ကသာမြို့မှာ ပြောက်ကျားစနစ်နဲ့သာ ဆန္ဒဖော်ထုတ်ခဲ့ရ

ဧပြီ ၁၀-၂၀၂၁
SKT

ကသာမြို့မှာ ဆန္ဒဖော်ထုတ်တာကို ဒီကနေ့ ဧပြီလ(၁၀)ရက်မှာတော့ ပြောက်ကျားစနစ်နဲ့သာ ဆန္ဒဖော်ထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၉)ရက်နေ့က ဆန္ဒထုတ်ဖော်ပြီးအပြန်မှာ သပိတ်စစ်ကြောင်းရဲ့ အနောက်ဘက်ကနေ စစ်ကား ၊ရဲကားတွေ လက်နက်တွေနဲ့ ရုတ်တရက် ရောက်လာခဲ့တာကြောင့် သပိတ်စစ်ကြောင်းဟာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့ မနက်မှာလည်း စုရပ်နေရာတွေမှာ ရဲကား စစ်ကားတွေရှိနေပြီး မြို့တွင်းလှည့်ပတ်နေတဲ့အတွက်
ဆန္ဒထုတ်ဖော်သူတွေဟာ လူစုဖို့ အခက်အခဲရှိနေကာ ဆိုင်ကယ်နဲ့ လှည့်ပတ်ဆန္ဒဖော်ထုတ်ကြရသလို
ပြောက်ကျားစနစ်နဲ့ လမ်းလျောက်ချီတက်တာကိုသာ
ပြုလုပ်ခဲ့ကြရပါတယ်။

#voiceofmyanmar#VOM #ကသာ

Related posts

✕
VOM News

FREE
VIEW