တွေနဲ့ လာပြီးတော့ အသံဗုံးတွေဖောက်သွားတာ လုံခြုံရေးပေးတဲ့သူ ၈ ဦးထက်မနည်း ဖမ်းခံရတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သပိတ်စစ်ကြောင်း စ အထွက်မှာပဲ ကိုတေဇာဆန်းက ဦးဆောင်ခဲ့ပြီးတော့ ခဏအကြာမှာပြန်သွားတာကြောင့် ကိုတေဇာဆန်းကတော့ လွတ်မြောက်သွားတယ်လို့လည်း ပြောပါတယ်။

မန္တလေးမြို့မှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေ အများကြီးရှိတဲ့အထဲက မြတောင်သပိတ်စစ်ကြောင်းဟာ ဖြိုခွင်းခံရမှု အကြိမ်ရေအများဆုံး သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

မနက်ခင်းပိုင်းမှာ မြို့ခံလူငယ်တွေ ဖွဲ့စည်းထားတဲ့ မြတောင်သပိတ်စစ်ကြောင်းအဖွဲ့အပြင် နေ့လည်ပိုင်းမှာတော့ သံဃသမဂ္ဂအဖွဲ့ တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ်နေ့စဥ်ပုံမှန် ဆန္ဒပြ ချီတက်နေကြတာ ဖြစ်ပါတယ်။

Photo-CJ

#VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #မြတောင် #သပိတ်စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW