မနေ့က ဗဟိုလမ်းနဲ့လှည်းတန်းစင်တာတွင် ဗုံးတွေ့ရှိပြိးနောက် ပြည်သူ ၁၅ဦး ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၊၂၀၂၁
KK(VOM)
 
မနေ့က ကမာရွတ်မြို့နယ် ၃ရပ်ကွက် ဗဟိုလမ်းနဲ့လှည်းတန်းစင်တာမှာဗုံးတွေ့ရှိပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ညပိုင်းမှာ ပြည်သူ၁၅ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
 
မနေ့နေ့လယ်ပိုင်းက ၃ရပ်ကွက် BRBမှတ်တိုင် သုစိတ္တာရုံကျောင်းတိုက်အနီးတွင် ဗုံးတစ်လုံးတွေ့ရှိခဲ့ရာက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များဟာ လုံခြုံရေးအင်အားတိုးမြှင့်၍ ညနေပိုင်းမှာ အမျိုးသားငါးဦးကို စတင်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
“အဲ့လိုဖမ်းပြီးမကြာဘူး ည၇နာရီလောက်မှာ လှည်းတန်းစင်တာမှာဗုံးတွေ့တယ်ဆိုပြီး ပြောလို့အရင်ကထက်ပိုပြီး ရဲတွေစစ်သားတွေအင်အားများလာတယ် ​ပြီးတော့ရပ်ကွက်ထဲမွှေတော့တာပဲ”ဟု သူကရှင်းပြပါတယ်။
 
ရဲတပ်ဖွဲ့ဝင်များနဲ့စစ်တပ်မှကားများရောက်လာချိန်တွင် ဗဟိုလမ်းပေါ်ရှိ အမျိုးသားခြောက်ဦးနဲ့BRBဆိုက်ကားဂိတ်မှအမျိုးသားနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များဟာ ည၁၂နာရီချိန်တွင်ထပ်မံရောက်ရှိလာပြီး မြမာလာလမ်းမှ အမျိုးသားတစ်ဦးနဲ့ရတနာလမ်းမှ အမျိုးသားတစ်ဦးကိုထပ်မံလာရောက်ဖမ်းဆီးခဲ့တယ်လို့ မြမာလာလမ်းမှ ပြည်သူတစ်ဦးကပြောပါတယ်။
 
မနေ့က ကမာရွတ်မြို့နယ် ၃ရပ်ကွက်ဗဟိုလမ်းနဲ့လှည်းတန်းစင်တာမှာ ဗုံးတွေ့ရှိမှုပြီးနောက် စုစုပေါင်းဖမ်းဆီးခံရသူပြည်သူ၁၅ဦးရှိပြီး ဖမ်းဆီးခံရတဲ့အကြောင်းအရင်းမသိတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူပန်နေကြတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ကမာရွတ်

Related posts

Leave a Comment

VOM News

FREE
VIEW